Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 8:9

Common Language Bible

သို့​ဖြစ်​၍​သူ​တို့​ပြော​သော​စ​ကား​ကို​နား ထောင်​လော့။ သို့​သော်​ဘု​ရင်​အုပ်​စိုး​သော​အ​ခါ ဘု​ရင်​တို့​၏​ကျင့်​ထုံး​ကျင့်​နည်း​တို့​ကို​ပြော ပြ​၍​ကြပ်​တည်း​စွာ​သ​တိ​ပေး​လော့'' ဟု မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​၏​ဘိုး​ဘေး​များ​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က ငါ​သည်​သူ​တို့ အား​ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​ရန်​ကြပ် တည်း​စွာ​သ​တိ​ပေး​ခဲ့​၏။ ယ​နေ့​ထိ​တိုင် အောင်​ဆက်​လက်​၍​သ​တိ​ပေး​၏။-

ငါ​က​မ​ကောင်း​မှု​ပြု​သူ​တစ်​စုံ​တစ်​ယောက် သည်​သေ​ရ​လိမ့်​မည်​ဟု​ဆို​သော်​လည်း​ထို​သူ မ​သေ​ရ​လေ​အောင် သင်​သည်​သူ​၏​လမ်း​စဉ်​ကို ပြင်​ဆင်​ရန်​သ​တိ​မ​ပေး​ဘဲ​နေ​ပါ​မူ ထို​သူ သည်​မိ​မိ​ကူး​လွန်​သည့်​အ​ပြစ်​အ​တွက်​သေ ရ​လိမ့်​မည်။ ထို​အ​ခါ​ထို​သူ​သေ​ရ​သည့်​အ တွက်​သင့်​မှာ​တာ​ဝန်​ရှိ​သည်။-

ငါ​၏​လူ​မျိုး​တော်​ဝင်​တို့​ပိုင်​မြေ​ယာ​များ ကို​သိမ်း​ယူ​ခြင်း​အား​ဖြင့် သူ​တို့​အား​မ နှင်​ထုတ်​နိုင်​စေ​ရန်​မင်း​သား​သည်​မိ​မိ​၏ သား​တို့​အား​မိ​မိ​ပိုင်​မြေ​ယာ​မှ​သာ​ပေး ရ​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​ပိုင် မြေ​မှ​မ​ခွဲ​ခွာ​စေ​ရ'' ဟု​မိန့်​တော်​မူ​၏။

ရှ​မွေ​လ​သည်​မင်း​ကျင့်​တ​ရား​များ​နှင့် ဘု​ရင့် ရ​ပိုင်​ခွင့်​များ​ကို လူ​တို့​အား​ရှင်း​လင်း​ဖော် ပြ​၏။ ထို​နောက်​ထို​အ​ရာ​များ​ကို​စာ​အုပ် တွင်​ရေး​မှတ်​ကာ သန့်​ရှင်း​ရာ​ဌာ​န​တွင်​သိမ်း ဆည်း​ထား​၏။ ထို​နောက်​သူ​သည်​လူ​တို့​အား မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး​သို့​ပြန်​စေ​၏။-

ထို​နောက်​ရှ​မွေ​လ​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား``ငါ​သည်​သင်​တို့​တောင်း​ဆို သည့်​အ​တိုင်း​သင်​တို့​အား​ဘု​ရင်​ကို​ခန့် အပ်​ပေး​သ​ဖြင့်၊-

ရှော​လု​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ဖိလိတ္တိ​အ​မျိုး​သား​တို့​နှင့်​အ​ပြင်း​အ​ထန်​တိုက် ပွဲ​ဝင်​ခဲ့​ရ​၏။ ထို့​ကြောင့်​သူ​သည်​ခွန်​အား​ကြီး သူ​သို့​မ​ဟုတ်​ရဲ​စွမ်း​သတ္တိ​ရှိ​သူ​ကို​တွေ့​ရှိ​ရ သည့်​အ​ခါ​တိုင်း မိ​မိ​၏​တပ်​မ​တော်​တွင်​ဝင် ရောက်​အ​မှု​ထမ်း​စေ​တော်​မူ​၏။

လူ​တို့​ထံ​မှ​ယဇ်​ပု​ရော​ဟိတ်​တို့​တောင်း​ဆို​ပိုင်​ခွင့် နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လည်း​ကောင်း ပ​မာ​ဏ​မ​ပြု​ဘဲ​ယဇ်​ပူ​ဇော်​နေ​သူ​ထံ​သို့ မိ​မိ တို့​၏​အ​စေ​ခံ​ကို​သုံး​ခွ​ခက်​ရင်း​နှင့်​စေ​လွှတ် တတ်​ကြ​၏။ ထို​အ​စေ​ခံ​သည်​အိုး​ကင်း​တွင် ချက်​ပြုတ်​နေ​ဆဲ​အ​သား​ကို၊-

သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ ချိန်​မှ ယ​နေ့​တိုင်​သူ​တို့​သည်​ငါ့​ကို​ကျော ခိုင်း​ကာ​အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ကြ​၏။ သူ​တို့​သည်​ငါ့​အား အ​စဉ် ပြု​ခဲ့​သည့်​အ​တိုင်း​ယ​ခု​အ​ခါ​သင့်​ကို ပြု​ကြ​ခြင်း​သာ​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ