Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 3:20

Common Language Bible

သို့​ဖြစ်​၍​ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ရော​ဖက်​အ​မှန်​ပင်​ဖြစ်​ကြောင်း​ကို တိုင်း​ပြည် တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အ​ရှင့်​အား​အ​ကျွန်ုပ်​အ​ကြံ​ပေး​လို​သည်​မှာ သ​မုဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​ကို​နိုင်​ငံ တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​ခေါ်​ယူ​စေ​ရန်​ဖြစ် ပါ​၏။ ထို​နောက်​သူ​တို့​အား​အ​ရှင်​ကိုယ်​တိုင် ခေါင်း​ဆောင်​၍​စစ်​ပွဲ​သို့​ဝင်​တော်​မူ​ပါ။-

သူ​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​ယု​ဒ ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​တစ်​ဝန်း​လုံး​ရှိ​လူ တို့​သည် မိ​မိ​တို့​အိမ်​ထောင်​စု​အ​သီး​သီး​ပိုင် စ​ပျစ်​ခြံ၊ သင်္ဘော​သ​ဖန်း​ခြံ​တွင်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ကြ​လေ​သည်။

သို့​ရာ​တွင်​သင်​၏​ဟော​ကြား​ချက်​မှန်​သ​မျှ သည်​မှန်​ကန်​လာ​ရ​မည်​ဖြစ်​သည့်​အ​တိုင်း အ​ကောင်​အ​ထည်​ပေါ်​လာ​သော​အ​ခါ မိ​မိ တို့​အ​လယ်​တွင်​ပ​ရော​ဖက်​တစ်​ပါး​ရောက် ရှိ​နေ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ငါ​သည်​သင်​တို့​၏​သား​အ​ချို့​ကို​ပ​ရော ဖက်​အ​ဖြစ်​နှင့်​လည်း​ကောင်း၊ သင်​တို့​၏ လူ​ငယ်​အ​ချို့​ကို​နာ​ဇ​ရိ​လူ​အ​ဖြစ်​နှင့် လည်း​ကောင်း​ရွေး​ကောက်​ခဲ့​ပြီ။ အို ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ဤ​အ​ချက်​သည်​အ​မှန် ပင်​ဖြစ်​သည်​မ​ဟုတ်​လော။ ဤ​သည်​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-

မိ​မိ​လူ​စု​တော်​အား​ပိုင်​ဆိုင်​ခွင့်​ကို​ပေး တော်​မူ​၏။ ဤ​အ​ဖြစ်​အ​ပျက်​အ​ထိ​နှစ် ပေါင်း​လေး​ရာ့​ငါး​ဆယ်​ကြာ​ခဲ့​၏။ ထို​နောက်​ပ​ရော​ဖက်​ရှ​မွေ​လ​ပေါ်​ထွန်း​ချိန် အ​ထိ တ​ရား​သူ​ကြီး​များ​ကို​ပေါ်​ထွန်း​စေ တော်​မူ​၏။-

``ပ​ရော​ဖက်​တစ်​ဦး​က​ဆင့်​ဆို​သော​စ​ကား​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လာ​သည်​မ​လာ သည်​ကို​သင်​တို့​သိ​လို​လိမ့်​မည်။-

ငါ​သည်​ဤ​အ​မှု​တော်​ကို​ဆောင်​ရွက်​နိုင်​ရန် ငါ့​အား​ခွန်​အား​ကို​ပေး​တော်​မူ​သော ငါ​တို့ အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၏။ ငါ​သည်​ယ​ခင်​က​ကိုယ်​တော်​အား ပုတ်​ခတ်​ပြော​ဆို​ခဲ့​သူ၊ ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​သူ၊ စော်​ကား​ခဲ့​သူ​ဖြစ်​သော်​လည်း​ကိုယ်​တော်​သည် ငါ့​အား​ထိုက်​တန်​သူ​ဟု​မှတ်​ယူ​တော်​မူ​လျက် ဤ​အ​လုပ်​တာ​ဝန်​ကို​အပ်​နှင်း​တော်​မူ​သော ကြောင့်​ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၏။ ထို​စဉ်​အ​ခါ​က​ငါ​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​သူ​မ​ဟုတ်​သ​ဖြင့် မ​သိ​နား​မ​လည် သည့်​အ​တွက် ယင်း​သို့​ပြု​ကျင့်​မိ​ခဲ့​ခြင်း​ဖြစ်​၏။ ထို့​ကြောင့်​ကိုယ်​တော်​သည်​ငါ့​အား​က​ရု​ဏာ ထား​တော်​မူ​ပေ​သည်။-

မြောက်​ဘက်​ရှိ​ဒန်​မြို့​မှ​တောင်​ဘက်​ရှိ​ဗေ​ရ ရှေ​ဗ​မြို့​တိုင်​အောင် အ​ရပ်​ရပ်​မှ​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​ဂိ​လဒ်​ပြည်​မှ​လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စစ်​တိုက်​ရန်​ဖိတ်​ခေါ်​ချက်​အ​ရ တစ်​စု​တစ်​ရုံး တည်း​မိ​ဇ​ပါ​မြို့​တွင်​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​လာ​ရောက်​စု​ဝေး​ကြ​လေ​သည်။-

ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင်၊ ထို နောက်​ဗာ​ရက်၊ ထို​နောက်​ယေ​ဖ​သ၊ နောက်​ဆုံး ၌​ငါ့​အား​စေ​လွှတ်​တော်​မူ​၏။ ငါ​တို့​အ​သီး သီး​သည်​သင်​တို့​အား​ရန်​သူ​များ​လက်​မှ ကယ်​ခဲ့​ကြ​သ​ဖြင့် သင်​တို့​သည်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ