၁ ရာ 29:6Common Language Bibleအာခိတ်သည်ဒါဝိဒ်ကိုခေါ်ပြီးလျှင်``သင်သည် ငါ့အပေါ်၌သစ္စာစောင့်ကြောင်းကိုဣသရေလ အမျိုးသားတို့ကိုးကွယ်သည့်အသက်ရှင်တော် မူသောဘုရားသခင်ကိုတိုင်တည်၍ငါကျိန်ဆို ပါ၏။ ငါသည်သင့်အားငါနှင့်အတူစစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်စေလိုပါ၏။ ငါ၏ထံသို့ သင်ဝင်ရောက်လာသည့်နေ့မှစ၍သင့်အပေါ် တွင်အပြစ်တစ်စုံတစ်ရာကိုမျှငါမတွေ့ မမြင်ပါ။ သို့ရာတွင်အခြားဘုရင်တို့က သဘောမတူကြပါ။- အခန်းကိုကြည့်ပါ။ |
ပြည်တော်တွင်ကောင်းချီးမင်္ဂလာခံယူလိုသူ မှန်သမျှသည်သစ္စာတော်အရှင်၊ ဘုရားသခင် ၏ကောင်းချီးမင်္ဂလာကိုတောင်းခံကြလိမ့်မည်။ ကျိန်ဆိုပြောဆိုသူမှန်သမျှသည်လည်း သစ္စာတော်အရှင်၊ ဘုရားသခင်၏နာမတော် ကိုတိုင်တည်ကျိန်ဆိုကြလိမ့်မည်။ အတိတ် ကာလကဆင်းရဲဒုက္ခများသည်ကွယ်ပျောက် သွားလိမ့်မည်။ ယင်းတို့ကိုလူတို့သည်မေ့ လျော့သွားကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
အကယ်၍သူတို့သည်ငါ့လူမျိုးတော်၏ ဘာသာတရားကိုလက်ခံကာ အခါတစ်ပါး ကဗာလဘုရားအားတိုင်တည်ကျိန်ဆိုမှု ကိုသူတို့သည် ငါ၏လူမျိုးတော်အားသင် ကြားပေးခဲ့သည့်နည်းတူယခုအခါ`ထာဝရ ဘုရားအသက်ရှင်တော်မူသည့်အတိုင်း' ဟု ငါ၏နာမတော်အားဖြင့်ကျိန်ဆိုကြပါမူ သူတို့သည်ငါ၏လူမျိုးတော်တွင်အပါ အဝင်ဖြစ်လျက်ကောင်းစားကြလိမ့်မည်။-
မယုံကြည်သူတို့သည်သင်တို့အားမကောင်း မှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက်နေ ကြစဉ် သင်တို့၏အကျင့်ကောင်းများကိုမြင် သဖြင့်ဘုရားသခင်ကြွလာတော်မူရာနေ့ ၌ ကိုယ်တော်၏ဘုန်းအသရေတော်ကိုချီးကူး ကြစေရန် သင်တို့သည်ထိုသူတို့ရှေ့တွင်တင့် တယ်လျောက်ပတ်စွာပြုမူကျင့်ကြံလျက် နေကြလော့။
သို့ရာတွင်ဒါဝိဒ်က``သင်ကျွန်ုပ်အားအဘယ် မျှခင်မင်သည်ကို သင်၏ခမည်းတော်ကောင်း စွာသိပါ၏။ သင်သည်စိတ်မချမ်းမသာ ဖြစ်မည်စိုးသဖြင့် သူသည်မိမိ၏အကြံ အစည်ကိုသင့်အားမပြောကြားဘဲနေ လေပြီ။ ကျွန်ုပ်သည်သေဘေးနှင့်ခြေတစ် လှမ်းမျှသာကွာတော့ကြောင်း အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင် တည်၍သင့်အားကျိန်ဆိုဖော်ပြပါ၏'' ဟုပြန်ပြော၏။
ဖိလိတ္တိတပ်မှူးတို့သည်သူတို့ကိုမြင်လျှင်``ဤ ဟေဗြဲအမျိုးသားတို့သည်အဘယ်ကြောင့်ငါ တို့နှင့်အတူလိုက်လာကြသနည်း'' ဟုမေး၏။ အာခိတ်က``သူသည်ဣသရေလဘုရင်ရှောလု ၏အစေခံဒါဝိဒ်ဖြစ်၏။ ငါ့ထံတွင်နေထိုင် လျက်ရှိသည်မှာကာလအတော်ကြာပါပြီ။ ငါ့ဘက်သို့ဝင်ရောက်လာသည့်နေ့မှစ၍သူ ၏အပေါ်တွင်အပြစ်ဆိုစရာတစ်စုံတစ်ခု မျှမတွေ့ရပါ'' ဟုပြော၏။
ထို့ကြောင့်သူတို့သည်ဖိလိတ္တိဘုရင်ငါးပါး တို့ထံစေတမန်များလွှတ်၍ဖိတ်ခေါ်ပြီး လျှင်``ဣသရေလအမျိုးသားတို့ကိုးကွယ် သောဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုငါ တို့အဘယ်သို့ပြုရကြမည်နည်း'' ဟုမေး ကြ၏။ ဘုရင်တို့က``ဂါသမြို့သို့ပင့်ဆောင်သွား ကြလော့'' ဟုဆိုသဖြင့်ပဋိညာဉ်သေတ္တာ တော်ကိုအခြားဖိလိတ္တိမြို့တစ်မြို့ဖြစ် သောဂါသမြို့သို့ပင့်ဆောင်သွားကြ၏။-