Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 4:16

Common Language Bible

ထို​လူ​က``အ​ကျွန်ုပ်​သည်​ယ​နေ့​ပင်​စစ်​မြေ ပြင်​မှ​လွတ်​မြောက်​ကာ လမ်း​တစ်​လျှောက်​လုံး အ​ပြေး​လာ​ခဲ့​ပါ​၏'' ဟု​လျှောက်​၏။ ဧ​လိ​က``ငါ့​သား၊ အ​ရေး​အ​ခင်း​ကား​မည် သို့​နည်း'' ဟု​မေး​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

4 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​က``အ​မှု​ကား​အ​ဘယ်​သို့​နည်း'' ဟု မေး​လျှင်၊ လူ​ငယ်​က``ကျွန်​တော်​တို့​၏​တပ်​မ​တော်​သည် တပ်​လန်​၍​သွား​သ​ဖြင့် လူ​အ​များ​ကျ​ဆုံး ကြ​ပါ​သည်။ ရှော​လု​မင်း​နှင့်​သား​တော်​ယော န​သန်​တို့​သည်​လည်း​အ​သတ်​ခံ​ရ​ကြ​ပါ ၏'' ဟု​ဆို​၏။

ယော​ရှု​က​သူ့​အား``ငါ့​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​တွင်​မှန်​ရာ​ကို​ပြော​၍​ဝန်​ခံ လော့။ သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​မ​ထိမ်​မ​ချန် ဘဲ​ငါ့​အား​ထုတ်​ဖော်​ပြော​ကြား​လော့'' ဟု ဆို​လေ​၏။

ဘု​ရား​သ​ခင်​သည်​ရှ​မွေ​လ​ကို​တစ်​ဖန်​ခေါ်​တော် မူ​ပြန်​၏။ သူ​ငယ်​သည်​ထာ​ဝ​ရ​ဘု​ရား​ခေါ်​တော် မူ​မှန်း​ကို​မ​သိ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ ဘု​ရား​သည် သူ့​အား​အ​ဘယ်​အ​ခါ​က​မျှ​ဗျာ ဒိတ်​ပေး​တော်​မ​မူ​ခဲ့​ဘူး​သော​ကြောင့်​ဖြစ်​၏။ ထို့ ကြောင့်​သူ​သည်​ဧ​လိ​ထံ​သို့​သွား​ပြီး​လျှင်``အ​ရှင် ခေါ်​သော​ကြောင့် လာ​ပါ​ပြီ'' ဟု​လျှောက်​၏။ သို့​ရာ​တွင်​ဧ​လိ​က``ငါ့​သား​သင့်​ကို​ငါ မ​ခေါ်။ သင်​ပြန်​၍​အိပ်​လော့'' ဟု​ဆို​၏။

သ​တင်း​ယူ​ဆောင်​လာ​သူ​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ရှေ့​တွင်​တပ်​လန်​၍​ထွက်​ပြေး​ကြ​ပါ​၏။ ဤ စစ်​ပွဲ​တွင်​အ​ကျွန်ုပ်​တို့​သည် အ​ကြီး​အ​ကျယ် အ​ရေး​ရှုံး​နိမ့်​ကြ​ပါ​သည်​တ​ကား။ ထို့​အ​ပြင် အ​ရှင်​၏​သား​ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​သည် အ​သတ်​ခံ​ရ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​သည်​လည်း ရန်​သူ​များ​၏ လက်​သို့​ကျ​ရောက်​သွား​ပါ​၏'' ဟု​လျှောက်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ