၁ ရာ 30:21Common Language Bibleထိုနောက်မောပန်းလွန်းသဖြင့် မိမိနှင့်မလိုက်နိုင် ဘဲဗေသော်ချောင်းအနီးတွင် နေရစ်သူလူနှစ်ရာ ရှိရာသို့ဒါဝိဒ်ပြန်လည်ရောက်ရှိလာ၏။ ထိုသူ တို့သည်ခရီးဦးကြိုပြုရန်ထွက်လာ၍ ဒါဝိဒ် တို့လူစုအားနှုတ်ဆက်ကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုနောက်ဂိဒေါင်သည်သုကုတ်မြို့သားတို့ထံ သွား၍``ငါ့အားသင်တို့အကူအညီပေးရန် ငြင်းဆိုခဲ့သည်ကိုမှတ်မိကြလိမ့်မည်။ သင် တို့ကငါသည်ဇေဘဟနှင့်ဇာလမုန္နကို ဖမ်းဆီး၍မရသေးသဖြင့် ငါ၏မောပန်း နွမ်းနယ်နေသည့်တပ်သားတို့အားစားနပ် ရိက္ခာမပေးနိုင်ဟုဆိုခဲ့ကြ၏'' ဟုပြော ဆိုပြီးလျှင်၊-
သို့ရာတွင်ဒါဝိဒ်နှင့်အတူလိုက်ပါသွားသူများ အနက် စိတ်သဘောထားသေးသိမ်ယုတ်မာသောလူ အချို့တို့က``ထိုသူတို့သည်ငါတို့နှင့်အတူမလိုက် ခဲ့ကြသဖြင့် သူတို့အားတိုက်ရာပါပစ္စည်းကိုမျှ မပေးနိုင်ပါ။ သူတို့သည်မိမိတို့ဇနီးသားသမီး များကိုခေါ်၍ထွက်ခွာသွားနိုင်ပါသည်'' ဟုဆို ကြ၏။