၁ ရာချုပ် 10:12Common Language Bibleသူရဲကောင်းအပေါင်းတို့သည်သွား၍ ရှောလု မင်းနှင့်သားတို့၏အလောင်းများကိုယာဗက် မြို့သို့ယူဆောင်ခဲ့ကြ၏။ ထိုနောက်အရိုးတို့ကို ဝက်သစ်ချပင်အောက်တွင်သင်္ဂြိုဟ်ကြပြီးလျှင် ခုနစ်ရက်တိုင်တိုင်အစာရှောင်ကြကုန်၏။ အခန်းကိုကြည့်ပါ။ |
နောက်တစ်လခန့်ကြာသောအခါ အမ္မုန်ဘုရင် နာဟတ်သည်စစ်သည်အလုံးအရင်းနှင့်ဂိလဒ် ပြည်ယာဗက်မြို့သို့ချီတက်လာ၏။ သူတို့သည် မြို့ကိုဝိုင်းရံထားသဖြင့် ယာဗက်မြို့သားတို့ ကနာဟတ်အား``အကျွန်ုပ်တို့နှင့်မဟာမိတ် စာချုပ်ချုပ်ဆိုပါက အကျွန်ုပ်တို့သည်အရှင် ၏သစ္စာတော်ကိုခံယူပါမည်'' ဟုလျှောက် ထားကြ၏။