၁ ရာ 26:10Common Language Bibleထာဝရဘုရားကိုယ်တော်တိုင်ပင်လျှင်ရှောလု အား ဋ္ဌမ္မတာအလျောက်သေချိန်ရောက်သည့်အခါ ၌ဖြစ်စေ၊ စစ်ပွဲတွင်ကျဆုံးသောအခါ၌ဖြစ် စေဒဏ်စီရင်တော်မူမည်ဖြစ်ကြောင်း အသက် ရှင်တော်မူသောထာဝရဘုရားအားဖြင့် ငါသိ၏။- အခန်းကိုကြည့်ပါ။ |
ဤအကြောင်းကြောင့်ရောဂါဘေး၊ ဝမ်းနည်းကြေကွဲခြင်းဘေး၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးများသည် သူ၏အပေါ်သို့တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။ သူသည်မီးရှို့ခြင်းကိုခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ့အား တရားစီရင်တော်မူသောထာဝရအရှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သတည်း'' ဟုဆို၏။
ရန်သူများကိုအရှင်ကိုယ်တိုင်သတ်ဖြတ်၍ လက် စားချေမှုကိုမပြုရန်ဆီးတားတော်မူသူမှာ ထာဝရဘုရားဖြစ်တော်မူပါ၏။ အရှင်၏ ရန်သူများသည်လည်းကောင်း၊ အရှင့်အားဘေး အန္တရာယ်ပြုလိုသူအပေါင်းတို့သည်လည်း ကောင်း နာဗလကဲ့သို့ပင်အပြစ်ဒဏ်စီရင် ခြင်းကိုခံရကြပါစေသောဟု အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကျွန်မကျိန်ဆိုပါ၏။-
ဒါဝိဒ်သည် နာဗလကွယ်လွန်ကြောင်းကြား သိရသောအခါ``ထာဝရဘုရားသည်မင်္ဂ လာရှိတော်မူပါစေသတည်း။ ကိုယ်တော် သည်နာဗလငါ့ကိုစော်ကားသည့်အတွက် လက်စားချေတော်မူ၍ကိုယ်တော်၏အစေခံ ငါ့ကိုလည်းမိုက်မှားမှုမပြုရန်ဆီးတား တော်မူပြီ။ ထာဝရဘုရားသည်နာဗလ ပြုသည့်ဒုစရိုက်အတွက် သူ့ကိုဒဏ်ခတ် တော်မူလေပြီ'' ဟုမြွက်ဆို၏။ ထိုနောက်ဒါဝိဒ်သည်အဘိဂဲလအား မိမိ နှင့်ထိမ်းမြားမင်္ဂလာပြုရန်လူလွှတ်၍စကား ကမ်းလှမ်းလိုက်လေသည်။-
မင်းကြီးသည်လက်နက်ဆောင်လူငယ်အား``ဤ ဘုရားမဲ့သူဖိလိတ္တိအမျိုးသားတို့သည်နှစ် ထောင်းအားရဖြစ်လျက် ငါ့ကိုညှင်းဆဲသတ် ဖြတ်မှုမပြုနိုင်စေရန် သင်သည်မိမိ၏ဋ္ဌား ကိုထုတ်၍ငါ့အားသတ်ပါလော့'' ဟုဆို၏။ သို့ရာတွင်ထိုလူငယ်သည်ကြောက်အားကြီး သဖြင့် မသတ်ရဲသောကြောင့်ရှောလုသည် မိမိ၏ဋ္ဌားကိုယူ၍ထောင်ပြီးလျှင် ထို ဋ္ဌားပေါ်တွင်လှဲချလျက်သေလေသည်။-