၁ ရာ 27:10Common Language Bibleအာခိတ်ကလည်းသူ့အား``ယခုအကြိမ်သင် သည်အဘယ်အရပ်သို့သွားရောက်တိုက်ခိုက်ခဲ့ ပါသနည်း'' ဟုမေးမြန်းလေ့ရှိ၏။ ထိုအခါ ဒါဝိဒ်ကယုဒပြည်တောင်ပိုင်းယေရမေလ အနွယ်ဝင်တို့နယ်မြေ၊ ကေနိအမျိုးသားတို့ ၏နယ်မြေစသည်တို့ကိုသွားရောက်ခဲ့ကြောင်း လျှောက်ထားလေ့ရှိ၏။- အခန်းကိုကြည့်ပါ။ |
အဗရှလုံ၏အမှုထမ်းတို့သည်ထိုအိမ် သို့လာရောက်၍ထိုအမျိုးသမီးအား``အဟိ မတ်နှင့်ယောနသန်အဘယ်မှာနည်း'' ဟု မေး၏။ အမျိုးသမီးက``မြစ်တစ်ဘက်သို့ကူးသွား ကြပါသည်'' ဟုဖြေ၏။ အမှုထမ်းတို့သည်ထိုသူတို့ကိုရှာသော် လည်းမတွေ့သဖြင့် ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။-
မောရှေ၏ယောက္ခမမှဆင်းသက်လာသောကေနိ အမျိုးသားတို့သည်စွန်ပလွံပင်များပေါသည့် ယေရိခေါမြို့မှယုဒပြည်အာရဒ်မြို့တောင် ဘက်ရှိတောကန္တာရဒေသသို့ ယုဒအနွယ်ဝင် များနှင့်အတူထွက်ခွာသွားကြ၏။ ထိုနောက် သူတို့သည်အာမလက်အမျိုးသားတို့အထဲ တွင်အတည်တကျနေထိုင်ကြလေသည်။-
သူသည်ကေနိအမျိုးသားများအား``သင်တို့ သည်ဣသရေလအမျိုးသားတို့အီဂျစ်ပြည် မှထွက်လာကြစဉ်အခါက သူတို့အား ကျေးဇူးပြုခဲ့ကြပါ၏။ သို့ဖြစ်၍သင်တို့ အားငါမသတ်မိစေရန် အာမလက်အမျိုး သားတို့ထံမှတိမ်းရှောင်သွားကြလော့'' ဟု ကြိုတင်သတိပေးထား၏။ ထို့ကြောင့်ကေနိ အမျိုးသားတို့သည်တိမ်းရှောင်သွားကြ လေသည်။
ဒါဝိဒ်ကလည်း``အကျွန်ုပ်သည်အဘယ်အမှား ကိုပြုမိပါသနည်း။ အရှင်မိန့်ကြားသည့်အတိုင်း အရှင့်အမှုတော်ကိုစတင်ဆောင်ရွက်သည့်နေ့ မှစ၍ အကျွန်ုပ်အပေါ်တွင်အပြစ်တစ်စုံတစ် ရာမျှမတွေ့ရပါမူ အကျွန်ုပ်၏သခင်နှင့်ဘုရင် ဖြစ်သောကိုယ်တော်အတွက်အကျွန်ုပ်အဘယ် ကြောင့်လိုက်၍ ရန်သူတို့ကိုတိုက်ခိုက်ခွင့်မရ ပါသနည်း'' ဟုလျှောက်၏။