Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 6:21

Common Language Bible

ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​ထံ​သို့​တ​မန် များ​စေ​လွှတ်​ပြီး​လျှင်``ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပြန်​လည်​ပို့​ဆောင်​ကြ​လေ​ပြီ။ သင် တို့​လာ​၍​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကြ​ပါ လော့'' ဟု​မှာ​ကြား​လိုက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ခေ​ရု​ဗိမ် တို့​အ​ထက်​စံ​တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ဖြင့်​ခေါ်​ဝေါ် သ​မုတ်​သည့်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့် ဆောင်​ရန်​ယု​ဒ​ပြည်​ဗာ​လာ​မြို့​သို့​ချီ သွား​တော်​မူ​၏။-

ငါ​တို့​တွင်​ကိန်း​ဝပ်​တော်​မူ​ရာ​ရှိ​လော​မြို့​ရှိ တဲ​တော်​ကို ကိုယ်​တော်​သည်​စွန့်​ပစ်​တော်​မူ​၏။

(ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ဟော​ပြော​ကြ​သူ​အ​ခြား​လူ​တစ် ယောက်​ရှိ​သေး​၏။ ထို​သူ​သည်​ရှေ​မာ​ယ ၏​သား၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​ဥ​ရိ​ယ ဖြစ်​၏။ သူ​သည်​ဤ​မြို့​နှင့်​ဤ​လူ​မျိုး​အား ဆန့်​ကျင်​၍​ယေ​ရ​မိ​ဟော​ပြော​သ​ကဲ့​သို့ ဟော​ပြော​ခဲ့​၏။-

``ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဌာ​န​တော် အ​ဖြစ် ဦး​စွာ​ပ​ထ​မ​ငါ​ရွေး​ချယ်​ခဲ့​သည့် ရှိ​လော​ရွာ​သို့​သွား​၍ ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​ပြည်​သား​တို့​ကူး​လွန်​သည့် ဒု​စ​ရိုက်​ကြောင့် ထို​ရွာ​အား​အ​ဘယ်​သို့ ငါ​ပြု​ခဲ့​သည်​ကို​ကြည့်​ရှု​ကြ​လော့။-

သို့​ဖြစ်​၍​သင်​တို့​ယုံ​ကြည်​အား​ထား​သည့် ဤ​ငါ​၏​ဗိ​မာန်၊ ငါ​၏​နာ​မ​ကို​ဆောင်​သော ဤ​အိမ်​တော်​ကို​ရှိ​လော​ရွာ​နည်း​တူ​ငါ​ပြု မည်။ သင်​တို့​ဘိုး​ဘေး​များ​နှင့်​သင်​တို့​အား ငါ​ပေး​ခဲ့​သည့်​ဤ​အ​ရပ်​ဌာ​န​ကို​ရှိ​လော ရွာ​နည်း​တူ​ငါ​ပြု​မည်။-

ထို့​အ​ပြင်​ကိ​ရ​ယတ်​ဗာ​လ​မြို့(သို့​မ​ဟုတ် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့) နှင့်​ရဗ္ဗာ​မြို့​ဟူ​၍​မြို့ ကြီး​နှစ်​မြို့​နှင့်​တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ​မြို့ ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။-

ထို​မှ​တစ်​ဖန်​နေ​ဖ​တော​စမ်း​ရေ​တွင်း​နှင့် ဧ​ဖ​ရုန်​တောင်​အ​နီး​ရှိ​မြို့​များ​ကို​ဖြတ် ၍​ဗာ​လာ(သို့​မ​ဟုတ်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့) သို့​ကွေ့​သွား​၏။-

ထို​နောက်​နယ်​နိ​မိတ်​သည်​ထို​တောင်​အ​နောက် ဘက်​မှ​ယု​ဒ​အ​နွယ်​ပိုင်​သော​ကိ​ရ​ယတ် ဗာ​လ​မြို့(သို့​မ​ဟုတ်​ကိ​ရ​ယ​ယာ​ရိမ်​မြို့) အ​ထိ​တောင်​ဘက်​သို့​ဆင်း​လာ​သည်။ ဤ သည်​ကား​အ​နောက်​ဘက်​နယ်​နိ​မိတ်​ဖြစ်​၏။-

သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ကြ​ရာ​သုံး​ရက်​မြောက် သော​နေ့​၌ ထို​သူ​တို့​နေ​ထိုင်​ရာ​မြို့​များ​ဖြစ် သော​ဂိ​ဗောင်​မြို့၊ ခေ​ဖိ​ရာ​မြို့၊ ဗေ​ရုတ်​မြို့​နှင့် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​များ​သို့​ရောက်​ရှိ​ကြ လေ​သည်။-

သူ​တို့​သည်​ယု​ဒ​ပြည်၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​၌ တပ်​စခန်း​ချ​ကြ​၏။ ထို​အ​ကြောင်း​ကြောင့်​ထို အ​ရပ်​သည်​ဒန်​တပ်​စ​ခန်း​ဟူ​၍​ယ​နေ့​တိုင် အောင်​အ​မည်​တွင်​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ