Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 3:14

Common Language Bible

သို့​ဖြစ်​၍​အ​ဘယ်​ယဇ်​အ​ဘယ်​ပူ​ဇော်​သကာ​မျှ ဤ​ဆိုး​ရွား​သော​အ​ပြစ်​ကို​ဖြေ​လွတ်​အောင်​စွမ်း ဆောင်​နိုင်​လိမ့်​မည်​မ​ဟုတ်​ကြောင်း ငါ​သည်​ဧ​လိ အိမ်​ထောင်​စု​အား​အ​လေး​အ​နက်​မြွက်​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​သည်​ယဇ်​ပူ​ဇော်​ခြင်း​ကို အ​လို​ရှိ​တော်​မ​မူ​ပါ။ သို့​မ​ဟုတ်​လျှင်​ကျွန်​တော်​မျိုး​သည် ယဇ်​ပူ​ဇော်​ပါ​မည်။ ကိုယ်​တော်​ရှင်​သည်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ များ​ကို နှစ်​သက်​တော်​မ​မူ​ပါ။

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော် တိုင်​ပင်​ငါ့​အား``ထို​သူ​တို့​သည်​ဤ​မ​ကောင်း မှု​အ​တွက်​မိ​မိ​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး အ​ဘယ်​အ​ခါ​၌​မျှ​အ​ပြစ်​ဖြေ​လွှတ် ရကြ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​အ​နန္တ​တန်​ခိုး ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စကား ပင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ပါ​၏။

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``အ​ကယ် ၍​မော​ရှေ​နှင့်​ရှ​မွေ​လ​တို့​ဤ​တွင်​ရပ်​လျက် ငါ့ အား​တောင်း​ပန်​လျှောက်​လဲ​ကြ​စေ​ကာ​မူ ငါ သည်​ဤ​သူ​တို့​အား​က​ရု​ဏာ​ပြ​လိမ့်​မည် မ​ဟုတ်။ သူ​တို့​အား​ငါ​၏​ရှေ့​မှောက်​မှ​ထွက် ခွာ​သွား​စေ​ရန်​နှင်​ထုတ်​လော့။-

``အ​ချင်း​ယေ​ရ​မိ၊ ဤ​လူ​တို့​အ​ဖို့​ဆု​တောင်း ပတ္ထ​နာ​မ​ပြု​နှင့်။ သူ​တို့​အ​တွက်​တောင်း​ပန်​မှု ကို​သော်​လည်း​ကောင်း၊ အ​သ​နား​ခံ​မှု​ကို သော်​လည်း​ကောင်း​မ​ပြု​နှင့်။ ငါ​သည်​သင် ၏​စ​ကား​ကို​နား​ထောင်​လိမ့်​မည်​မ​ဟုတ် သ​ဖြင့်​ငါ့​အား​မ​လျှောက်​မ​လဲ​နှင့်။-

အို ယေ​ရု​ရှင်​လင်​မြို့၊ သင်​သည်​အ​ကျင့်​ပျက်​မှု များ​ဖြင့် မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း​စေ​လေ​ပြီ။ ငါ သည်​သင့်​အား​သန့်​စင်​အောင်​ပြု​သော်​လည်း သင်​သည်​ညစ်​ညမ်း​၍​နေ​၏။ ငါ​၏​အ​မျက်​တော် ဒဏ်​ကို​မ​ခံ​ရ​မ​ချင်း​သင်​သည်​သန့်​စင်​လာ လိမ့်​မည်​မ​ဟုတ်။-

ထာ​ဝ​ရ​ဘု​ရား​သည်​စ​ခန်း​အ​လယ်​တွင် တည် ရှိ​သည့်​စံ​တော်​မူ​ရာ​တဲ​တော်​ကို​မ​ညစ်​ညမ်း စေ​ခြင်း​အ​လို့​ငှာ မ​သန့်​စင်​သော​အ​မှု​များ နှင့်​ဆိုင်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မော​ရှေ​အား​ဖြင့်​သ​တိ​ပေး​တော်​မူ​၏။ အ​ကယ်​၍​သူ​တို့​သည်​တဲ​တော်​ကို ညစ်​ညမ်း စေ​လျှင်​အ​သက်​သေ​ဆုံး​ရ​ကြ​မည်။

လူ​အ​ချင်း​ချင်း​ပြစ်​မှား​သူ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​သည်​ကာ​ကွယ်​စောင့်​ရှောက်​နိုင်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​သော​သူ​ကို​မူ ကား​အ​ဘယ်​သူ​ကာ​ကွယ်​စောင့်​ရှောက်​နိုင်​ပါ မည်​နည်း'' ဟု​သား​တို့​အား​ပြော​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဖ​ခင်​၏​စ​ကား​ကို နား​မ​ထောင်​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​ကွပ်​မျက် ရန်​ဆုံး​ဖြတ်​ထား​ပြီး​ဖြစ်​သော​ကြောင့်​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ