Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 27:2

Common Language Bible

ထို့​ကြောင့်​မိ​မိ​၏​တပ်​သား​ခြောက်​ရာ​နှင့် အ​တူ​မော​ခ​၏​သား၊ ဂါ​သ​ဘု​ရင်​အာ​ခိတ် ထံ​သို့​ချက်​ချင်း​ထွက်​ခွာ​သွား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည်​ရှော​လု​မင်း​ထံ​တော်​မှ​ထွက်​ပြေး တိမ်း​ရှောင်​နေ​ချိန်​၌ ဇိ​က​လတ်​မြို့​တွင်​နေ​ထိုင် ၏။ ထို​အ​ခါ​လူ​အ​များ​ပင်​သူ​၏​ဘက်​သို့ ဝင်​ရောက်​လာ​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့​သည် ရှော​လု​နှင့်​ဆွေ​မျိုး​တော်​စပ်​သည့်​ဗင်္ယာ​မိန် အ​နွယ်​ဝင်​မှ စစ်​ရည်​ဝ​၍​အား​ကိုး​အား​ထား လောက်​သော​စစ်​သူ​ရဲ​များ​ဖြစ်​သ​တည်း။ သူ တို့​သည်​လက်ယာ​လက်​ဖြင့်​သော်​လည်း​ကောင်း၊ လက်​ဝဲ​လက်​ဖြင့်​သော်​လည်း​ကောင်း လောက်​လွှဲ နှင့်​လေး​ကို​ပစ်​ခတ်​နိုင်​ကြ​၏။-

ထို​နေ့​၌​ဒါ​ဝိဒ်​သည်​ရှော​လု​ထံ​မှ​တိမ်း ရှောင်​ကာ ဂါ​သ​ဘု​ရင်​အာ​ခိတ်​မင်း​ထံ​သို့ သွား​၏။-

ဘု​ရင့်​မှူး​မတ်​တို့​က``ဤ​ဒါ​ဝိဒ်​ဆို​သူ​သည် ဣ​သ​ရေ​လ​ဘု​ရင်​ပင်​မ​ဟုတ်​ပါ​လော။ အ​မျိုး သ​မီး​တို့​သည်​က​ခုန်​ကာ`ရှော​လု​သတ်​သူ အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​သတ်​သူ​အ​သောင်း သောင်း' ဟု​သူ​၏​အ​ကြောင်း​ကို​သီ​ချင်း​ဆို ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​လော'' ဟု​လျှောက် ထား​ကြ​၏။

ထို​အ​ခါ​ဒါ​ဝိဒ်​သည်​သူ​တို့​အား``ဋ္ဌား​ကို​ခါး တွင်​ပတ်​စည်း​ကြ​လော့'' ဟု​အ​မိန့်​ပေး​သည့် အ​တိုင်း​သူ​တို့​သည်​ပတ်​စည်း​ကြ​၏။ ဒါ​ဝိဒ် သည်​လည်း​မိ​မိ​၏​ဋ္ဌား​ကို​ခါး​တွင်​ပတ်​စည်း ကာ လူ​လေး​ရာ​ခန့်​နှင့်​အ​တူ​ထွက်​ခွာ​သွား လေ​သည်။ လူ​နှစ်​ရာ​ကို​မူ​စ​ခန်း​စောင့်​ရန် ထား​ခဲ့​၏။

ထို​အ​ခါ​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား အား``အ​ကျွန်ုပ်​သည်​ဤ​မြို့​ကို​တိုက်​ခိုက် လု​ယက်​သူ​တို့​၏​နောက်​သို့​လိုက်​ရ​ပါ​မည် လော။ သူ​တို့​အား​ဖမ်း​ဆီး​ရ​မိ​ပါ​မည် လော'' ဟု​မေး​လျှောက်​၏။ ကိုယ်​တော်​က``သူ​တို့​၏​နောက်​သို့​လိုက်​လော့။ သင် သည်​သူ​တို့​ကို​ဖမ်း​ဆီး​ရ​မိ​၍​သုံ့​ပန်း​များ ကို​ကယ်​ဆယ်​နိုင်​လိမ့်​မည်'' ဟု​ပြန်​လည်​မိန့် ကြား​တော်​မူ​၏။

သို့​ဖြစ်​၍​ဒါ​ဝိဒ်​နှင့်​လူ​ခြောက်​ရာ​တို့​သည် ထွက်​ခွာ​သွား​ကြ​ရာ​ဗေ​သော်​ချောင်း​သို့​ရောက် ရှိ​သော​အ​ခါ အ​ချို့​သော​သူ​တို့​သည်​ထို အ​ရပ်​တွင်​နေ​ရစ်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ