Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 4:11

Common Language Bible

ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် ရန်​သူ​တို့​လက်​သို့​ကျ​ရောက်​သွား​၏။ ဧ​လိ ၏​သား​ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​နှစ်​ယောက် စ​လုံး​လည်း​အ​သတ်​ခံ​ရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​သူ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​အား​ပုန်​ကန်​၍​သွေး​စမ်း​ကြ​၏။ သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​ကို မ​စောင့်​မ​ထိန်း​ကြ။

ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဋ္ဌား​ဘေး​ဖြင့် သေ​ဆုံး​သွား​ကြ​ကုန်​၏။ သူ​တို့​၏​မု​ဆိုး​မ​များ​သည်​ငို​ကြွေး​မြည်​တမ်း​ခွင့် မ​ရ​ကြ။

သူ​ယုတ်​မာ​တို့​မူ​ကား​အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ မိ​မိ​တို့​၏​ဆိုး​ယုတ်​သည့်​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​များ​အ​တွက်​အ​ပြစ်​ဒဏ်​သင့် ကြ​လိမ့်​မည်။

``ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဌာ​န​တော် အ​ဖြစ် ဦး​စွာ​ပ​ထ​မ​ငါ​ရွေး​ချယ်​ခဲ့​သည့် ရှိ​လော​ရွာ​သို့​သွား​၍ ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​ပြည်​သား​တို့​ကူး​လွန်​သည့် ဒု​စ​ရိုက်​ကြောင့် ထို​ရွာ​အား​အ​ဘယ်​သို့ ငါ​ပြု​ခဲ့​သည်​ကို​ကြည့်​ရှု​ကြ​လော့။-

နား​ထောင်​လော့။ သင့်​အိမ်​ထောင်​စု၊ သင့်​သား ချင်း​စု​ထဲ​မှ​လူ​ငယ်​လူ​ရွယ်​ရှိ​သ​မျှ​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​ပစ်​မည့်​အ​ချိန်​ရောက် ရှိ​လာ​လိမ့်​မည်။ ဤ​နည်း​အား​ဖြင့်​သင်​၏ အိမ်​ထောင်​စု​တွင် အ​ဘယ်​သူ​မျှ​အ​သက် အ​ရွယ်​အို​မင်း​သည်​တိုင်​အောင်​နေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်။-

သင်​သည်​အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ငါ​ပေး​သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ ကို​မြင်​၍ စိတ်​ပျက်​လျက်​မ​နာ​လို​စိတ်​ဖြစ် လိမ့်​မည်။ သို့​ရာ​တွင်​သင်​၏​အိမ်​ထောင်​စု​မှ အ​ဘယ်​သူ​မျှ အို​မင်း​သည်​တိုင်​အောင်​နေ​ရ တော့​မည်​မ​ဟုတ်။-

သင်​၏​သား​များ​ဖြစ်​ကြ​သော​ဟော​ဖ​နိ​နှင့် ဖိ​န​ဟတ်​တို့​သည်​တစ်​နေ့​တည်း​၌​သေ​ရ​ကြ သော​အ​ခါ ငါ​ပြော​သ​မျှ​သော​အ​မှု​အ​ရာ တို့​သည်​ဖြစ်​ပျက်​လာ​လိမ့်​မည်​ဖြစ်​ကြောင်း သင်​သိ​ရှိ​ရ​လိမ့်​မည်။-

ထို​နေ့​ကျ​ရောက်​သော​အ​ခါ ငါ​သည်​ဧ​လိ​၏ အိမ်​ထောင်​စု​သား​တို့​အား​ဒဏ်​စီ​ရင်​မည်​ဟု မိန့်​တော်​မူ​ခဲ့​သည်​အ​တိုင်း အ​စ​မှ​အ​ဆုံး တိုင်​အောင်​ငါ​စီ​ရင်​မည်။-

ထို​နောက်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရန်​သူ​တို့ လက်​သို့​ကျ​ရောက်​သွား​သည်​ကို​လည်း​ကောင်း၊ ယောက္ခ​မ​နှင့်​ခင်​ပွန်း​ကွယ်​လွန်​ကြ​သည်​ကို လည်း​ကောင်း​အ​ကြောင်း​ပြု​၍``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဘုန်း​အ​သ​ရေ​ကွယ်​ပျောက် လေ​ပြီ'' ဟု​ဆို​လျက် ထို​သား​ကို​ဣ​ခ​ဗုဒ် ဟူ​၍​နာ​မည်​မှည့်​လေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ