သူတို့သည်ရှောလု၏လက်နက်များကို မိမိတို့၏ဘုရားကျောင်းတွင်ထား၍ သူ ၏ဦးခေါင်းကိုဒါဂုန်ဗိမာန်တွင်ချိတ်ဆွဲ ထားကြ၏။-
ရှောလုအားဖိလိတ္တိအမျိုးသားတို့အဘယ် သို့ပြုကျင့်ကြသည်ကို ဂိလဒ်ပြည်ယာဗက် မြို့သားတို့ကြားလျှင်။-
သူတို့သည်ရှောလု၏ဦးခေါင်းကိုဖြတ်၍ အဝတ်တန်ဆာများကိုချွတ်ပစ်ကြ၏။ ထို နောက်စေတမန်တို့အားရှောလု၏ဦးခေါင်း နှင့်လက်နက်များကိုယူဆောင်၍ ဖိလိတ္တိ ပြည်ကိုလှည့်လည်ကာမိမိတို့အမျိုး သားများနှင့်ရုပ်တုများရှိရာအရပ် များတွင်သတင်းကောင်းကိုကြေညာ စေကြ၏။-
ထိုနောက်သူတို့သည်အဆိုပါလက်နက် တန်ဆာများကို အရှတရက်နတ်သမီး ၏ဝတ်ကျောင်းတွင်ထားရှိ၍ရှောလု၏ အလောင်းကိုမူဗက်ရှန်မြို့ရိုးတွင်ဆွဲ ထားကြ၏။