Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 9:26

Common Language Bible

ရှော​လု​သည်​လည်း​အိပ်​ရာ​တွင်​အိပ်​လေ​၏။ အ​ရုဏ်​တက်​ချိန်​၌​ရှ​မွေ​လ​သည်​အိမ်​ခေါင်​မိုး​ထက် တွင်​ရှိ​သော​ရှော​လု​အား``ထ​လော့။ သင်​အိမ်​ပြန်​ရန် ခ​ရီး​လမ်း​သို့​ငါ​ပို့​ဆောင်​ပေး​အံ့'' ဟု​အော်​၍​ပြော သော​အ​ခါ​ရှော​လု​သည်​အိပ်​ရာ​မှ​ထ​လေ​၏။ ထို နောက်​သူ​နှင့်​ရှ​မွေ​လ​တို့​သည်​အ​တူ​တ​ကွ​ထွက် သွား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​လော​တ​သည် မိ​မိ​၏​သ​မက်​လောင်း​များ​ထံ​သို့​သွား​၍``ဤ​အ​ရပ်​မှ​အ​မြန်​ထွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​မြို့​ကို​ဖျက်​ဆီး​တော်​မူ​မည်'' ဟု​တိုက်​တွန်း​လေ​၏။ သို့​ရာ​တွင်​သ​မက်​လောင်း​တို့​သည် လော​တ​ကျီ​စား​ပြော​နေ​သည်​ဟု​ထင်​မှတ်​ကြ​လေ​သည်။

သူ​တို့​သည်​မြို့​နှင့်​မ​လှမ်း​မ​ကမ်း​သော​အ​ရပ် သို့​ရောက်​ကြ​သော​အ​ခါ​ယော​သပ်​က သူ​၏​အိမ် တော်​ဝန်​အား``ထို​သူ​တို့​နောက်​သို့​အမြန်​လိုက်​လော့။ သူ​တို့​ကို​မီ​သော​အ​ခါ`သင်​တို့​သည်​အ​ဘယ် ကြောင့်​ကျေး​ဇူး​ရှင်​ကို​ကျေး​စွပ်​ရ​သ​နည်း။-

ထ​လော့၊ လူ​တို့​ကို​သန့်စင်​ခြင်း​ဝတ်​ပြု​စေ ပြီး​လျှင် နက်​ဖြန်​နေ့​၌​ငါ​၏​ရှေ့​တော်​သို့ ဝင်​ရန်​အ​သင့်​ရှိ​ကြ​စေ။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ဤ​သို့​မိန့်​တော်​မူ​ကြောင်း​ပြော​ကြား လော့။ `ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့၊ ဖျက်​ဆီး​ပစ်​ရ​မည်​ဟု​ငါ​ပ​ညတ်​ထား သော​ပစ္စည်း​အ​ချို့​သင်​တို့​တွင်​ရှိ​၏။ ထို​ပစ္စည်း များ​ကို​သင်​တို့​မ​ဖျက်​ဆီး​သ​မျှ​ကာ​လ ပတ်​လုံး​သင်​တို့​သည်​ရန်​သူ​များ​ကို​မ​ခံ မ​ရပ်​နိုင်။-

သူ​က``ထ​လော့၊ ငါ​တို့​သွား​ကြ​စို့'' ဟု​ဆို​သော် လည်း​မည်​သည့်​အ​ဖြေ​ကို​မျှ​မ​ရ​ချေ။ သို့ ဖြစ်​၍​သူ​သည်​သူ​ငယ်​မ​၏​ရုပ်​အ​လောင်း ကို​မြည်း​ပေါ်​တွင်​တင်​၍​အိမ်​သို့​ပြန်​လေ​၏။-

သူ​တို့​သည်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​မှ​မြို့ သို့​ပြန်​၍​ဆင်း​သွား​ကြ​သော​အ​ခါ ရှော​လု အ​တွက်​အိမ်​ခေါင်​မိုး​ပေါ်​တွင် အိပ်​ရာ​တစ်​ခု​ကို​ခင်း​ပေး​ကြ​၏။-

သူ​တို့​သည်​မြို့​စွန်​မြို့​ဖျား​သို့​ရောက်​သော​အ​ခါ ရှ​မွေ​လ​သည်​ရှော​လု​အား``သင်​၏​အ​စေ​ခံ​ကို​ငါ တို့​ရှေ့​က​သွား​နှင့်​ရန်​ပြော​ကြား​လော့'' ဟု​ဆို​၏။ အ​စေ​ခံ​သည်​လည်း​သွား​နှင့်​၏။ ထို​အ​ခါ​ရှ​မွေ​လ က``ဤ​တွင်​ခေတ္တ​ရပ်​နား​လော့။ ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​သင့်​အား​ငါ​ဖော်​ပြ​ပေ​အံ့'' ဟု ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ