ရှောလုသည်ချက်ချင်းပင်မိမိ၏လက်ရွေး စင်စစ်သည်တော်သုံးထောင်နှင့်အတူ ဒါဝိဒ် ကိုရှာရန်ဇိဖတောကန္တာရသို့ချီတက်ပြီး လျှင်၊-
ကျွန်တော်မျိုးအားသတ်ဖြတ်လိုသူတို့သည် ကျော့ကွင်းများကိုထောင်ကြပါ၏။ ကျွန်တော်မျိုးအားဥပဒ်ပြုလိုသူတို့သည် ခြိမ်းခြောက်ပြောဆိုကြပါ၏။ သူတို့သည်ကျွန်တော်မျိုးအားလုပ်ကြံရန် အစဉ်မပြတ်ကြံစည်လျက်နေကြပါ၏။
ထိုနောက်ဒါဝိဒ်အား``သင်သည်မှန်ကန်၍ ငါသည်မှားပါ၏။ ငါသည်သင့်အားဆိုး ယုတ်စွာပြုခဲ့သော်လည်း သင်သည်ငါ့ ကိုကျေးဇူးပြုပါသည်တကား။-
ဣသရေလလက်ရွေးစင်စစ်သည်တော်သုံး ထောင်ကိုခေါ်၍ ဆိတ်ရိုင်းများနေရာကျောက် ဆောင်များတွင် ဒါဝိဒ်နှင့်အပေါင်းပါတို့ အားရှာဖွေရန်ထွက်ခွာသွားတော်မူသည်။-
မင်းကြီးသည်လမ်းအနီးရှိသိုးခြံများ အနားမှာဂူတစ်ခုကိုတွေ့သဖြင့် ကိုယ်လက် သုတ်သင်ရန်ဝင်တော်မူ၏။ ထိုဂူကားအခြား မဟုတ်၊ အတွင်းပိုင်းတွင်ဒါဝိဒ်တို့လူစု ပုန်းအောင်းနေသည့်ဂူပင်ဖြစ်သည်။