Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 30:31

Common Language Bible

ဟေ​ဗြုန်​မြို့​မှ​စ​၍​မိ​မိ​နှင့်​မိ​မိ​၏​လူ​စု​တည်း ခို​ခဲ့​ဖူး​သည့်​မြို့​ရွာ​ရှိ​သ​မျှ​သို့​ပေး​ပို့​လိုက် လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​သူ​သည်​ဣသ​ရေ​လ​အ​နွယ်​ရှိ သ​မျှ​တို့​ထံ​သို့​စေ​တ​မန်​များ​လွှတ်​ပြီး လျှင်``သင်​တို့​သည်​တံ​ပိုး​ခ​ရာ​များ​မှုတ် သံ​ကို​ကြား​သော​အ​ခါ``အ​ဗ​ရှ​လုံ​သည် ဟေ​ဗြုန်​မြို့​တွင်​နန်း​တက်​တော်​မူ​ပြီ' ဟု ကြွေး​ကြော်​ကြ​လော့'' ဟု​မှာ​ကြား​ထား လေ​သည်။-

ထို​နောက်​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား``ကိုယ် တော့်​ကျွန်​သည်​ယု​ဒ​မြို့​တစ်​မြို့​မြို့​သို့​သွား​ရောက် အုပ်​ချုပ်​ရ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``သွား​လော့'' ဟု​မိန့်​တော် မူ​လျှင်၊ ``အ​ဘယ်​မြို့​သို့​သွား​ရ​ပါ​မည်​နည်း'' ဟု မေး​လျှောက်​ပြန်​၏။ ထာ​ဝ​ရ​ဘု​ရား​က``ဟေ​ဗြုန်​မြို့'' ဟု​ဆို​သ​ဖြင့်၊-

ထို​အ​ခါ​ယု​ဒ​ပြည်​သား​တို့​သည်​ဟေ​ဗြုန် မြို့​သို့​လာ​၍ ဒါ​ဝိဒ်​အား​ယု​ဒ​ဘု​ရင်​အ​ဖြစ် ဘိ​သိက်​ပေး​ကြ​၏။ ရှော​လု​၏​အ​လောင်း​ကို​ဂိ​လဒ်​ပြည်၊ ယာ​ဗက် မြို့​သား​တို့​က​သင်္ဂြိုဟ်​ကြ​ကြောင်း​ဒါ​ဝိဒ်​ကြား သိ​သော​အ​ခါ၊-

ရှော​လု​၏​သား​ဣရှ​ဗော​ရှက်​သည်​ဟေ​ဗြုန်​မြို့ တွင် အာ​ဗ​နာ​အ​သတ်​ခံ​ရ​ကြောင်း​ကြား​သော အ​ခါ​ကြောက်​လန့်​လေ​၏။ ဣ​သ​ရေ​လ​ပြည် သား​အ​ပေါင်း​တို့​သည်​လည်း​ကြောက်​လန့် ကြ​ကုန်​၏။-

ပ​ထ​မ​ဦး​စွာ​သူ​တို့​သည်​ပြည်​၏​တောင်​ပိုင်း သို့​ဝင်​ရောက်​၍ ကိုယ်​ခန္ဓာ​အ​လွန်​ထွား​ကျိုင်း သည့်​အာ​န​က​အ​မျိုး​သား​တို့​၏​အ​ဆက် အ​နွယ်​များ​ဖြစ်​သော​အ​ဟိ​မန်​သား​ချင်း​စု၊ ရှေ​ရှဲ​သား​ချင်း​စု​နှင့်​တာ​လ​မဲ​သား​ချင်း​စု တို့​နေ​ထိုင်​ရာ​ဟေ​ဗြုန်​မြို့​သို့​ရောက်​ရှိ​ကြ သည်။ (ဟေ​ဗြုန်​မြို့​သည်​အီ​ဂျစ်​ပြည်​ရှိ​ဇော​န မြို့​မ​တည်​မီ​ခု​နစ်​နှစ်​အ​ထက်​က​တည်​ခဲ့ သော​မြို့​ဖြစ်​သ​တည်း။-)

ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ယော​ရှု​သည် ယု​ဒ​အ​နွယ်​ဝင်​ယေ​ဖုန္နာ​၏​သား ကာ​လက်​အား​ယု​ဒ​အ​နွယ်​ပိုင်​နယ်​မြေ​မှ ဟေ​ဗြုန်​မြို့​ကို​ခွဲ​ဝေ​ပေး​လေ​သည်။ ဟေ​ဗြုန် မြို့​သည်​အာ​န​က​၏​ဖ​ခင်​အာဘ​၏​မြို့​ဖြစ် သည်။-

ယု​ဒ​နယ်​မြေ​တောင်​ကုန်း​ဒေ​သ​ရှိ​ယ​ခု​အ​ခါ ဟေ​ဗြုန်​မြို့​ဟု​နာ​မည်​တွင်​သော​အာ​ဘ​မြို့(အာ​ဘ သည်​အာ​န​က​၏​အ​ဖ​ဖြစ်​၏) နှင့်​တ​ကွ​ပတ်​ဝန်း ကျင်​ရှိ​စား​ကျက်​များ​ကို​သူ​တို့​အား​ပေး​ကြ​၏။-

သင်​တို့​သည်​သွား​၍​တစ်​ဖန်​သေ​ချာ​အောင် ပြု​ကြ​လော့။ သူ​သည်​အ​ဘယ်​အ​ရပ်​တွင်​ရှိ သည်​ကို​လည်း​ကောင်း၊ ထို​အ​ရပ်​တွင်​သူ့​အား အ​ဘယ်​သူ​တွေ့​ရှိ​ခဲ့​သည်​ကို​လည်း​ကောင်း အ​သေ​အ​ချာ​စုံ​စမ်း​ကြ​လော့။ သူ​သည် အ​လွန်​ပါး​နပ်​လိမ္မာ​သည်​ဟု​ငါ​ကြား​သိ ရ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ