Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 31:2

Common Language Bible

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရှော​လု​၏​သား များ​ဖြစ်​ကြ​သော​ယော​န​သန်၊ အ​ဘိ​န​ဒပ် နှင့်​မေ​လ​ခိ​ရွှ​တို့​ကို လိုက်​၍​မီ​သ​ဖြင့် သတ်​ဖြတ်​လိုက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​ငယ်​က``ကျွန်​တော်​သည်​ဂိ​လ​ဗော​တောင် ပေါ်​တွင်​ရှိ​နေ​ခိုက်​နှင့်​ကြုံ​သ​ဖြင့် ရှော​လု​မင်း သည်​မိ​မိ​၏​လှံ​ကို​မှီ​လျက်​နေ​သည်​ကို​လည်း ကောင်း၊ ရန်​သူ​၏​စစ်​ရ​ထား​များ​နှင့်​မြင်း​စီး သူ​ရဲ​တို့​သည်​သူ​၏​အ​နီး​သို့​ချဉ်း​ကပ် လာ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​ပါ​၏။-

ဇေ​ဒ​ကိ​၏​သား​များ​ကို​ဖ​ခင်​၏​မျက်​မှောက်​၌ ကွပ်​မျက်​ပြီး​လျှင် ဇေ​ဒ​ကိ​၏​မျက်​စိ​များ​ကို ဖောက်​၍​သူ့​အား​သံ​ကြိုး​များ​ဖြင့်​ချည်​နှောင် ကာ​ဗာ​ဗု​လုန်​ပြည်​သို့​ဖမ်း​ဆီး​သွား​လေ သည်။

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လိုက်​၍​မီ​သော အ​ခါ ရှော​လု​၏​သား​များ​ဖြစ်​ကြ​သော ယော​န​သန်၊ အ​ဘိ​န​ဒပ်​နှင့်​မေ​လ​ခိ​ရွှ တို့​ကို​ကွပ်​မျက်​ပစ်​ကြ​၏။-

နေ​ရ၏သား​သည်​ကိ​ရှ၊ ကိ​ရှ​၏သား​မှာ ရှော​လု​ဖြစ်​၏။ ရှော​လု​တွင်​ယော​န​သန်၊ မေ​လ​ခိ​ရွှ၊ အ​ဘိ​နာ​ဒပ်၊ ဣ​ရှ​ဗာ​လ​ဟူ​၍ သား​လေး​ယောက်​ရှိ​၏။-

နေ​ရ​၏​သား​သည်​ကိ​ရှ၊ ကိ​ရှ​၏​သား​သည် ရှော​လု​ဖြစ်​၏။ ရှော​လု​တွင်​ယော​န​သန်၊ မေ​လ ခိ​ရွှ၊ အ​ဘိ​နာ​ဒပ်၊ ဣ​ရှ​ဗာ​လ​ဟူ​၍​သား လေး​ယောက်​ရှိ​၏။-

ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၍ ငါ​နှင့်​ပြိုင်​ဘက်​ဟူ​၍​မ​ရှိ​စေ​ရ။ ထို့​ကြောင့် ရုပ်​တု​ကို​ဦး​မ​ချ၊ ဝတ်​မ​ပြု​ရ။ ငါ့​ကို​မုန်း​သော သူ​ကို သား​သ​မီး၊ မြေး၊ မြစ်​တိုင်​အောင်​ဒဏ်​ခတ် မည်။-

သူ​နှင့်​သား​တော်​ယော​န​သန်​တို့​သည်​မိ​မိ တို့​တွင်​ရှိ​သော​စစ်​သည်​တို့​လိုက်​ပါ​လျက် ဗင်္ယာ​မိန်​နယ်၊ ဂိ​ဗာ​မြို့​တွင်​တပ်​ချ​လျက် နေ​ကြ​၏။-

ဧ​ဖ​ရိမ်​တောင်​ကုန်း​များ​တွင်​ပုန်း​အောင်း​နေ ကြ​သော​သူ​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ထွက်​ပြေး​ကြ​ကြောင်း​ကို​ကြား​လျှင်​လိုက် လံ​တိုက်​ခိုက်​ကြ​၏။-

ရှော​လု​၏​သား​တော်​များ​ကား​ယော​န​သန်၊ ဣ​ရွှိ၊ မေ​လ​ခိ​ရွှ​တည်း။ သူ​၏​သ​မီး​တော်​အ​ကြီး​သည် မေ​ရပ်​ဟု​နာ​မည်​တွင်​၍ သ​မီး​တော်​အ​ငယ်​မှာ မိ​ခါ​လ​ဟု​နာ​မည်​တွင်​လေ​သည်။-

``မ​ကြောက်​ပါ​နှင့်။ ငါ​၏​ခ​မည်း​တော်​ရှော​လု သည်​သင့်​အား အ​ဘယ်​သို့​မျှ​ဘေး​အန္တ​ရာယ် ပြု​နိုင်​လိမ့်​မည်​မ​ဟုတ်​ပါ။ သင်​သည်​ဣ​သ ရေ​လ​ဘု​ရင်​ဖြစ်​မည်​ကို​လည်း​ကောင်း၊ ငါ သည်​သင်​၏​ညာ​လက်​ရုံး​ဖြစ်​မည်​ကို​လည်း ကောင်း​သူ​ကောင်း​စွာ​သိ​ပါ​၏'' ဟု​ပြော ကြား​၏။-

ကိုယ်​တော်​သည်​သင်​နှင့်​တ​ကွ​ဣ​သ​ရေ​လ နိုင်​ငံ​ကို ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​သို့ ပေး​အပ်​တော်​မူ​လိမ့်​မည်။ နက်​ဖြန်​ခါ​သင် နှင့်​သင်​၏​သား​တို့​သည်​ငါ​ရှိ​ရာ​အရပ်​သို့ ရောက်​ရှိ​လာ​ကြ​လိမ့်​မည်။ ထို​နောက်​ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​တပ်​မ​တော်​ကို လည်း ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​သို့ ပေး​အပ်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ