၁ ရာ 30:15Common Language Bibleဒါဝိဒ်က``သင်သည်ထိုလူစုရှိရာသို့ငါ့ကို လမ်းပြပါမည်လော'' ဟုမေးလျှင်၊ လူငယ်က``အရှင်သည်ကျွန်တော်ကိုမသတ်၊ ကျွန်တော်၏သခင်လက်သို့မပေးအပ်ပါဟူ ၍ဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ ကတိပြုပါလျှင်အရှင့်အားလမ်းပြပါ မည်'' ဟုဆိုပြီးလျှင်၊- အခန်းကိုကြည့်ပါ။ |
ထိုနောက်သူသည်ထိုဘုရင်၏ဆွေတော်မျိုး တော်တစ်ဦးကိုခေါ်ယူ၍ ငြိမ်းချမ်းရေးစာ ချုပ်ကိုချုပ်ဆိုပြီးလျှင်သူ့အားကျမ်းသစ္စာ ကျိန်ဆိုစေ၏။ ဣသရေလနိုင်ငံနှိမ့်ချခံရ လျက် ဣသရေလအမျိုးသားတို့နောက်တစ် ဖန်မပုန်ကန်နိုင်ကြစေရန်နှင့်၊ ငြိမ်းချမ်းရေး စာချုပ်ကိုလိုက်နာစောင့်ထိန်းခြင်းအားဖြင့် သာရှင်သန်နိုင်ကြစေရန် အရေးပါအရာ ရောက်သူများကိုဋ္ဌားစာခံအဖြစ်ဖြင့် ခေါ်ဆောင်သွား၏။-
အရှင်ထာဝရဘုရားက``ငါသည်အသက် ရှင်တော်မူသောဘုရားဖြစ်တော်မူသည် နှင့်အညီ ဤမင်းသည်မိမိကျိန်ဆိုထား သည့်ကျမ်းသစ္စာကိုမလေးစားဘဲ၊ မိမိ အားနန်းတင်ခဲ့သည့်ဗာဗုလုန်မင်းနှင့် ချုပ်ဆိုထားသည့်ငြိမ်းချမ်းရေးစာချုပ် ကိုလည်းကောင်း ချိုးဖောက်သည့်အတွက် ဗာဗုလုန်မြို့တွင်သေရလိမ့်မည်။-
အာခိတ်သည်ဒါဝိဒ်ကိုခေါ်ပြီးလျှင်``သင်သည် ငါ့အပေါ်၌သစ္စာစောင့်ကြောင်းကိုဣသရေလ အမျိုးသားတို့ကိုးကွယ်သည့်အသက်ရှင်တော် မူသောဘုရားသခင်ကိုတိုင်တည်၍ငါကျိန်ဆို ပါ၏။ ငါသည်သင့်အားငါနှင့်အတူစစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်စေလိုပါ၏။ ငါ၏ထံသို့ သင်ဝင်ရောက်လာသည့်နေ့မှစ၍သင့်အပေါ် တွင်အပြစ်တစ်စုံတစ်ရာကိုမျှငါမတွေ့ မမြင်ပါ။ သို့ရာတွင်အခြားဘုရင်တို့က သဘောမတူကြပါ။-