Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 29:1

Common Language Bible

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏​စစ် သည်​အ​ပေါင်း​တို့​ကို အာ​ဖက်​မြို့​တွင်​စု​ဝေး စေ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ယေ​ဇ​ရေ​လ​ချိုင့်​ဝှမ်း​ရှိ​စမ်း​ချောင်း​အ​နီး တွင်​စ​ခန်း​ချ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ထို​မြို့​တွင်​ဂိ​လဒ်​နယ်၊ အာ​ရှာ​နယ်၊ ယေ​ဇ​ရေ​လ​နယ်၊ ဧ​ဖ​ရိမ်​နယ်၊ ဗင်္ယာ​မိန်​နယ် အ​စ​ရှိ​သော​ဣသ​ရေ​လ​ပြည်​တစ်​ခု​လုံး​အ​တွက် ဣ​ရှ​ဗော​ရှက်​အား​မင်း​မြှောက်​လေ​သည်။-

ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ချီး မြှောက်​ခြင်း​ကို​ခံ​ရ​ကြောင်း​ဖိ​လိတ္တိ​အ​မျိုး သား​တို့​ကြား​သိ​ကြ​သ​ဖြင့်​သူ့​ကို​ဖမ်း​ဆီး ရန်​ချီ​တက်​လာ​ကြ​၏။ ထို​သ​တင်း​ကို​ဒါ​ဝိဒ် ကြား​သော​အ​ခါ​ခံ​တပ်​ရှိ​ရာ​သို့​ကြွ​တော် မူ​၏။-

ကျန်​ကြွင်း​သော​သူ​တို့​သည်​အာ​ဖက်​မြို့​ထဲ​သို့ ဝင်​ပြေး​ကြ​ရာ လူ​ပေါင်း​နှစ်​သောင်း​ခု​နစ်​ထောင် အ​ပေါ်​သို့​မြို့​ရိုး​ပြို​ကျ​လေ​၏။ ဗင်္ဟာ​ဒဒ်​သည်​လည်း​မြို့​ထဲ​သို့​ဝင်​ပြေး​ပြီး​လျှင် အိမ်​တစ်​အိမ်​ရှိ​အ​တွင်း​ခန်း​တစ်​ခု​တွင်​ပုန်း အောင်း​၍​နေ​၏။-

ယေ​ဇ​ရေ​လ​မြို့​ရှိ​အာ​ဟပ်​မင်း​၏​နန်း​တော် အ​နီး​တွင် နာ​ဗုတ်​ဆို​သူ​ပိုင်​သည့်​စ​ပျစ် ဥ​ယျာဉ်​ရှိ​သည်​ဖြစ်​၍၊-

ယေဇ​ဗေ​လ​နှင့်​ပတ်​သက်​၍​ထာ​ဝ​ရ​ဘု​ရား က`ယေ​ဇ​ရေ​လ​မြို့​တွင်​ထို​အ​မျိုး​သ​မီး​၏ အ​လောင်း​သည်​ခွေး​စာ​ဖြစ်​လိမ့်​မည်။ သူ​၏ ဆွေ​မျိုး​မှန်​သ​မျှ​တို့​သည်​လည်း​မြို့​တွင်း ၌​သေ​လျှင်​ခွေး​စာ၊-

ယေ​ဟု​သည်​ယေ​ဇ​ရေ​လ​မြို့​သို့​ရောက်​ရှိ​လာ ၏။ ယေ​ဇ​ဗေ​လ​သည်​ဖြစ်​ပျက်​သည့်​အ​ကြောင်း အ​ရာ​ကို​ကြား​သိ​ပြီး​ဖြစ်​သ​ဖြင့် မိ​မိ​၏​မျက် ခမ်း​တို့​ကို​ဆေး​ဆိုး​၍​ဆံ​ပင်​ကို​အ​လှ​ပြင် ကာ နန်း​တော်​ပြူ​တင်း​မှ​လမ်း​သို့​မျှော်​ကြည့် လျက်​နေ​၏။-

ယေ​ဟု​အား​အ​စီ​ရင်​ခံ​ကြ​၏။ ထို​အ​ခါ ယေ​ဟု​က``ယေ​ဇ​ဗေ​လ​သည်​ယေ​ဇ​ရေ​လ အ​ရပ်​တွင်​ခွေး​စာ​ဖြစ်​လိမ့်​မည်။-

ဂေ​ဗ​လ၊အမ္မုန်၊အာ​မ​လက်၊ဖိ​လိတ္တိ​အ​မျိုး​သား များ​နှင့် တု​ရု​မြို့​သား​များ​ပါ​ဝင်​ကြ​၏။

ထို​အ​ခါ​သူ​တို့​က``တောင်​ကုန်း​ဒေ​သ​သည် အ​ကျွန်ုပ်​တို့​နေ​ထိုင်​ရန်​အ​တွက်​ကျဉ်း​မြောင်း ပါ​သည်။ ဗက်​ရှန်​နှင့်​ပတ်​ဝန်း​ကျင်​မြို့​များ အ​နီး​ရှိ​မြေ​ပြန့်​၌​လည်း​ကောင်း၊ ယေ​ဇ​ရေ လ​ချိုင့်​ဝှမ်း​၌​လည်း​ကောင်း​နေ​ထိုင်​သော ခါ​နာန်​အ​မျိုး​သား​များ​တွင်​သံ​စစ်​ရ​ထား များ​ရှိ​ကြ​ပါ​သည်'' ဟု​လျှောက်​ဆို​ကြ​၏။

ထို​နယ်​မြေ​တွင်​ယေ​ဇ​ရေ​လ​မြို့၊ ခေ​သု လုတ်​မြို့၊ ရှု​နင်​မြို့၊-

အုမ္မ​မြို့၊ အာ​ဖက်​မြို့၊ ရ​ဟော​ဘ​မြို့​ကြီး​နှစ် ဆယ့်​နှစ်​မြို့​နှင့် ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ မြို့​များ​ပါ​ဝင်​လေ​သည်။-

ထို​အ​ခါ​မိ​ဒျန်​အ​မျိုး​သား​များ၊ အာ​မ​လက် အ​မျိုး​သား​များ၊ သဲ​ကန္တာ​ရ​နေ​လူ​မျိုး​အ​ပေါင်း တို့​သည်​စု​ဝေး​၍​ယော်​ဒန်​မြစ်​ကို​ဖြတ်​ပြီး​လျှင် ယေ​ဇ​ရေ​လ​ချိုင့်​တွင်​စ​ခန်း​ချ​ကြ​၏။-

တစ်​နေ့​သ​၌​ဂိဒေါင်​နှင့်​တ​ကွ​သူ​နှင့်​ပါ​လာ သော​လူ​အ​ပေါင်း​တို့​သည်​နံ​နက်​စော​စော​ထ ၍ ဟာ​ရုတ်​စမ်း​အ​နီး​၌​တပ်​ချ​ကြ​၏။ မိ​ဒျန် အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​သည်​သူ​တို့ ၏​မြောက်​ဘက်​မော​ရ​တောင်​ကုန်း​အ​နီး​ရှိ ချိုင့်​ထဲ​၌​ရှိ​သ​တည်း။

ထို​နောက်​ထို​အ​စား​အ​စာ​ကို​ရှော​လု​နှင့် ငယ်​သား​တို့​အား​ကျွေး​၏။ သူ​တို့​သည်​စား သောက်​ကြ​ပြီး​လျှင်​ထို​ညဥ့်​၌​ပင်​ထွက် ခွာ​သွား​ကြ​၏။

ဖိ​လိတ္တိ​အ​မျိုး​သား​စစ်​သည်​များ​သည်​ရှု​နင် မြို့​အ​နီး​တွင်​စု​ရုံး​၍​တပ်​စ​ခန်း​ချ​လျက်​နေ ကြ​၏။ ရှော​လု​မူ​ကား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ဂိ​လ​ဗော​တောင် ထိပ်​တွင်​တပ်​စ​ခန်း​ချ​လျက်​နေ​၏။-

ထို​အ​ခါ​ကာ​လ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​စစ်​တိုက်​ရန် ချီ​တက်​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ က​ဧ​ဗ​နေ​ဇာ​မြို့​တွင်​လည်း​ကောင်း၊ ဖိ​လိတ္တိ အ​မျိုး​သား​တို့​က​အာ​ဖက်​မြို့​တွင်​လည်း ကောင်း​တပ်​စ​ခန်း​ချ​ထား​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ