နတ်ဝင်သည်မသည်ရှမွေလကိုမြင်လျှင် အသံကုန်အော်၍ရှောလုအား``အဘယ်ကြောင့် ကျွန်မအားလိမ်လည်လှည့်စားတော်မူပါ သနည်း။ အရှင်ကားရှောလုဘုရင်ပင်ဖြစ် ပါသည်တကား'' ဟုဆို၏။
မိုးလင်းချိန်ရောက်မှယာကုပ်သည်မိမိ၏မယားမှာ လေအာဖြစ်ကြောင်းသိရလေသည်။ သူသည်လာဗန် ထံသို့သွား၍``အဘယ်ကြောင့်ထိုသို့ပြုလုပ်ရပါ သနည်း။ ကျွန်ုပ်သည်ရာခေလကိုရရန်အတွက် အလုပ်လုပ်ခဲ့ပါသည်။ ကျွန်ုပ်ကိုအဘယ်ကြောင့် လှည့်စားပါသနည်း'' ဟုမေးလေ၏။
ထာဝရဘုရားက``ယေရောဗောင်၏မိဖုရား သည် ဖျားနာနေသောသားအကြောင်းကိုမေး မြန်းစုံစမ်းရန်လာလိမ့်မည်။ ထိုအခါသူ့ အားဤအတိုင်းပြောလော့'' ဟုမိန့်တော်မူ၏။ ယေရောဗောင်၏မိဖုရားသည်အဟိယထံသို့ ရောက်ရှိလာသောအခါ မိမိကိုယ်ကိုအခြား သူ၏အယောင်ကိုဆောင်၍လာ၏။-
နတ်ဝင်သည်မက``သင့်အတွက်အဘယ်သူ ကိုခေါ်ပေးရပါမည်နည်း'' ဟုမေး၏။ ရှောလု က``ရှမွေလ'' ဟုဆို၏။
မင်းကြီးကလည်း``မကြောက်နှင့်။ သင်မြင်သည့် အရာကိုငါ့အားဖော်ပြလော့'' ဟုမိန့်တော် မူ၏။ ထိုအမျိုးသမီးက``မြေထဲမှနတ်တစ်ပါး ပေါ်ထွက်လာသည်ကိုကျွန်မမြင်ပါ၏'' ဟု ဆိုလျှင်၊
ရှမွေလကွယ်လွန်ရာဣသရေလအမျိုး သားတစ်ရပ်လုံးသည်ငိုကြွေးမြည်တမ်းလျက် သူ၏နေရင်းဌာနရာမမြို့တွင်သူ၏အလောင်း ကိုသင်္ဂြိုဟ်ကြ၏။ ရှောလုသည်ဗေဒင်ဆရာနှင့် နတ်ဝင်သည်အပေါင်းတို့အားဣသရေလ ပြည်မှနှင်ထုတ် ထားတော်မူခဲ့၏။