Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 26:16

Common Language Bible

အ​ချင်း​အာ​ဗ​နာ၊ သင်​သည်​ဝတ္တ​ရား​ပျက်​ကွက် ခဲ့​ပါ​သည်​တ​ကား။ ဘု​ရင်​အဖြစ်​ဘု​ရား​သ​ခင် ခန့်​ထား​တော်​မူ​သော​သင်​၏​အ​ရှင်​ကို သင်​သည် မ​စောင့်​ရှောက်​ခဲ့​သ​ဖြင့်​သင်​တို့​အား​လုံး​ပင် သေ​ဒဏ်​ခံ​သင့်​ကြောင်း အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ ကျိန်​ဆို​ပါ​၏။ ဘု​ရင်​၏​လှံ​တော်​သည် အ​ဘယ်​မှာ​ရှိ​သည်​ကို​ကြည့်​လော့။ ခေါင်း ရင်း​တော်​အ​နီး​တွင်​ထား​သည့်​ရေ​ဘူး​တော် ကား​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​မေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ဒါ​ဝိဒ်​သည်​ထို​သူ​ဌေး​အား​လွန်​စွာ အ​မျက်​ထွက်​သ​ဖြင့်``ဤ​သို့​သော​အ​မှု​ကို​ပြု​သူ သည်​သေ​ဒဏ်​ခံ​သင့်​ကြောင်း​အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန် ဆို​ပါ​၏။-

အ​ကျွန်ုပ်​ခ​မည်း​တော်​၏​အိမ်​ထောင်​စု​သား အ​ပေါင်း​တို့​သည် အ​ရှင်​၏​လက်​တွင်​ကွပ်​မျက် ခြင်း​ကို​ခံ​ထိုက်​သူ​များ​ဖြစ်​ပါ​၏။ သို့​သော် လည်း​အ​ရှင်​သည်​အ​ကျွန်ုပ်​အား​အ​ရှင့်​စား တော်​ပွဲ​တွင်​စား​သောက်​ခွင့်​ကို​ပေး​တော်​မူ ပါ​၏။ အ​ရှင်​မင်း​ကြီး​ထံ​မှ​အ​ဘယ်​အ​ရာ ကို​မျှ​ထပ်​မံ​အ​သ​နား​ခံ​ရန်​မ​ရှိ​တော့ ပါ'' ဟု​လျှောက်​လေ​၏။

ထို့​နောက်​ရှော​လ​မုန်​မင်း​သည် ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​အား``အာ​န​သုတ်​မြို့​ရှိ​သင်​၏ ကျေး​လက်​နေ​အိမ်​သို့​သွား​လော့။ သင်​သည် သေ​ဒဏ်​ခံ​ထိုက်​သူ​ဖြစ်​ပေ​သည်။ သို့​ရာ​တွင် သင်​သည်​ငါ​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​လက်​ထက်​၌ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သူ၊ မင်း​ကြီး​နှင့်​အ​တူ ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​ကို​ခံ​ခဲ့​သူ​ဖြစ်​သ​ဖြင့် ယ​ခု​သင့်​အား​ငါ​မ​သတ်​လို​ပြီ'' ဟု မိန့်​တော်​မူ​၏။-

အ​ကျဉ်း​သား​တို့​၏​ညည်း​ညူ​သံ​များ​ကို နား​ထောင်​တော်​မူ​၍​သေ​ဒဏ်​သင့်​သူ​တို့​အား ကိုယ်​တော်​ရှင်​၏​မ​ဟာ​တန်​ခိုး​တော်​ဖြင့် လွတ်​မြောက်​စေ​တော်​မူ​ပါ။

အ​မှန်​စင်​စစ်​ငါ​တို့​သည်​ထို​သူ​တို့​ကဲ့​သို့ ဇာ​တိ​၏​ဆွဲ​ဆောင်​ရာ​သို့​လိုက်​လျက် ကာ​ယ​၏ အ​လို​နှင့်​စိတ်​၏​အ​လို​အ​ရ​ပြု​ကျင့်​ခဲ့​ကြ​၏။ ငါ​တို့​သည်​ဇာ​တိ​သ​ဘော​အ​ရ​အ​ခြား​သူ တို့​နည်း​တူ ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကို ခံ​ထိုက်​သူ​များ​ဖြစ်​ခဲ့​ကြ​သည်။

ဒါ​ဝိဒ်​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး သင်​သည်​ဤ​တိုင်း​ပြည်​တွင်​အ​ဘယ်​အ​ခါ​၌ မျှ​ဘု​ရင်​မ​ဖြစ်​နိုင်​သည်​ကို​မ​သိ​ပါ​သ​လော။ ယ​ခု​ပင်​သွား​၍​သူ့​ကို​ခေါ်​ခဲ့​လော့။ သူ​သည် မု​ချ​သေ​ဒဏ်​ခံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

ထို့​ကြောင့်​မိ​မိ​၏​လူ​တို့​အား``ထာ​ဝ​ရ​ဘု​ရား ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်၊ ငါ​၏​သခင် အား​ဘေး​အန္တ​ရာယ်​မ​ပြု​မိ​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​ကို​ဆီး​တား​တော်​မူ​ပါ​စေ သော။ မင်း​ကြီး​သည်​ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​သော​ဘုရင်​ဖြစ်​သ​ဖြင့် ငါ​သည်​သူ့ အား​စိုး​စဉ်း​မျှ​ဘေး​အန္တရာယ်​မ​ပြု​အပ်'' ဟု ဆို​၏။-

ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​သည့်​ဘု​ရင်​ကို ဘေး​အန္တ​ရာယ်​မ​ပြုမိ​စေ​ရန် ငါ့​အား​ကိုယ်​တော် ဆီး​တား​တော်​မူ​ပါ​စေ​သော။ ငါ​တို့​သည်​မင်း ကြီး​၏​လှံ​တော်​နှင့်​ရေ​ဘူး​တော်​တို့​ကို​ယူ​၍ သွား​ကြ​ကုန်​အံ့'' ဟု​ဆို​၏။-

ဒါ​ဝိဒ်​က``အို အာ​ဗ​နာ၊ သင်​သည်​ဣ​သ​ရေ​လ ပြည်​တွင်​ခွန်​အား​အ​ကြီး​ဆုံး​သော​သူ​မ​ဟုတ် ပါ​လော။ သို့​ဖြစ်​၍​သင်​၏​အ​ရှင်​သ​ခင်​ဘု​ရင် မင်း​မြတ်​အား အ​ဘယ်​ကြောင့်​မ​ကာ​ကွယ်​မ​စောင့် ရှောက်​ဘဲ​နေ​ပါ​သ​နည်း။ ခု​တင်​က​ပင်​လျှင်​လူ တစ်​ယောက်​သည်​သင်​၏​အ​ရှင်​သ​ခင်​ကို​သတ် ရန်​တပ်​စ​ခန်း​ထဲ​သို့​ဝင်​ခဲ့​၏။-

သို့​ရာ​တွင်​ဒါ​ဝိဒ်​က``သင်​သည်​မင်း​ကြီး​အား ဘေး​အန္တ​ရာယ်​မ​ပြု​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​အား ဘေး အန္တ​ရာယ်​ပြု​သူ​မည်​သူ​ကို​မ​ဆို​ဧ​ကန်​မု​ချ အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ