Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 7:12

Common Language Bible

ထို​နောက်​ရှ​မွေ​လ​သည်​ကျောက်​တုံး​တစ်​ခု​ကို ယူ​၍ မိ​ဇ​ပါ​မြို့​နှင့်​ရှင်​မြို့​စပ်​ကြား​တွင်​စိုက်​ထူ ကာ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​အား​ယ​နေ့ တိုင်​အောင်​ကူ​မ​တော်​မူ​လေ​ပြီ'' ဟု​ဆို​ပြီး​လျှင် ထို​ကျောက်​တုံး​ကို``ကူ​မ​တော်​မူ​ရာ​ကျောက်'' (ဧ​ဗ​နေ​ဇာ) ဟု​နာ​မည်​မှည့်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည်​ထို​အ​ရပ်​ကို``ထာ​ဝ​ရ​ဘု​ရား ပြင်​ဆင် ပေး​သည်'' ဟု​သ​မုတ်​လေ​၏။ ယ​နေ့​ထက်​တိုင်​လူ တို့​က``တောင်​ပေါ်​မှာ​ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင် ပေး​လိမ့်​မည်'' ဟူ​၍​ပြော​ဆို​လေ့​ရှိ​ကြ​၏။

ယာ​ကုပ်​သည်​ဘု​ရား​သ​ခင်​က​သူ့​အား​မိန့်​ကြား တော်​မူ​သော​အ​ရပ်​တွင်​မှတ်​တိုင်​ကို​စိုက်​ထူ​၍ ၎င်း​အ​ပေါ်​တွင်​စ​ပျစ်​ရည်​နှင့်​ဆီ​လောင်း​လျက် ဆက်​ကပ်​လေ​၏။-

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ငယ် ရွယ်​စဉ် အ​ခါ​မှ​စ​၍​သွန်​သင်​တော်​မူ​ခဲ့​သည်​ဖြစ်​ရာ၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပြု​တော် မူ​သော အံ့​သြ​ဖွယ်​ရာ​အ​မှု​တို့​ကို​ယ​နေ့​တိုင်​အောင် ပြော​ကြား​လျက်​ရှိ​ပါ​၏။

ကျွန်​တော်​မျိုး​သည်​တစ်​သက်​လုံး​ကိုယ်​တော်​ရှင် ကို မှီ​ခို​ခဲ့​ပါ​၏။ ကျွန်​တော်​မျိုး​မွေး​ဖွား​ချိန်​မှ​စ​၍ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ခဲ့​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​အ​စဉ် မ​ပြတ် ထော​မ​နာ​ပြု​ပါ​မည်။

မော​ရှေ​သည်​ယဇ်​ပလ္လင်​ကို​တည်​၍``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​၏​အ​လံ​ဖြစ်​၏'' ဟု​နာ​မည် မှည့်​လေ​၏။-

ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ အီ​ဂျစ်​ပြည်​တွင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ယဇ်​ပလ္လင်​တစ်​ခု​ကို​တည်​ထား​လိမ့်​မည်။ ကိုယ် တော်​အား​အ​နု​မော​ဒ​နာ​ပြု​၍​စိုက်​ထူ​ထား သည့်​ကျောက်​တိုင်​တစ်​ခု​သည်​နယ်​စပ်​တွင်​ရှိ လိမ့်​မည်။-

သို့​သော်​ဘု​ရား​သ​ခင်​သည်​အ​ကျွန်ုပ်​ကို​မ​စ တော်​မူ​သ​ဖြင့် ယ​နေ့​တိုင်​အောင်​အ​ကျွန်ုပ်​သည် အ​သက်​ရှင်​၍​ယုတ်​မြတ်​မ​ဟူ​လူ​အ​ပေါင်း​တို့ အား​သက်​သေ​ခံ​လျက်​ရှိ​ပါ​၏။ မေ​ရှိ​ယ​သည် အ​သေ​ခံ​တော်​မူ​ရ​မည်​ဟူ​၍​လည်း​ကောင်း၊ ကိုယ်​တော်​သည်​သေ​ခြင်း​မှ​အ​ဦး​ထ​မြောက် တော်​မူ​ပြီး​လျှင် ဣသ​ရေ​လ​အ​မျိုး​သား​တို့ နှင့်​လူ​မျိုး​ခြား​တို့​အား ကယ်​တင်​ခြင်း အ​လင်း​တ​ရား​တော်​ကို​ကြေ​ညာ​တော်​မူ လိမ့်​မည်​ဟူ​၍​လည်း​ကောင်း မော​ရှေ​နှင့်​ပ​ရော ဖက်​များ​ဟော​ကြား​ခဲ့​သည့်​အ​တိုင်း​အ​ကျွန်ုပ် သည်​ဟော​ပြော​ပါ​၏'' ဟု​ချေ​ပ​လျှောက် ထား​၏။

သင်​တို့​သည်​ငါ​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ နာ​ပြု​ခြင်း​အား​ဖြင့်​ကူ​ညီ​ကြ​သည်​နှင့် အ​ညီ ကိုယ်​တော်​သည်​ဤ​သို့​ကြောက်​မက် ဖွယ်​ကောင်း​သော​သေ​ဘေး​မှ​ငါ​တို့​အား ကယ်​တင်​တော်​မူ​၏။ နောင်​အ​ခါ​၌​လည်း ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် ငါ​တို့​အား​တစ်​ဖန်​ကယ်​တင်​တော်​မူ​ဦး မည်​ဟု​ငါ​တို့​ယုံ​ကြည်​မျှော်​လင့်​ကြ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင်​တို့ တောင်း​လျှောက်​သည့်​ဆု​တောင်း​ပတ္ထနာ​များ ကို​နား​ညောင်း​တော်​မူ​၍ ငါ​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​လိမ့်​မည်။ လူ​အ​မြောက် အ​မြား​ပင်​လျှင်​ငါ​တို့​အ​တွက်​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​ကြ​လိမ့်​မည်။

ယော​ရှု​သည်​ယော်​ဒန်​မြစ်​လယ်​တွင်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို ပင့်​ဆောင်​သော​ယဇ်​ပု​ရော​ဟိတ် များ​ရပ်​သည့်​နေ​ရာ​၌​လည်း ကျောက်​တုံး​တစ် ဆယ့်​နှစ်​တုံး​ကို​စိုက်​ထူ​ထား​၏။ (ထို​ကျောက် တုံး​များ​သည်​ထို​နေ​ရာ​တွင်​ယ​နေ့​တိုင် တည်​ရှိ​၏။-)

ရှော​လု​သည်​ထာဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင် ကို​တည်​ဆောက်​တော်​မူ​၏။ ထို​ယဇ်​ပလ္လင်​ကား ပ​ထ​မ​ဆုံး​အ​ကြိမ်​ရှော​လု​တည်​ဆောက် သည့်​ယဇ်​ပလ္လင်​ဖြစ်​သ​တည်း။

ထို​အ​ခါ​ကာ​လ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​စစ်​တိုက်​ရန် ချီ​တက်​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ က​ဧ​ဗ​နေ​ဇာ​မြို့​တွင်​လည်း​ကောင်း၊ ဖိ​လိတ္တိ အ​မျိုး​သား​တို့​က​အာ​ဖက်​မြို့​တွင်​လည်း ကောင်း​တပ်​စ​ခန်း​ချ​ထား​ကြ​၏။-

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​သိမ်း​ယူ​ကြ​ပြီး​လျှင် ဧ​ဗ​နေ​ဇာ​မြို့ မှ​မိ​မိ​တို့​နေ​ထိုင်​ရာ​အာ​ဇုတ်​မြို့​သို့​ပင့်​ဆောင် ကာ၊-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​ဇ​ပါ​မြို့ မှ​ထွက်​၍ သူ​တို့​အား​ဗက်​ကာ​မြို့​အ​နီး​သို့ တိုင်​အောင်​လိုက်​လံ​သတ်​ဖြတ်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ