Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 9:9

Common Language Bible

ရှော​လု​က​လည်း``ကောင်း​ပြီ။ ငါ​တို့​သွား​ကြ​စို့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​သူ​တော်​စင်​နေ ထိုင်​ရာ​မြို့​သို့​သွား​ကြ​၏။ မြို့​တည်​ရာ​တောင်​ကုန်း ကို​တက်​၍​သွား​ကြ​စဉ် သူ​တို့​သည်​လမ်း​တွင်​ရေ ခပ်​ရန်​လာ​သော​အ​မျိုး​သ​မီး​က​လေး​အ​ချို့​နှင့် တွေ့​သ​ဖြင့်``ထို​မြို့​ထဲ​၌​ရှေ့​ဖြစ်​ကို​ဟော​နိုင်​သူ ရှိ​ပါ​၏​လော'' ဟု​မေး​မြန်း​စုံ​စမ်း​ကြ​၏။ (ထို​ခေတ်​အ​ခါ​က​ပ​ရော​ဖက်​အား​ရှေး​ဖြစ်​ကို ဟော​နိုင်​သူ​ဟု​ခေါ်​ဝေါ်​ကြ​၏။ သို့​ဖြစ်​၍​လူ တစ်​ဦး​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ လျှောက်​ထား​မေး​မြန်း​လို​သော​အ​ခါ``ရှေ့​ဖြစ် ကို​ဟော​နိုင်​သူ​ထံ​သို့​ငါ​တို့​သွား​ကြ​ကုန် အံ့'' ဟု​ဆို​လေ့​ရှိ​သ​တည်း။)

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သူ​၏​ပဋိ​သန္ဓေ​မှာ​က​လေး​အ​မြွှာ​တည်​၍​ထို က​လေး​တို့​သည်​မ​မွေး​ဖွား​မီ​က အ​မိ​၏​ဝမ်း ထဲ​မှာ​အ​ချင်း​ချင်း​အား​ပြိုင်​ကြ​၏။ ထို​အ​ခါ ရေ​ဗက္က​က``ကျွန်​မ​တွင်​အ​ဘယ်​ကြောင့်​ဤ​သို့ ဖြစ်​ရ​သ​နည်း'' ဟု​ဆို​၍​ထာ​ဝ​ရ​ဘု​ရား ထံ​လျှောက်​ထား​လေ​သည်။

ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​၏​ပု​ရော​ဟိတ် ဖြစ်​သူ​ပ​ရော​ဖက်​ဂဒ်​အား``သင်​သည်​ဒါ​ဝိဒ် ထံ​သို့​သွား​လော့။ ငါ​ပြု​ရန်​ရှိ​သည့်​အ​မှု သုံး​ခု​အ​နက်​သူ​ကြိုက်​နှစ်​သက်​ရာ​တစ်​ခု ကို​ရွေး​ချယ်​နိုင်​ကြောင်း​ပြော​ကြား​လော့။ သူ ရွေး​ချယ်​ရာ​ကို​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။ နောက်​တစ်​နေ့​နံ​နက်​အ​ချိန်​ဒါ​ဝိဒ်​အိပ်​ရာ မှ​ထ​တော်​မူ​သော​အ​ခါ၊-

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​စေ​တ​မန်​များ နှင့်​ပ​ရော​ဖက်​တို့​ကို​စေ​လွှတ်​၍ ဣသ​ရေ​လ အ​မျိုး​သား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ ကို​သ​တိ​ပေး​တော်​မူ​၏။ ကိုယ်​တော်​က``သင်​တို့ သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​သော​အ​ကျင့်​တို့​ကို ရှောင်​ရှား​ကြ​လော့။ သင်​တို့​ဘိုး​ဘေး​များ​နှင့် ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သင်​တို့​အား၊ ငါ​ပေး​အပ်​သည့်​ပ​ညတ်​တော် တွင်​ပါ​ရှိ​သော​ငါ​၏​အ​မိန့်​တော်​ကို​နာ​ခံ ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​၏ ပ​ရော​ဖက်​ဖြစ်​သူ​ဂဒ်​အား၊-

ရှေ​လော​မိတ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ပ​ရော​ဖက်​ရှ​မွေ​လ၊ ရှော​လု​မင်း၊ နေ​ရ​၏​သား အာ​ဗ​နာ​နှင့်​ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​တို့​ယူ ဆောင်​လာ​သော လှူ​ဖွယ်​ပစ္စည်း​များ​အ​ပါ​အ​ဝင် ဗိ​မာန်​တော်​တွင် အ​သုံး​ပြု​ရန်​ဆက်​ကပ်​လေ သ​မျှ​သော​အ​ရာ​တို့​ကို​တာ​ဝန်​ယူ​၍​ထိန်း သိမ်း​ရ​ကြ​၏။

ဒါ​ဝိဒ်​မင်း​၏​ရာ​ဇ​ဝင်​ကို​အ​စ​မှ​အ​ဆုံး​တိုင် အောင်​ရှ​မွေ​လ၊ နာ​သန်​နှင့်​ဂဒ်​ဟူ​သော​ပ​ရော ဖက်​သုံး​ပါး​တို့​၏​မှတ်​တမ်း​များ​တွင်​ရေး​မှတ် ၍​ထား​၏။-

အ​ဝင်​ဝ​နှင့်​တံ​ခါး​ပေါက်​များ​အ​တွက် အ​စောင့်​တပ်​သား​များ​အ​ဖြစ် ရွေး​ချယ်​ခန့် ထား​ခြင်း​ခံ​ရ​သူ​များ​မှာ လူ​ပေါင်း​နှစ်​ရာ တစ်​ဆယ့်​နှစ်​ယောက်​ရှိ​သ​တည်း။ ထို​သူ​တို့ အား​မိ​မိ​တို့​နေ​ထိုင်​ရာ​ရပ်​ရွာ​များ​အ​လိုက် မှတ်​တမ်း​တင်​ထား​၏။ သူ​တို့​၏​ဘိုး​ဘေး​များ အား​ဤ​သို့​တာ​ဝန်​ရှိ​သည့်​အ​လုပ်​ကို​ပေး အပ်​ခဲ့​သူ​များ​မှာ​ဒါ​ဝိဒ်​မင်း​နှင့်​ပ​ရော ဖက်​ရှ​မွေ​လ​တို့​ဖြစ်​၏။-

ထို​စ​ကား​ကြောင့်​အာ​သ​သည်​ပ​ရော​ဖက် အား​အ​မျက်​ထွက်​၍ သံ​ကြိုး​များ​နှင့်​ချည် နှောင်​ထား​စေ​၏။ ဤ​အ​ချိန်​၌​အာ​သ​သည် ပြည်​သူ​အ​ချို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​စ​ပြု လေ​သည်။

ထို​အ​ချိန်​၌​ပ​ရော​ဖက်​ဟာ​နန်​သည်​အာ​သ မင်း​ထံ​သို့​သွား​၍``ဘု​ရင်​မင်း​သည်​မိ​မိ​၏ ဘု​ရား​သ​ခင်​ကို​အား​ကိုး​မည့်​အ​စား​ရှု​ရိ မင်း​ကို​အား​ကိုး​သည်​ဖြစ်​၍​ဣ​သ​ရေ​လ ၏​တပ်​မ​တော်​သည်​ဘု​ရင်​မင်း​၏​လက်​မှ​လွတ် မြောက်​သွား​လေ​ပြီ။-

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​အ​လွယ် တ​ကူ​အိပ်​မော​ကျ​၍​သွား​စေ​တော်​မူ​လိမ့် မည်။ ပ​ရော​ဖက်​များ​သည်​လူ​တို့​၏​မျက်​စိ များ​ဖြစ်​သင့်​သော်​လည်း​ဘု​ရား​သ​ခင်​သည် သူ​တို့​၏​မျက်​စိ​များ​ကို​ဖုံး​ပိတ်​၍​ထား တော်​မူ​၏။-

ပ​ရော​ဖက်​များ​ကို​လည်း​ဆိတ်​ဆိတ်​နေ​ရန် ပြော​ဆို​ကြ​၏။ သူ​တို့​က``ငါ​တို့​အား​အ​မှန် တ​ရား​ကို​မ​ပြော​ကြ​နှင့်။ ငါ​တို့​ကြား​လို သော​စကား​ကို​ပြော​ကြ​လော့။ ငါ​တို့​အား မိ​မိ​တို့​၏​လွဲ​မှား​သော​အ​ထင်​အ​မြင် အ​ယူ​အ​ဆ​များ​နှင့်​ပင်​ရှိ​နေ​စေ​ကြ လော့။-

ယင်း​နောက်​အာ​မ​ဇိ​က​အာ​မုတ်​အား``တန် တော့​ပ​ရော​ဖက်၊ ဆက်​မ​ဟော​နှင့်၊ ယု​ဒ​နိုင်​ငံ သို့​ပြန်​သွား​ပြီး​ထို​ပြည်​၌​သာ​ပ​ရော​ဖက် လုပ်​စား​လော့။-

ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​မျက်​စိ​သာ​လျှင် ဖြစ်​ပါ​က​အ​ဘယ်​သို့​ကြား​နိုင်​မည်​နည်း။ ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​နား​သာ​လျှင် ဖြစ်​ပါ​မူ​အ​ဘယ်​သို့​အ​နံ့​ခံ​နိုင်​မည်​နည်း။-

ယော​ရှု​ကွယ်​လွန်​သွား​သော​အ​ခါ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​က``မည်​သည့်​အ​နွယ်​ဝင်​သည် ခါ​နာန်​ပြည်​သား​တို့​အား ဦး​စွာ​ပ​ထ​မ​သွား ရောက်​တိုက်​ခိုက်​ရ​ပါ​မည်​နည်း'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​မေး​လျှောက်​ကြ​၏။

ထို​အ​ခါ​သူ​တို့​က``ငါ​တို့​သည်​ဤ​ခ​ရီး​တွင် အောင်​မြင်​မှု​ရှိ​မည်​မ​ရှိ​မည်​ကို ဘု​ရား​သ​ခင် အား​ကျေး​ဇူး​ပြု​၍​လျှောက်​ထား​မေး​မြန်း ပေး​ပါ'' ဟု​ဆို​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ