၁ ရာ 6:12Common Language Bibleနွားမတို့သည်ဗက်ရှေမက်လမ်းအတိုင်း စတင်ထွက်ခွာပြီး ဝဲယာမကွေ့ဘဲတည့် မတ်စွာတစ်လမ်းလုံးအော်မြည်လျက် ဗက် ရှေမက်မြို့ရှိရာသို့သွားကြလေသည်။ ဖိ လိတ္တိဘုရင်ငါးပါးတို့သည်ဗက်ရှေမက် မြို့နယ်စပ်အနီးအထိလိုက်ပါသွားကြ ၏။ အခန်းကိုကြည့်ပါ။ |
လှည်းအဘယ်အရပ်သို့သွားသည်ကိုစောင့်၍ ကြည့်လော့။ အကယ်၍ဗက်ရှေမက်မြို့ရှိရာသို့ သွားလျှင် ဣသရေလအမျိုးသားတို့၏ဘုရား သည် ငါတို့အပေါ်သို့ကြောက်မက်ဖွယ်ရာကပ် ရောဂါကိုကျရောက်စေကြောင်းသိမှတ်ရမည်။ သို့ရာတွင်လှည်းသည်ထိုမြို့ရှိရာသို့မသွား ခဲ့သော် ကိုယ်တော်သည်ငါတို့ထံကပ်ရောဂါ ကိုစေလွှတ်တော်မူသည်မဟုတ်။ ကပ်ရောဂါ သည်အလိုအလျောက်ဆိုက်ရောက်လာခြင်း သာဖြစ်ကြောင်းငါတို့သိမှတ်ရမည်။''