Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 26:25

Common Language Bible

ရှော​လု​က​လည်း``ငါ့​သား၊ သင့်​အား​ဘု​ရား​သ​ခင် ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ သင်​သည်​ပြု လေ​သ​မျှ​သော​အ​မှု​ကိစ္စ​တို့​တွင်​အောင်​မြင် ပါ​လိမ့်​မည်'' ဟု​ဒါ​ဝိဒ်​အား​မိန့်​တော်​မူ​၏။ ထို​နောက်​ဒါ​ဝိဒ်​သည်​ထွက်​ခွာ​၍​ရှော​လု​သည် နန်း​တော်​သို့​ပြန်​သွား​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​က``နောင်​တွင်​သင်​၏​နာမည်​ကို`ယာ​ကုပ်' ဟူ ၍​မ​ခေါ်​စေ​ရ။ သင်​သည်​ဘု​ရား​နှင့်​သော်​လည်း ကောင်း၊ လူ​နှင့်​သော်​လည်း​ကောင်း​ဆိုင်​ပြိုင်​၍​အ​နိုင် ရ​ခဲ့​သော​ကြောင့်​သင်​၏​နာ​မည်​မှာ`ဣ​သ​ရေ​လ' ဟူ​၍​ဖြစ်​ရ​မည်'' ဟု​ဆို​လေ​၏။

ထိုသို့သောသူ၏ စကားသည် ချိုသော်လည်း မယုံနှင့်။ သူ၏စိတ်နှလုံးထဲမှာ စက်ဆုပ်ရွံရှာဘွယ်သော အရာခုနစ်ပါးရှိ၏။

သို့​ရာ​တွင်​အ​ဘယ်​လက်​နက်​မျှ​သင့်​အား​အ​နာ​တ​ရ ဖြစ်​စေ​နိုင်​လိမ့်​မည်​မဟုတ်။ သင်​သည်​မိ​မိ​အား​ပြစ်​တင်​စွပ်​စွဲ​သူ​မှန်​သ​မျှ​ကို ပြန်​လည်​ချေ​ပ​နိုင်​လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​များ​ကာ​ကွယ်​စောင့်​ရှောက်​ရန် အောင်​ပွဲ​ကို​ပေး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ​သော စ​ကား​ပင်​ဖြစ်​သ​တည်း။

သူ​သည်​ကောင်း​ကင်​တ​မန်​နှင့်​ရန်​ဘက်​ပြု ၍​အ​နိုင်​ယူ​ခဲ့​သည်။ သူ​သည်​ငို​၍​ကောင်း​ချီး မင်္ဂ​လာ​ကို​တောင်း​ခံ​၏။ ဗေ​သ​လ​မြို့​တွင် ဘု​ရား​သ​ခင်​သည်​ယာ​ကုပ်​ထံ​သို့​ကြွ လာ​၍​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-

သို့​ဖြစ်​၍​အ​ဘယ်​သူ​သည်​ငါ​တို့​အား​ခ​ရစ် တော်​၏​မေတ္တာ​တော်​နှင့်​ကွဲ​ကွာ​စေ​နိုင်​မည်​နည်း။ ဒုက္ခ​ရောက်​ခြင်း၊ ကျဉ်း​ကျပ်​ခြင်း၊ အ​ညှဉ်း​ပန်း ခံ​ရ​ခြင်း၊ ငတ်​မွတ်​ခြင်း၊ ဆင်း​ရဲ​နွမ်း​ပါး​ခြင်း၊ ဘေး​အန္တ​ရာယ်​နှင့်​တွေ့​ခြင်း၊ ကွပ်​မျက်​ခံ​ရ​ခြင်း တို့​သည်​ကိုယ်​တော်​၏​မေတ္တာ​တော်​နှင့်​ငါ​တို့​ကို ကွဲ​ကွာ​စေ​နိုင်​မည်​လော။

မ​ကွဲ​မ​ကွာ​စေ​သည်​သာ​မ​က​ငါ​တို့​သည်​ထို အ​တွေ့​အ​ကြုံ​ခပ်​သိမ်း​တို့​နှင့်​ဆိုင်​ရာ​တွင် ငါ တို့​ကို​ချစ်​တော်​မူ​သော​အ​ရှင်​အား​ဖြင့်​အ​ထူး အောင်​မြင်​လျက်​ရှိ​ကြ​၏။-

လူ​သည်​မိ​မိ​ရန်​သူ​ကို​ဖမ်း​ဆီး​ရ​မိ​ပြီး နောက် ဘယ်​အ​ခါ​၌​ချမ်း​သာ​ပေး​ဖူး​ပါ သ​နည်း။ ယ​နေ့​ငါ့​အား​သင်​ပြု​သော​အ​မှု အ​တွက် ဘု​ရား​သ​ခင်​သင့်​ကို​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။-

သင်​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ​မည်​ကို လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သည်​သင်​၏ လက်​ဝယ်​ဆက်​လက်​တည်​မြဲ​နေ​မည်​ကို​လည်း ကောင်း​ယ​ခု​ငါ​အ​သေ​အ​ချာ​သိ​ပါ​၏။-

ဒါ​ဝိဒ်​သည်​က​တိ​ပြု​လေ​၏။ ထို​နောက်​ရှော​လု​သည်​မိ​မိ​၏​နန်း​တော်​သို့ ပြန်​၍ ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​သည်​မိ​မိ တို့​ပုန်း​အောင်း​ရာ​အ​ရပ်​သို့​ထွက်​သွား​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ