၁ ရာ 3:1Common Language Bibleသူငယ်ရှမွေလသည်ဧလိညွှန်ကြားမှုကို ခံယူကာ ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်လျက်နေ၏။ ထိုကာလ၌ထာဝရ ဘုရားထံမှဗျာဒိတ်တော်များကိုများစွာ မကြားရကြ။ ဗျာဒိတ်ရူပါရုံများကို လည်းမြင်တွေ့ရမှုနည်းပါးလေသည်။- အခန်းကိုကြည့်ပါ။ |
ဘေးဒုက္ခတို့သည်တစ်ခုပြီးတစ်ခုသက်ရောက် လာလျက် သင်တို့သည်သတင်းဆိုးများကို အဆက်မပြတ်ကြားရကြလိမ့်မည်။ သင်တို့ သည်ပရောဖက်တို့အားသူတို့တွေ့မြင်ရ သည့်ဗျာဒိတ်ရူပါရုံများကိုဖော်ပြရန် တောင်းပန်ကြလိမ့်မည်။ ယဇ်ပုရောဟိတ်များ တို့မှာလည်း လူတို့အားဟောပြောသွန်သင် ရန်အဘယ်အရာမျှရှိလိမ့်မည်မဟုတ်။ အသက်ကြီးသူတို့သည်လည်းအဘယ်သို့ မျှအကြံဉာဏ်ပေးနိုင်ကြလိမ့်မည်မဟုတ်။-
အသက်မသေဘဲကျန်ရစ်သည့်သင်၏သားမြေး မှန်သမျှသည် ထိုယဇ်ပုရောဟိတ်ထံသို့သွား ရောက်၍ ကြေးငွေနှင့်အစားအစာတို့ကိုအသ နားခံရကြလိမ့်မည်။ သူတို့သည်အစားအစာ ရရှိရေးအတွက် ယဇ်ပုရောဟိတ်များအမှု ဆောင်ရာ၌ပါဝင်ကူညီခွင့်ရရှိရန်တောင်း ပန်အသနားခံရကြလိမ့်မည်။