Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 26:21

Common Language Bible

ရှော​လု​က​လည်း``ငါ​မှား​လေ​ပြီ။ ငါ့​သား​ဒါ​ဝိဒ်၊ ငါ့​ထံ​သို့​ပြန်​ခဲ့​လော့။ သင်​သည်​ယ​နေ့​ည​ငါ​၏ အ​သက်​ကို​ချမ်း​သာ​ပေး​ခဲ့​သ​ဖြင့် ငါ​သည်​သင့် အား​နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ဘေး​အန္တ​ရာယ် ပြု​တော့​မည်​မ​ဟုတ်။ ငါ​သည်​မိုက်​မဲ​သူ​ဖြစ် ချေ​ပြီ။ အ​လွန်​ဆိုး​ရွား​သည့်​အ​မှု​ကို​ပြု​မိ လေ​ပြီ​တ​ကား'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​သည်​တပ်​မှူး​တစ်​ယောက်​နှင့်​လူ​ငါး ဆယ်​တပ်​ကို​နောက်​တစ်​ကြိမ်​စေ​လွှတ်​ပြန်​၏။ ထို​တပ်​မှူး​သည်​တောင်​ကုန်း​ပေါ်​သို့​တက်​၍ ဧ​လိ​ယ​ရှေ့​တွင်​ဒူး​ထောက်​လျက်``ဘု​ရား​သ​ခင်​၏​အ​စေ​ခံ၊ အ​ကျွန်ုပ်​နှင့်​အ​ကျွန်ုပ်​၏ တပ်​သား​တို့​ကို​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​၏​အ​သက်​ကို​ချမ်း​သာ​ပေး​တော်​မူ​ပါ။-

အ​ခြား​တပ်​မှူး​နှစ်​ယောက်​နှင့်​သူ​တို့​၏​တပ် သား​များ​သည် ကောင်း​ကင်​မှ​မီး​ကျ​၍​သေ ရ​ကြ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​ကို​သ​နား တော်​မူ​ပါ'' ဟု​တောင်း​ပန်​၏။

ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​တော်​အ​နက်​တစ်​စုံ တစ်​ယောက် သေ​ဆုံး​သွား​လျှင် ကိုယ်​တော်​အ​တွက်​ကြီး​မား​သော​ဆုံး​ရှုံး​မှု ဖြစ်​ပါ​သည်​တ​ကား။

အ​ဘယ်​ကြောင့်​ဆို​သော်​လူ​၏​အ​သက်​တန်​ဖိုး​သည် ကြီး​လွန်း​သော​ကြောင့်​ဖြစ်​၏။ သူ့​မှာ​အ​ဘယ်​အ​ခါ​၌​မျှ​အ​သက်​ဖိုး ပေး​နိုင်​စွမ်း​မ​ရှိ​သ​ဖြင့် အ​ဘယ်​သို့​လျှင်​ထာ​ဝ​စဉ်​အ​သက်​ရှင်​လျက် နေ​နိုင်​ပါ​မည်​နည်း။ အ​ဘယ်​သို့​လျှင်​သင်္ချိုင်း​တွင်း​သို့​မ​ဆင်း​ဘဲ နေ​နိုင်​ပါ​မည်​နည်း။

သူ​တို့​၏​အ​သက်​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် အ​ဖိုး​ထိုက်​သည်​အ​လျောက်​ဖိ​စီး​နှိပ်​စက်​မှု​နှင့် အ​ကြမ်း​ဖက်​မှု​များ​မှ​သူ​တို့​ကို​ကယ်​ဆယ် တော်​မူ​၏။

ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို​ခေါ်​ပြီး လျှင်``ဤ​တစ်​ကြိမ်​ငါ​ပြစ်​မှား​မိ​ပါ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည်​မှန်​ကန်​၍ ငါ​နှင့်​ငါ​၏​လူ​မျိုး​တို့ သည်​မှား​ပါ​၏။-

ထို​အ​ခါ​ဗာ​လမ်​က``အ​ကျွန်ုပ်​အ​ပြစ်​ကူး လွန်​မိ​ပါ​ပြီ။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​တား ဆီး​ရန်​လမ်း​ပေါ်​တွင်​ရပ်​နေ​သည်​ကို​အ​ကျွန်ုပ် မ​သိ​ပါ။ အ​ကျွန်ုပ်​အား​ခ​ရီး​ဆက်​၍​မ​သွား စေ​လို​လျှင်​အိမ်​သို့​ပြန်​ပါ​မည်'' ဟု​ဆို​လေ ၏။

``အ​ကျွန်ုပ်​သည်​အ​ပြစ်​ကင်း​သူ​ကို​သေ​စေ​ရန်​အပ် မိ​ပါ​ပြီ'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​သူ​တို့​က ``ဤ ကိစ္စ​သည်​ငါ​တို့​နှင့်​မည်​သို့​ဆိုင်​ပါ​သ​နည်း။ သင် ၏​တာ​ဝန်​သာ​ဖြစ်​၏'' ဟု​ပြန်​ပြော​ကြ​၏။-

ရှ​မွေ​လ​က``သင်​ပြု​သည့်​အ​မှု​သည်​မိုက်​မဲ သော​အ​မှု​ဖြစ်​၏။ သင်​သည်​မိ​မိ​၏​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့် တော်​ကို​နား​မ​ထောင်။ အ​ကယ်​၍​နား​ထောင် ခဲ့​ပါ​လျှင်​ကိုယ်​တော်​သည်​သင်​နှင့်​တ​ကွ သင်​၏​သား​မြေး​တို့​အား​ဣ​သ​ရေ​လ​ပြည် ကို​ထာ​ဝ​စဉ်​အုပ်​စိုး​စေ​တော်​မူ​မည်။-

ထို​အ​ခါ​ရှော​လု​က``မှန်​ပါ​၏။ အ​ကျွန်ုပ်​သည် အ​ပြစ်​ကူး​လွန်​မိ​ပါ​ပြီ။ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​လည်း​ကောင်း၊ အ​ရှင်​၏ ညွှန်​ကြား​ချက်​များ​ကို​လည်း​ကောင်း​လွန်​ဆန်​မိ ပါ​ပြီ။ မိ​မိ​၏​လူ​တို့​ကို​ကြောက်​သ​ဖြင့် အ​ကျွန်ုပ် သည်​သူ​တို့​၏​ဆန္ဒ​အ​တိုင်း​ပြု​မိ​ပါ​၏။-

ရှော​လု​က``အ​ကျွန်ုပ်​သည်​အ​ပြစ်​ကူး​လွန်​မိ​ပါ ပြီ။ သို့​ရာ​တွင်​ယုတ်​စွ​အ​ဆုံး​အ​ကျွန်ုပ်​၏​အ​မျိုး သား​ခေါင်း​ဆောင်​များ​ရှေ့​၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​၏​ရှေ့​၌​လည်း​ကောင်း အ​ကျွန်ုပ် ၏​ဂုဏ်​အ​သ​ရေ​မ​ပျက်​စေ​ဘဲ အ​ကျွန်ုပ်​သည်​အ​ရှင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်ပြု​ကိုး ကွယ်​နိုင်​ရန်​အ​ကျွန်ုပ်​နှင့်​အ​တူ​အ​ရှင်​ပြန်​၍ လိုက်​ခဲ့​ပါ'' ဟု​တောင်း​ပန်​၏။-

ဖိ​လိတ္တိ​စစ်​တပ်​များ​သည်​လာ​ရောက်​တိုက်​ခိုက် လေ့​ရှိ​ကြ​၏။ ဒါ​ဝိဒ်​သည်​တိုက်​ပွဲ​တိုင်း​၌​ပင် ရှော​လု​၏​အ​ခြား​တပ်​မ​တော်​အ​ရာ​ရှိ​များ ထက်​ပို​၍​အောင်​မြင်​သ​ဖြင့်​အ​လွန်​ထင်​ပေါ် ကျော်​စော​လာ​၏။

ထို​နောက်​ဒါ​ဝိဒ်​အား``သင်​သည်​မှန်​ကန်​၍ ငါ​သည်​မှား​ပါ​၏။ ငါ​သည်​သင့်​အား​ဆိုး ယုတ်​စွာ​ပြု​ခဲ့​သော်​လည်း သင်​သည်​ငါ့ ကို​ကျေး​ဇူး​ပြု​ပါ​သည်​တ​ကား။-

ဒါ​ဝိဒ်​က​ပြန်​၍​လျှောက်​ထား​သည်​မှာ ``အ​ရှင် မင်း​ကြီး၊ အ​ရှင့်​လှံ​တော်​သည်​ဤ​မှာ​ရှိ​ပါ​၏။ လူ​တစ်​ယောက်​ကို​စေ​လွှတ်​၍​ယူ​စေ​တော်​မူ​ပါ။-

ယ​နေ့​အ​ရှင်​၏​အ​သက်​ကို​အ​ကျွန်ုပ်​ချမ်း​သာ ပေး​ခဲ့​သည့်​နည်း​တူ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​၏​အသက်​ကို​ချမ်း​သာ​ပေး​၍ ဆင်း​ရဲ ဒုက္ခ​အ​ပေါင်း​မှ​ကယ်​ဆယ်​တော်​မူ​ပါ​စေ သော'' ဟူ​၍​ဖြစ်​၏။

ရှော​လု​သည်​ဂါ​သ​မြို့​သို့​ဒါ​ဝိဒ်​ထွက်​ပြေး ကြောင်း​ကြား​သိ​ရ​သော​အ​ခါ ဒါ​ဝိဒ်​အား ရှာ​ဖွေ​မှု​ကို​လက်​လျော့​လိုက်​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ