၁ ရာ 26:6Common Language Bibleထိုနောက်ဒါဝိဒ်သည်ဟိတ္တိအမျိုးသားအဟိ မလက်နှင့်ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲတို့အား``သင်တို့နှစ်ဦးအနက် အဘယ်သူသည်ရှောလု၏တပ်စခန်းသို့ ငါနှင့်အတူ လိုက်ပါမည်နည်း'' ဟုမေး၏။ အဘိရှဲက``အကျွန်ုပ်လိုက်ပါမည်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
ဂိဒေါင်၏သားအဘိမလက်သည်အဘယ်သို့ သေရသည်ကိုသင်တို့မမှတ်မိကြသလော။ သေဗက်မြို့တွင်အမျိုးသမီးတစ်ယောက်သည် မြို့ရိုးပေါ်မှကျိတ်ဆုံကျောက်ကိုပစ်ချလိုက် သဖြင့်သူသေခဲ့ရ၏။ သို့ဖြစ်၍သင်တို့သည် အဘယ်ကြောင့်မြို့ရိုးအနီးသို့ချဉ်းကပ်ကြ သနည်း' ဟုမေးတော်မူလိမ့်မည်။ ထိုသို့မင်း ကြီးမေးခဲ့သော်`အရှင့်တပ်မှူးဥရိယသည် လည်းကျဆုံးသွားပါ၏' ဟုပြန်လည်လျှောက် ထားလော့'' ဟုမှာကြားလိုက်လေသည်။
ထာဝရဘုရားသည်ရှုရိအမျိုးသားတို့ အားမြင်းစီးသူရဲများ၊ စစ်ရထားများဖြင့် တပ်မတော်ကြီးချီတက်လာသောအသံကို ကြားစေတော်မူသဖြင့် ရှုရိအမျိုးသားတို့ က``ငါတို့ကိုတိုက်ခိုက်ရန်ဣသရေလဘုရင် သည် ဟိတ္တိဘုရင်နှင့်အီဂျစ်ဘုရင်တို့ကိုစစ် ကူတောင်းလေပြီ'' ဟုအချင်းချင်းပြောဆို ကြ၏။-
သင်တို့ချီတက်သောအခါဘုရားသခင် သည်ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဟိဝိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဂိရ ဂါရှိအမျိုးသား၊ အာမောရိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ကိုမုချနှင်ထုတ် တော်မူမည်။ ကမ္ဘာမြေကြီးတစ်ခုလုံးကို အစိုးရတော်မူသောထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် သင်တို့ကိုရှေ့ ဆောင်၍ယော်ဒန်မြစ်ကိုဖြတ်ကူးသော အခါအသက်ရှင်တော်မူသောဘုရားသခင်သည်သင်တို့နှင့်အတူရှိတော်မူ သည်ကိုသင်တို့သိကြလိမ့်မည်။-