Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 25:5

Common Language Bible

က​ရ​မေ​လ​မြို့​သို့​လူ​ငယ်​လူ​ရွယ်​ဆယ်​ယောက် ကို​စေ​လွှတ်​ကာ``သင်​တို့​သည်​နာ​ဗ​လ​ကို​ရှာ​၍ ငါ့​ကိုယ်​စား​နှုတ်​ဆက်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

အိမ်​တော်​ဝန်​က``သင်​တို့​မ​စိုး​ရိမ်​ကြ​နှင့်။ မ ကြောက်​ကြ​နှင့်။ သင်​တို့​ဘု​ရား၊ သင်​တို့​အ​ဖ ၏​ဘု​ရား​သည်​စ​ပါး​အိတ်​များ​ထဲ​၌​သင်​တို့ အ​တွက် ထို​ငွေ​ကို​ထည့်​ခြင်း​ဖြစ်​ရ​မည်။ သင် တို့​ထံ​မှ​စပါး​ဖိုး​ငွေ​ကို​ကျွန်ုပ်​လက်​ခံ​ရ​ရှိ ပြီး​ဖြစ်​သည်'' ဟု​ဆို​လေ​၏။ ထို​နောက်​သူ​သည် ရှိ​မောင်​ကို​သူ​တို့​ထံ​သို့​ခေါ်​ထုတ်​ခဲ့​လေ​သည်။

ဘု​ရား​သ​ခင်​ထံ​တော်​မှ​ဝိ​ညာဉ်​တော်​သည် အာ​မ​သဲ​အ​ပေါ်​သို့​သက်​ရောက်​ကာ​နောင် အ​ခါ​၌ ရဲ​ဘော်​သုံး​ကျိပ်​တို့​၏​တပ်​မှူး ဖြစ်​လာ​သူ​အာ​မ​သဲ​က၊ ``ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​မင်း၊ကျွန်​တော်​တို့​သည် အ​ရှင်​၏​ဘက်​တော်​သား​များ​ဖြစ်​ကြ​ပါ​၏။ ဘု​ရား​သ​ခင်​သည်​အ​ရှင်​၏​ဘက်​၌​ရှိ​ပါ​၏။ အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​အား​ကူ​ညီ​ကြ​သူ​တို့ သည် အောင်​မြင်​ကြ​ပါ​စေ​သော'' ဟု​ဟစ်​အော် လျှောက်​ထား​၏။ ဒါ​ဝိဒ်​သည်​ထို​သူ​တို့​ကို​လက်​ခံ​လျက် မိ​မိ တပ်​တွင်​အ​ရာ​ရှိ​များ​အ​ဖြစ်​ခန့်​အပ်​လေ​၏။

တပ်​မှူး​အ​တွက်​ဒိန်​ခဲ​ဆယ်​လုံး​ကို​လည်း​ယူ ၍​သွား​ပါ​လေ။ သင်​၏​အစ်​ကို​များ​ကျန်း​မာ သည်​မ​ကျန်း​မာ​သည်​ကို​စုံ​စမ်း​ပြီး​လျှင် သူ​တို့​ကျန်း​မာ​စွာ​ရှိ​ကြောင်း​သက်​သေ​တစ် ခု​ခု​ကို​ယူ​ခဲ့​လော့။-

ဒါ​ဝိဒ်​သည်​မိမိ​ယူ​ဆောင်​လာ​သည့်​အ​စား​အ​စာ များ​ကို ရိက္ခာ​တာ​ဝန်​ခံ​ထံ​တွင်​အပ်​ထား​၍​စစ် မြေ​ပြင်​သို့​ပြေး​သွား​၏။ ထို​နောက်​မိ​မိ​၏ အစ်​ကို​များ​ထံ​သွား​ရောက်​နှုတ်​ဆက်​၏။-

ထို​အ​ကြောင်း​ကို​တော​ကန္တာ​ရ​ရှိ​ဒါ​ဝိဒ်​ကြား သိ​ရ​သ​ဖြင့်၊-

သူ့​အား​ဤ​သို့​ပြော​ကြား​လော့။ `ချစ်​မိတ်​ဆွေ၊ ဒါ​ဝိဒ်​သည်​သင့်​ကို​နှုတ်​ဆက်​လိုက်​ပါ​၏။ သင် နှင့်​တ​ကွ​သင်​၏​အိမ်​ထောင်​စု​သား​များ​သည် လည်း​ကောင်း၊ သင်​နှင့်​သက်​ဆိုင်​သူ​အ​ပေါင်း​တို့ သည်​လည်း​ကောင်း ကျန်း​မာ​ချမ်း​သာ​ကြ​စေ ရန်​ဆု​တောင်း​မေတ္တာ​ပို့​သ​လိုက်​ပါ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ