Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 10:2

Common Language Bible

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လိုက်​၍​မီ​သော အ​ခါ ရှော​လု​၏​သား​များ​ဖြစ်​ကြ​သော ယော​န​သန်၊ အ​ဘိ​န​ဒပ်​နှင့်​မေ​လ​ခိ​ရွှ တို့​ကို​ကွပ်​မျက်​ပစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ယော​ရှိ​နန်း​စံ​ချိန်​၌​အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည် အာ​ရှု​ရိ​ဘု​ရင်​ကို​စစ်​ကူ​ပေး​ရန်​တပ်​မ​တော် နှင့်​ဥ​ဖ​ရတ်​မြစ်​သို့​ချီ​တက်​လာ​၏။ ယော​ရှိ​မင်း သည်​အီ​ဂျစ်​တပ်​မ​တော်​ကို​မေ​ဂိဒ္ဒေါ​မြို့​တွင် ဆီး တား​ရန်​ကြိုး​စား​ရာ​စစ်​ပွဲ​တွင်​ကျ​ဆုံး​တော် မူ​၏။-

ဇေ​ဒ​ကိ​၏​သား​များ​ကို​ဖ​ခင်​၏​မျက်​မှောက်​၌ ကွပ်​မျက်​ပြီး​လျှင် ဇေ​ဒ​ကိ​၏​မျက်​စိ​များ​ကို ဖောက်​၍​သူ့​အား​သံ​ကြိုး​များ​ဖြင့်​ချည်​နှောင် ကာ​ဗာ​ဗု​လုန်​ပြည်​သို့​ဖမ်း​ဆီး​သွား​လေ သည်။

တိုက်​ပွဲ​သည်​ရှော​လု​၏​ပတ်​လည်​တွင်​ပြင်း ထန်​လှ​သ​ဖြင့် ရှော​လု​သည်​ရန်​သူ​များ​၏ မြား​ချက်​ဖြင့်​ပြင်း​စွာ​ဒဏ်​ရာ​ရ​လေ​၏။-

နေ​ရ၏သား​သည်​ကိ​ရှ၊ ကိ​ရှ​၏သား​မှာ ရှော​လု​ဖြစ်​၏။ ရှော​လု​တွင်​ယော​န​သန်၊ မေ​လ​ခိ​ရွှ၊ အ​ဘိ​နာ​ဒပ်၊ ဣ​ရှ​ဗာ​လ​ဟူ​၍ သား​လေး​ယောက်​ရှိ​၏။-

နေ​ရ​၏​သား​သည်​ကိ​ရှ၊ ကိ​ရှ​၏​သား​သည် ရှော​လု​ဖြစ်​၏။ ရှော​လု​တွင်​ယော​န​သန်၊ မေ​လ ခိ​ရွှ၊ အ​ဘိ​နာ​ဒပ်၊ ဣ​ရှ​ဗာ​လ​ဟူ​၍​သား လေး​ယောက်​ရှိ​၏။-

ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၍ ငါ​နှင့်​ပြိုင်​ဘက်​ဟူ​၍​မ​ရှိ​စေ​ရ။ ထို့​ကြောင့် ရုပ်​တု​ကို​ဦး​မ​ချ၊ ဝတ်​မ​ပြု​ရ။ ငါ့​ကို​မုန်း​သော သူ​ကို သား​သ​မီး၊ မြေး၊ မြစ်​တိုင်​အောင်​ဒဏ်​ခတ် မည်။-

ရှော​လု​၏​သား​တော်​များ​ကား​ယော​န​သန်၊ ဣ​ရွှိ၊ မေ​လ​ခိ​ရွှ​တည်း။ သူ​၏​သ​မီး​တော်​အ​ကြီး​သည် မေ​ရပ်​ဟု​နာ​မည်​တွင်​၍ သ​မီး​တော်​အ​ငယ်​မှာ မိ​ခါ​လ​ဟု​နာ​မည်​တွင်​လေ​သည်။-

ယော​န​သန်​က​လူ​ငယ်​အား``ဘု​ရား​မဲ့​သူ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​ကို ငါ​တို့​ဝင်​ရောက်​ကြ​စို့။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​အား​ကူ​မ​ကောင်း​ကူ​မ​လိမ့်​မည်။ အ​ကယ်​၍​ကိုယ်​တော်​ကူ​မ​တော်​မူ​ပါ​လျှင် ငါ​တို့​သည်​အ​ဘယ်​မျှ​ပင်​အ​ရည်​အ​တွက် အား​ဖြင့်​နည်း​သော်​လည်း​အောင်​ပွဲ​ကို​ရ​ရှိ ကြ​မည်'' ဟု​ဆို​၏။

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရှော​လု​၏​သား များ​ဖြစ်​ကြ​သော​ယော​န​သန်၊ အ​ဘိ​န​ဒပ် နှင့်​မေ​လ​ခိ​ရွှ​တို့​ကို လိုက်​၍​မီ​သ​ဖြင့် သတ်​ဖြတ်​လိုက်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ