ယာဖက်၏သားများဖြစ်ကြသော ဂေါမာ၊ မာ ဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှကနှင့်တိ ရတ်တို့သည်မိမိတို့နာမည်အသီးသီးကို ဆောင်ကုန်သောအမျိုးသားတို့၏ဘိုးဘေး များဖြစ်ကြ၏။-
လာမက်၏သားသည်နောဧဖြစ်၍နောဧတွင် ရှေမ၊ ဟာမ၊ ယာဖက်ဟူသောသားသုံးယောက် ရှိ၏။
ဂေါမာမှဆင်းသက်လာသူများမှာအာရှ ကေနတ်၊ ရိဖတ်နှင့်တောဂါမအမျိုးသား များဖြစ်သတည်း။-
သင်တို့နှင့်ငါနေရသည်မှာမေရှက်ပြည်၌ နေထိုင်ရသကဲ့သို့လည်းကောင်း၊ ကေဒါ အမျိုးသားများနှင့်အတူ နေထိုင်ရသကဲ့သို့လည်းကောင်းဆိုးရွားပါ၏။
ယာဝန်မြို့၊ တုဗလမြို့နှင့်မေရှက်မြို့တို့ တွင်သင်၏ကုန်စည်များကိုကျွန်များ၊ ကြေး နီအိုးများနှင့်လဲလှယ်၏။-
ဂေါမာပြည်မြောက်ဘက်တွင်ရှိသောတော ဂါမပြည်နှင့်အခြားတိုင်းပြည်များမှ၊ စစ်သည်တပ်သားအပေါင်းတို့သည်သူ နှင့်အတူလိုက်ပါလာကြ၏။-
အရှင်ထာဝရဘုရားက``အချင်းလူသား၊ မေရှက်နှင့်တုဗလလူမျိုးတို့၏အကြီး ဆုံးမင်းဖြစ်သူဂေါဂအားရှုတ်ချလော့။ ငါသည်သူ၏ရန်သူဖြစ်ကြောင်းဆင့်ဆို လော့။-