၁ ရာ 4:2Common Language Bibleဖိလိတ္တိအမျိုးသားတို့ကချီတက်တိုက်ခိုက် ရာ ဣသရေလအမျိုးသားတို့အရေးရှုံးနိမ့် ၍ လူပေါင်းလေးထောင်မျှစစ်မြေပြင်တွင် ကျဆုံးကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုကြောင့်ဣသရေလအမျိုးသားတို့သည် ရန်သူများကိုယှဉ်ပြိုင်၍မတိုက်နိုင်ကြ။ သူ တို့ကိုယ်တိုင်ဖျက်ဆီးခြင်းခံရမည့်သူများ ဖြစ်၍ ရန်သူများထံမှဆုတ်ခွာခဲ့ရကြ၏။ သင်တို့ကိုမယူရဟုငါပညတ်သော်လည်း သင်တို့ယူထားသောပစ္စည်းများကိုဖျက်ဆီး မပစ်လျှင် ငါသည်သင်တို့နှင့်အတူရှိတော် မူမည်မဟုတ်။-
မသေဘဲကျန်ရှိနေသောတပ်သားတို့သည် တပ်စခန်းသို့ပြန်လည်ရောက်ရှိလာသောအခါ ဣသရေလခေါင်းဆောင်များက``ထာဝရ ဘုရားသည်အဘယ်ကြောင့်ငါတို့အားဖိလိတ္တိ အမျိုးသားတို့လက်တွင် ယနေ့အရေးရှုံးနိမ့် စေတော်မူပါသနည်း။ ငါတို့သည်သွား၍ ရှိလောမြို့မှထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်ကိုယူဆောင်လာကြကုန်အံ့။ သို့ မှသာလျှင်ကိုယ်တော်သည်ငါတို့နှင့်အတူ ချီတက်တော်မူ၍ ငါတို့အားရန်သူတို့လက် မှကယ်တင်တော်မူလိမ့်မည်'' ဟုဆိုကြ၏။-