Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 25:33

Common Language Bible

လူ​သတ်​မှု​နှင့်​လက်​စား​ချေ​မှု​တို့​ကို​မ​ပြု​မိ စေ​ရန် သင်​သည်​ယ​နေ့​အ​မြော်​အ​မြင်​ကြီး​စွာ ဖြင့် ငါ့​အား​ဆီး​တား​ခဲ့​သည့်​အ​တွက်​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သူ​တော်​ကောင်း​သည်​ကျွန်​တော်​မျိုး​အား သ​နား​ကြင်​နာ​စွာ​ဒဏ်​ပေး​ခြင်း​ပြော​ဆို ဆုံး​မ​ခြင်း​ကို​ပြု​ပေ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​၏​ချီး​မြှင့်​ဂုဏ်​ပြု ခြင်း​ကို ခံ​ယူ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​အ​ပြစ် ဒု​စ​ရိုက်​နှင့်​ပတ်​သက်​၍ ကျွန်​တော်​မျိုး​အ​စဉ်​ပတ္ထနာ​ပြု​လျက်​နေ​သော ကြောင့် ဖြစ်​ပါ​၏။

သူ​သည်​ခိုး​သည့်​တိ​ရစ္ဆာန်​အ​တွက်​လျော်​ရ မည်။ သူ​၌​လျော်​စ​ရာ​မ​ရှိ​လျှင်​မိ​မိ​ကိုယ်​ကို ရောင်း​၍​လျော်​ကြေး​ပေး​ရ​မည်။ ခိုး​ရာ​ပါ​သိုး၊ နွား၊ မြည်း​ကို​သူ့​ထံ​၌​အ​ရှင်​တွေ့​ရ​လျှင်​သူ သည်​နှစ်​ဆ​ပြန်​လျော်​ရ​မည်။ ``အိမ်​ကို​ည​အ​ချိန်​ဖောက်​ထွင်း​နေ​သော​သူ​ခိုး ကို​သတ်​သော​သူ​သည် လူ​သတ်​မှု​ကို​ကူး​လွန် ရာ​မ​ရောက်​ချေ။ သို့​ရာ​တွင်​နေ့​အ​ချိန်​၌​ဖောက် ထွင်း​မှု​ကြောင့်​သူ​ခိုး​ကို​သတ်​လျှင် သတ်​သော သူ​သည်​လူ​သတ်​မှု​ကို​ကူး​လွန်​၏။

ပညာရှိသောသူ၏တရားသည် အသေခံရာ ကျော့ကွင်းတို့မှ၊ လွှဲရှောင်ရာအသက်စမ်းရေတွင်းဖြစ်၏။

မိုက်သောသူသည် ဒဏ်ချက်တရာကို အမှုထား သည်ထက်၊ ပညာရှိသောသူသည် ဆုံးမသော စကားကို သာ၍ အမှုထားတတ်၏။

ငွေစစ်စရာဘို့ မိုက်ရှိ၏။ ရွှေစစ်စရာဘို့ မီးဖို ရှိ၏။ လူကိုစစ်စရာဘို့ သူတပါးချီးမွမ်းခြင်းရှိ၏။

ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကို ခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တဖန် သာ၍ ကျေးဇူးကို ခံရလိမ့်မည်။

ပညာရှိသော သူကိုဆုံးမလျှင်၊ သူသည် သာ၍ ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ်တိုးပွါးလိမ့်မည်။

လူ​သည်​မိ​မိ​ရန်​သူ​ကို​ဖမ်း​ဆီး​ရ​မိ​ပြီး နောက် ဘယ်​အ​ခါ​၌​ချမ်း​သာ​ပေး​ဖူး​ပါ သ​နည်း။ ယ​နေ့​ငါ့​အား​သင်​ပြု​သော​အ​မှု အ​တွက် ဘု​ရား​သ​ခင်​သင့်​ကို​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။-

ရန်​သူ​များ​ကို​အ​ရှင်​ကိုယ်​တိုင်​သတ်​ဖြတ်​၍ လက် စား​ချေ​မှု​ကို​မ​ပြု​ရန်​ဆီး​တား​တော်​မူ​သူ​မှာ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ အ​ရှင်​၏ ရန်​သူ​များ​သည်​လည်း​ကောင်း၊ အ​ရှင့်​အား​ဘေး အန္တ​ရာယ်​ပြု​လို​သူ​အ​ပေါင်း​တို့​သည်​လည်း ကောင်း နာ​ဗ​လ​ကဲ့​သို့​ပင်​အ​ပြစ်​ဒဏ်​စီ​ရင် ခြင်း​ကို​ခံ​ရ​ကြ​ပါ​စေ​သော​ဟု အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ၍​ကျွန်​မ​ကျိန်​ဆို​ပါ​၏။-

အ​ရှင်​သည်​မိ​မိ​ပြု​ခဲ့​သည့်​လက်​စား​ချေ​မှု​နှင့် အ​ကြောင်း​မဲ့​သတ်​ဖြတ်​မှု​တို့​အ​တွက်​ဝမ်း​နည်း ရ​လိမ့်​မည်​မ​ဟုတ်​ပါ။ နောင်​တ​ရ​ရန်​အ​ကြောင်း လည်း​ရှိ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ရှင်​ပြု​သည့်​အ​မှု မှန်​သ​မျှ​ကို​ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး တော်​မူ​သော​အ​ခါ ကျွန်​တော်​မ​အား​သ​တိ​ရ တော်​မူ​ပါ။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ