Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 7:9

Common Language Bible

ရှ​မွေ​လ​သည်​သိုး​ငယ်​တစ်​ကောင်​ကို​သတ်​၍ တစ်​ကောင်​လုံး​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ကာ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ကယ်​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထနာ ပြု​ရာ​ကိုယ်​တော်​သည်​နား​ညောင်း​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ဒုက္ခ​ရောက်​ချိန်​၌​ငါ့​အား​ပတ္ထ​နာ​ပြု​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကယ်​မည်။ သင်​တို့​သည်​လည်း​ငါ့​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ကိုယ်​တော်​၏ ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​၏။ ရှ​မွေ​လ​သည်​လည်း​ကိုယ်​တော်​အား​ဆု​တောင်း ပတ္ထ​နာ​ပြု​သူ​တစ်​ဦး​ဖြစ်​ပေ​သည်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပတ္ထနာ​ပြု​သော​အ​ခါ​ကိုယ်​တော် သည် နား​ညောင်း​တော်​မူ​၏။

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``အ​ကယ် ၍​မော​ရှေ​နှင့်​ရှ​မွေ​လ​တို့​ဤ​တွင်​ရပ်​လျက် ငါ့ အား​တောင်း​ပန်​လျှောက်​လဲ​ကြ​စေ​ကာ​မူ ငါ သည်​ဤ​သူ​တို့​အား​က​ရု​ဏာ​ပြ​လိမ့်​မည် မ​ဟုတ်။ သူ​တို့​အား​ငါ​၏​ရှေ့​မှောက်​မှ​ထွက် ခွာ​သွား​စေ​ရန်​နှင်​ထုတ်​လော့။-

ငါ​က`အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​မ​ဟာ တန်​ခိုး​တော်​နှင့်​လက်​ရုံး​တော်​အား​ဖြင့် အီ​ဂျစ် ပြည်​မှ​ကယ်​တင်​ထုတ်​ဆောင်​ခဲ့​သော​ကိုယ်​တော် ၏​လူ​မျိုး​တော်​ကို သုတ်​သင်​ဖျက်​ဆီး​တော် မ​မူ​ပါ​နှင့်။-

သို့​ဖြစ်​၍​သင်​တို့​အ​ချင်း​ချင်း​မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​၍ အ​ချင်း​ချင်း အ​တွက်​ဆု​တောင်း​သ​ဖြင့်​သင်​တို့​၏​ရော​ဂါ များ​ပျောက်​ကင်း​လိမ့်​မည်။ သူ​တော်​ကောင်း​၏ ဆု​တောင်း​ပတ္ထ​နာ​သည်​အ​လွန်​တန်​ခိုး​ပါ​၏။-

ဤ​တောင်​ပူ​စာ​ထိပ်​တွင်​သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​တွက် ယဇ်​ပလ္လင်​ကို​အ​ခိုင် အ​မာ​တည်​ဆောက်​လော့။ ထို​နောက်​ဒု​တိ​ယ​နွား ထီး​ကို​ယူ​ပြီး​လျှင်​သင်​ခုတ်​လှဲ​ထား​သည့် အာ ရှ​ရ​နတ်​သ​မီး​၏​အ​မှတ်​လက္ခ​ဏာ​ကို​ထင်း အ​ဖြစ်​အ​သုံး​ပြု​၍​မီး​ရှို့​ပူ​ဇော်​လော့'' ဟု မိန့်​တော်​မူ​၏။-

နောက်​တစ်​နေ့​နံ​နက်​စော​စော​မြို့​သား​တို့​နိုး​ထ ကြ​သော​အ​ခါ သူ​တို့​သည်​ဗာလ​ဘု​ရား​၏​ယဇ် ပလ္လင်​နှင့်​အာ​ရှ​ရ​နတ်​သ​မီး​၏ အ​မှတ်​လက္ခ ဏာ​သစ်​ပင်​တို့​ပြို​လဲ​လျက်​နေ​သည်​ကို​လည်း ကောင်း၊ ယဇ်​ပလ္လင်​သစ်​တစ်​ခု​ပေါ်​တွင်​ဒု​တိ​ယ နွား​ထီး​ကို မီး​ရှို့​ပူ​ဇော်​ထား​လျက်​ရှိ​သည် ကို​လည်း​ကောင်း​တွေ့​မြင်​ကြ​၏။-

သင်​သည်​ငါ​၏​အ​လျင်​ဂိ​လ​ဂါ​လ​မြို့​သို့ သွား​ရ​မည်။ ငါ​သည်​ထို​မြို့​တွင်​သင်​နှင့်​တွေ့ ဆုံ​၍​မီး​ရှို့​ရာ​ယဇ်​များ​နှင့်​မိတ်​သ​ဟာ​ယ ယဇ်​များ​ကို​ပူဇော်​မည်။ သင်​အ​ဘယ်​သို့​ပြု ရ​မည်​ကို ငါ​လာ​၍​မ​ဖော်​ပြ​မ​ချင်း​ထို မြို့​တွင်​ခု​နစ်​ရက်​တိုင်​တိုင်​စောင့်​နေ​လော့'' ဟု​ဆို​၏။

ယ​ခု​အ​ခါ​သည်​ခြောက်​သွေ့​သော​ရာ​သီ​ဖြစ် ၏။ သို့​ရာ​တွင်​ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​ထစ်​ချုန်း​စွာ ရွာ​သွန်း​စေ​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​ဘု​ရင် ကို​သင်​တို့​တောင်း​ဆို​မိ​သည့်​အ​ပြစ်​သည် အ​ဘယ်​မျှ​ကြီး​လေး​ကြောင်း​သင်​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​ဆို​၏။

ရှ​မွေ​လ​သည်``ဤ​အ​မှု​ကို​အ​ဘယ်​သို့​ပြု​နိုင် ပါ​မည်​နည်း။ ရှော​လု​ကြား​သိ​ပါ​က​အ​ကျွန်ုပ် အား​သတ်​ပစ်​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။

ငါ့​အား​သစ္စာ​စောင့်​၍​ငါ​ပြု​စေ​လို​သည့်​အ​တိုင်း ပြု​မည့်​ယဇ်​ပု​ရော​ဟိတ်​တစ်​ဦး​ကို​ငါ​ရွေး​ချယ် မည်။ သူ့​အား​သား​မြေး​များ​ထွန်း​ကား​စေ​မည်။ ထို​သူ​တို့​သည်​ငါ​ဘိ​သိက်​ပေး​သည့်​ဘု​ရင် ရှေ့​မှောက်​တွင်​အ​စဉ်​အ​မြဲ​အ​မှု​ထမ်း​ရ​ကြ လိမ့်​မည်။-

ထို​နောက်​သူ​သည်​ရာ​မ​မြို့​နေ​အိမ်​သို့​ပြန်​၍ တ​ရား​သူ​ကြီး​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​၏။ သူ သည်​ရာ​မ​မြို့​တွင်​ထာ​ဝ​ရ​ဘုရား​အ​ဖို့ ယဇ်​ပလ္လင်​ကို​တည်​ဆောက်​လေ​၏။

အ​မျိုး​သ​မီး​က​လေး​များ​က​လည်း``ရှိ​ပါ သည်။ အ​မှန်​မှာ​သူ​သည်​သင်​တို့​မ​လာ​မီ က​လေး​က​မှ​ရောက်​ရှိ​လာ​ပါ​သည်။ သင်​တို့ မြန်​မြန်​သွား​လျှင်​သူ့​ကို​မီ​ပါ​လိမ့်​မည်။ သင် တို့​မြို့​ထဲ​ကို​ဝင်​လျှင်​ဝင်​ချင်း​သူ့​အား​တွေ့ ရှိ​ပါ​လိမ့်​မည်။ လူ​တို့​သည်​တောင်​ကုန်း​ပေါ် ရှိ​ယဇ်​ပလ္လင်​တွင်​ပူ​ဇော်​သကာ​ဆက်​သ​ကြ မည်​ဖြစ်​၍ ထို​သူ​သည်​မြို့​သို့​ယ​နေ့​ရောက် ရှိ​လာ​ခြင်း​ဖြစ်​ပါ​သည်။ သူ​မ​ရောက်​မ​ချင်း ဖိတ်​ခေါ်​ထား​သော​သူ​တို့​သည်​စား​သောက်​ကြ လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည်​ယဇ်​ကောင်​ကို​ဦး​စွာ​ကောင်း​ချီး​ပေး ရ​မည်​ဖြစ်​သော​ကြောင့်​ဖြစ်​ပါ​၏။ ထို​ကြောင့် သင်​တို့​သည်​မြို့​ထဲ​သို့​ဝင်​လျှင်​ဝင်​ချင်း ထို​သူ​တောင်​ထိပ်​သို့​စား​သောက်​ရန်​မ​တက် မီ​သူ့​အား​တွေ့​ရ​ကြ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ