ထာဝရဘုရားသည်ငါ့အားဖြင့်မိန့်မြွက် တော်မူခဲ့သည့်အတိုင်း ယခုသင့်ကိုပြု တော်မူလေပြီ။ ကိုယ်တော်သည်သင်၏နိုင်ငံ ကိုသင့်ထံမှရုပ်သိမ်း၍ဒါဝိဒ်အားပေး အပ်တော်မူလေပြီ။-
ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဘို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသော နေ့အဘို့ဖန်ဆင်းတော်မူ၏။
ရှမွေလသည်သံလွင်ဆီကိုယူ၍ဒါဝိဒ်အား သူ၏အစ်ကိုများရှေ့တွင်ဘိသိက်ပေးလေ သည်။ ထိုနေ့မှအစပြု၍ဘုရားသခင်၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်သို့သက်ရောက် တည်နေတော်မူ၏။ ထိုနောက်ရှမွေလသည် ရာမမြို့သို့ပြန်လေ၏။
သင်သည်ဣသရေလဘုရင်ဖြစ်လာမည်ကို လည်းကောင်း၊ ဣသရေလပြည်သည်သင်၏ လက်ဝယ်ဆက်လက်တည်မြဲနေမည်ကိုလည်း ကောင်းယခုငါအသေအချာသိပါ၏။-
ရှမွေလက``ထာဝရဘုရားသည်သင့်ကို စွန့်တော်မူ၍ရန်ဘက်ဖြစ်ပါလျက် သင် သည်အဘယ်ကြောင့်ငါ့ကိုခေါ်ယူပါ သနည်း။-