Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 4:9

Common Language Bible

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ခဲ​ကြ​လော့။ ယောကျာ်း ပီ​သ​စွာ​တိုက်​ခိုက်​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ဟေ ဗြဲ​အ​မျိုး​သား​တို့​သည် ငါ​တို့​ထံ​တွင်​ကျွန်​ခံ​ခဲ့ ရ​ဖူး​သည့်​နည်း​တူ​ငါ​တို့​သည် သူ​တို့​ထံ​တွင် ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​ယောကျာ်း ပီ​သ​စွာ​တိုက်​ခိုက်​ကြ​လော့'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​သည်​ရဲ​ရင့်​စွာ​ငါ​တို့​အ​မျိုး​သား​များ နှင့်​ငါ​တို့​ဘု​ရား​သ​ခင်​၏​မြို့​များ​အ​တွက် အား​ကြိုး​မာန်​တက်​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အ​လို​တော်​ရှိ​သည့် အ​တိုင်း​စီ​ရင်​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။

လူ​မျိုး​တ​ကာ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​သော​ပြည်​တော်​သို့​ပြန်​လာ​နိုင်​ကြ စေ​ရန်​ကူ​ညီ​မ​စ​ကြ​လိမ့်​မည်။ ထို​ပြည်​၌ လူ​မျိုး​ခြား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ကျွန်​များ​ကဲ့​သို့​အ​စေ​ခံ ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​ဖမ်း​ဆီး​ချုပ်​နှောင်​သူ​တို့​သည် ယ​ခု အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဖမ်း ဆီး​ချုပ်​နှောင်​ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်။ ဣသ​ရေ​လ​ပြည်​သူ​တို့​သည်​လည်း​အ​ခါ တစ်​ပါး​က​မိ​မိ​တို့​အား ဖိ​နှိပ်​ချုပ်​ချယ် ခဲ့​သူ​တို့​ကို​အုပ်​စိုး​ရကြ​လိမ့်​မည်။

ငါ​တို့​၏​ရန်​သူ​များ​သည်​အ​မင်္ဂ​လာ​ရှိ​ကြ ၏။ မိ​မိ​တို့​အား​အ​ဘယ်​သူ​မျှ​တိုက်​ခိုက်​လု ယက်​မှု​ကို​မ​ပြု၊ သစ္စာ​လည်း​မ​ဖောက်​ကြ​သော် လည်း​သူ​တို့​က​လု​ယက်​တိုက်​ခိုက်​ကာ​သစ္စာ ဖောက်​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​လု​ယက်​တိုက် ခိုက်​၍​သစ္စာ​ဖောက်​ရန်​အ​ချိန်​ကာ​လ​ကုန်​ဆုံး ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့ သည်​လု​ယက်​တိုက်​ခိုက်​ခြင်း​နှင့်​သစ္စာ​ဖောက် ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်။

နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ သင်​တို့​၏​ယုံ​ကြည် ခြင်း​တွင်​ခိုင်​မာ​စွာ​ရပ်​တည်​ကြ​လော့။ ရဲ​စွမ်း​သတ္တိ ရှိ​ကြ​လော့။-

သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အ​မျက်​ထွက်​တော်​မူ သ​ဖြင့် ဖိ​လတ္တိ​အ​မျိုး​သား​နှင့်​အမ္မုန်​အ​မျိုး သား​တို့​၏​လက်​အောက်​ခံ​ဖြစ်​စေ​တော်​မူ​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​အား​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။ သို့ ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​အ​နှစ် လေး​ဆယ်​ပတ်​လုံး ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ၏​စိုး​မိုး​အုပ်​ချုပ်​မှု​ကို​ခံ​စေ​တော်​မူ​၏။

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ဘက်​သို့​ကူး​ပြောင်း ကာ သူ​တို့​၏​တပ်​စ​ခန်း​သို့​လိုက်​သွား​ခဲ့​ကြ သော​ဟေ​ဗြဲ​အ​မျိုး​သား​တို့​သည် ရှော​လု နှင့်​ယော​န​သန်​တို့​ဘက်​သို့​ဝင်​ရောက်​လာ ကြ​၏။-

ထို​တန်​ခိုး​ကြီး​သော​ဘု​ရား​များ​၏​လက်​မှ ငါ​တို့​အား​အ​ဘယ်​သူ​ကယ်​နိုင်​ပါ​မည်​နည်း။ ထို​ဘု​ရား​များ​ကား​အီ​ဂျစ်​အ​မျိုး​သား​တို့ အား တော​ကန္တာ​ရ​တွင်​သုတ်​သင်​သတ်​ဖြတ် သော​ဘု​ရား​များ​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ