Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 7:16

Common Language Bible

သူ​သည်​နှစ်​စဉ်​နှစ်​တိုင်း​ဗေ​သ​လ​မြို့၊ ဂိ​လ ဂါ​လ​မြို့၊ မိ​ဇ​ပါ​မြို့​တို့​သို့​လှည့်​လည်​သွား ရောက်​ကာ​ထို​မြို့​တို့​တွင်​အ​မှု​အ​ခင်း​များ ကို​စစ်​ဆေး​စီ​ရင်​လေ့​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရပ်​ကို​ဗေ​သ​လ​ဟု​နာ​မည်​မှည့်​ခေါ်​လေ သည်။ (ယ​ခင်​က​ထို​မြို့​ကို​လု​ဇ​ဟု​ခေါ်​တွင်​၏။)-

ယာ​ကုပ်​သည်​မိ​မိ​၏​လူ​စု​နှင့်​အ​တူ ခါ​နာန် ပြည်​ရှိ​ဗေ​သ​လ​မြို့​ဟု​ခေါ်​တွင်​သော​လုဇ မြို့​သို့​ရောက်​ရှိ​လာ​လေ​၏။-

ဘု​ရား​သ​ခင်​က``တ​ရား​စီ​ရင်​မည့်​အ​ချိန်​ကို ငါ​သတ်​မှတ်​ထား​လေ​ပြီ။ ငါ​သည်​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​မည်။

``ယဇ်​ပု​ရော​ဟိတ်​တို့၊ ကြား​နာ​ကြ​လော့၊ ဣ​သ​ရေ​လ​ပြည်​သား​တို့​ဂ​ရု​စိုက်​နား ထောင်​ကြ​လော့။ မင်း​မျိုး​မင်း​နွယ်​တို့​နား ထောင်​ကြ​လော့။ သင်​တို့​ကိုယ်​တိုင်​မှန်​ကန်​စွာ စီ​ရင်​ရ​မည့်​သူ​များ​ဖြစ်​သည်။ ထို​အ​တိုင်း ပင်​သင်​တို့​ကို​လည်း​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း ခံ​ရ​ကြ​မည်။ သင်​တို့​သည်​မိ​ဇ​ပါ​မြို့​တွင် ထောင်​သော​ထောင်​ချောက်၊ တာ​ဗော်​တောင်​တွင် ဖြန့်​ထား​သော​ပိုက်​ကွန်၊-

ဗေ​ရ​ရှေ​ဘ​မြို့​သို့​သွား​၍​မ​ကိုး​ကွယ်​လေ နှင့်။ ငါ့​ကို​တွေ့​ရန်​ဗေ​သ​လ​မြို့​၌​လည်း​မ​ရှာ ကြ​နှင့်။ ဗေ​သ​လ​မြို့​သည်​အ​ချည်း​နှီး​ဖြစ် ရ​တော့​မည်။ ဂိ​လ​ဂါ​လ​မြို့​သို့​လည်း​မ​သွား နှင့်။ ထို​မြို့​သား​တို့​သည်​ပြည်​ပ​သို့​ဖမ်း​သွား ခြင်း​ကို​အ​မှန်​ပင်​ခံ​ရ​လိမ့်​မည်။''

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယေ​ရိ​ခေါ မြို့​အ​နီး​လွင်​ပြင်​၌​ရှိ​သော​ဂိ​လ​ဂါ​လ အ​ရပ်​တွင် စ​ခန်း​ချ​နေ​စဉ်​ပ​ထ​မ​လ​တစ် ဆယ့်​လေး​ရက်​နေ့​ည​၌​ပ​သ​ခါ​ပွဲ​တော်​ကို ကျင်း​ပ​ကြ​သည်။-

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``အီ​ဂျစ် ပြည်​တွင်​သင်​တို့​ကျွန်​ခံ​ရ​သော​အ​ရှက်​ကို​ငါ သည်​ယ​နေ့​ဖယ်​ရှား​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ထို့ ကြောင့်​ထို​အရပ်​သည်​ယ​နေ့​တိုင်​အောင်​ဂိ​လ ဂါ​လ ဟု​နာ​မည်​တွင်​လေ​သည်။

သူ​၌​မြည်း​တစ်​ကောင်​စီ​စီး​သော​သား​သုံး​ကျိပ် ရှိ​၏။ သူ​တို့​သည်​ဂိ​လဒ်​ပြည်​တွင်​မြို့​ပေါင်း​သုံး ဆယ်​ကို​အ​ပိုင်​စား​ရ​ရှိ​ကြ​လေ​သည်။ ထို​မြို့ တို့​သည်`ယာ​ဣ​ရ​ရွာ​များ' ဟူ​၍​ယ​နေ့​တိုင် အောင်​နာ​မည်​တွင်​လျက်​ရှိ​နေ​သေး​သ​တည်း။-

သူ​၌​မြည်း​တစ်​ကောင်​စီ​စီး​နင်း​သော​သား လေး​ဆယ်​နှင့်​မြေး​သုံး​ဆယ်​ရှိ​၏။ အာ​ဗ​ဒုန် သည်​ဣ​သ​ရေ​လ​လူ​မျိုး​ကို​ရှစ်​နှစ်​မျှ ခေါင်း​ဆောင်​ပြီး​လျှင်၊-

ကုန်း​နှီး​ပေါ်​တွင်​ထိုင်​၍​မြည်း​ဖြူ​ကို​စီး​ကြ သူ​တို့​နှင့် သွား​လာ​လေ​ရာ​တွင် ခြေ​လျင်​လျှောက်​ရ​သူ​တို့​ဤ​အ​ကြောင်း အ​ရာ​ကို စဉ်း​စား​ဆင်​ခြင်​ကြ​လော့။

ရှ​မွေ​လ​သည်​လူ​တို့​အား​မိ​ဇ​ပါ​မြို့​တွင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ခေါ်​ယူ​စု​ရုံး စေ​ပြီး​လျှင်၊-

ရှ​မွေ​လ​က​လည်း``ငါ​တို့​အ​ပေါင်း​သည်​ဂိ​လ ဂါ​လ​မြို့​သို့​သွား​၍​ရှော​လု​အား ငါ​တို့ ဘု​ရင်​အ​ဖြစ်​ဖြင့်​ထပ်​မံ​ကြွေး​ကြော်​တင် မြှောက်​ကြ​ကုန်​အံ့'' ဟု​ဆို​၏။-

ထို​နောက်​ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​အား``ငါ​သည်​မိ​ဇ​ပါ​မြို့ တွင်​သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ထံ​တော် သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​မည်​ဖြစ်​၍​သင်​တို့ သည်​ထို​မြို့​၌​စု​ကြ​လော့'' ဟု​ဆင့်​ဆို​မှာ ကြား​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ