၁ ရာ 5:7Common Language Bibleသူတို့သည်ထိုအခြင်းအရာကိုတွေ့မြင် ကြသောအခါ``ဣသရေလအမျိုးသား တို့ကိုးကွယ်သောဘုရားသည်ငါတို့နှင့် ငါတို့၏ဒါဂုန်ဘုရားအားဒဏ်ခတ်တော်မူ လေပြီ။ ပဋိညာဉ်သေတ္တာတော်ကိုဤအရပ် တွင်ငါတို့ဆက်လက်ထားရှိ၍ဖြစ်တော့ မည်မဟုတ်'' ဟုဆိုကြ၏။- အခန်းကိုကြည့်ပါ။ |
မှူးမတ်တို့ကဘုရင်အား``ဤသူတို့သည် အကျွန်ုပ်တို့ကိုမည်မျှကြာအောင်ဒုက္ခရောက် စေပါမည်နည်း။ ထိုသူတို့သည်သူတို့၏ဘုရား ဖြစ်သောထာဝရဘုရားအား ဝတ်ပြုနိုင်ရန် သွားခွင့်ပေးတော်မူပါ။ အရှင်မင်းကြီး၊ ယခု ပင်အီဂျစ်ပြည်ပျက်စီးနေပြီမဟုတ်ပါ လော'' ဟုလျှောက်ကြ၏။
ထို့ကြောင့်သူတို့သည်ဖိလိတ္တိဘုရင်ငါးပါး တို့ထံစေတမန်များလွှတ်၍ဖိတ်ခေါ်ပြီး လျှင်``ဣသရေလအမျိုးသားတို့ကိုးကွယ် သောဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုငါ တို့အဘယ်သို့ပြုရကြမည်နည်း'' ဟုမေး ကြ၏။ ဘုရင်တို့က``ဂါသမြို့သို့ပင့်ဆောင်သွား ကြလော့'' ဟုဆိုသဖြင့်ပဋိညာဉ်သေတ္တာ တော်ကိုအခြားဖိလိတ္တိမြို့တစ်မြို့ဖြစ် သောဂါသမြို့သို့ပင့်ဆောင်သွားကြ၏။-