Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 27:12

Common Language Bible

သို့​ရာ​တွင်​အာ​ခိတ်​သည်​ဒါ​ဝိဒ်​၏​စကား​ကို ယုံ​ကြည်​သ​ဖြင့်``ဤ​လူ​သည်​မိ​မိ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​မုန်း​တီး​မှု​ကို​လွန်​စွာ​ခံ​ရ ပြီ​ဖြစ်​၍​တစ်​သက်​လုံး​ငါ​၏​အ​စေ​ကို​ခံ​ရ ပေ​အံ့'' ဟု​တွေး​တော​လျက်​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ယာ​ကုပ်​က​ရှိ​မောင်​နှင့်​လေ​ဝိ​တို့ အား``သင်​တို့​သည်​ငါ့​ကို​ဒုက္ခ​ရောက်​စေ​ပြီ။ ဤ ပြည်​မှ​ခါ​နာန်​အ​မျိုး​သား​နှင့်​ဖေ​ရ​ဇိ​အ​မျိုး သား​တို့​သည်​ငါ့​ကို​မုန်း​ကြ​လိမ့်​မည်။ ငါ့​ထံ​၌ လူ​အင်​အား​အ​နည်း​ငယ်​သာ​ရှိ​သည်။ အ​ကယ်​၍ သူ​တို့​စည်း​ရုံး​ကြ​ပြီး​လျှင်​ငါ့​ကို​တိုက်​ခိုက် ပါ​က ငါ​တို့​မိ​သား​စု​အား​လုံး​သေ​ကြေ ပျက်​စီး​ရ​ကြ​လိမ့်​မည်'' ဟု​ပြော​လေ​၏။

အမ္မုန်​ပြည်​သား​တို့​သည်​ဒါ​ဝိဒ်​အား​မိ​မိ​တို့ ရန်​ဘက်​ပြု​မိ​ကြ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ​လာ သ​ဖြင့် ဗက်​ရ​ဟော​ဘ​မြို့​နှင့်​ဇော​ဘ​မြို့​တို့ မှ​ရှု​ရိ​စစ်​သည်​နှစ်​သောင်း​ကို​လည်း​ကောင်း၊ တော​ဘ​မြို့​မှ​လူ​တစ်​သောင်း​နှစ်​ထောင်​အ​ပြင် မာ​ခါ​မင်း​နှင့်​လူ​တစ်​ထောင်​ကို​လည်း​ကောင်း ငှား​ရမ်း​ကြ​၏။-

``ဖာ​ရော​ဘု​ရင်​နှင့်​သူ​၏​အ​ရာ​ရှိ​တို့​က​ကျွန်ုပ် တို့​အား​ရွံ​မုန်း​လာ​စေ​ရန် သင်​တို့​ပြု​လုပ်​သည့် အ​တွက်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ အား​စီ​ရင်​တော်​မူ​ပါ​စေ​သော။ ကျွန်ုပ်​တို့​အား သတ်​ရန်​သင်​တို့​သည်​သူ​တို့​လက်​၌​ဋ္ဌား​ကို အပ်​ပေး​လေ​ပြီ'' ဟု​ဆို​ကြ​၏။

ဖိ​လိတ္တိ​တပ်​မှူး​အား​ရှော​လု​သတ်​ဖြတ်​လိုက် ကြောင်း​နှင့် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မုန်း​တီး ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြား သိ​ရ​သ​ဖြင့် ရှော​လု​၏​ဆင့်​ဆို​ချက်​အ​တိုင်း ဂိ​လ​ဂါ​လ​မြို့​သို့​လာ​ရောက်​စု​ရုံး​ကြ​၏။

ဒါ​ဝိဒ်​သည်​မိ​မိ​ပြု​ခဲ့​သ​မျှ​တို့​ကို​အ​ဘယ် သူ​မျှ​ဂါ​သ​မြို့​သို့​သတင်း​မ​ပို့​နိုင်​စေ​ရန် ယောကျာ်း၊ မိန်း​မ​ရှိ​သ​မျှ​တို့​ကို​သတ်​ဖြတ် လေ​သည်။ သူ​သည်​ဖိ​လိတ္တိ​ပြည်​တွင်​နေ​ထိုင် ခဲ့​သည့်​ကာ​လ​ပတ်​လုံး​ဤ​နည်း​အ​တိုင်း ပြု​ခဲ့​သ​တည်း။-

ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​ခိုက်​ရန်​စစ်​သည်​များ​ကို​စု​ရုံး​ကြ​၏။ ထို​အ​ခါ​အာ​ခိတ်​သည်​ဒါ​ဝိဒ်​အား``သင်​တို့ လူ​စု​သည်​ငါ​၏​ဘက်​မှ​နေ​၍​တိုက်​ရ​ကြ မည်'' ဟု​ဆို​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ