Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 25:31

Common Language Bible

အ​ရှင်​သည်​မိ​မိ​ပြု​ခဲ့​သည့်​လက်​စား​ချေ​မှု​နှင့် အ​ကြောင်း​မဲ့​သတ်​ဖြတ်​မှု​တို့​အ​တွက်​ဝမ်း​နည်း ရ​လိမ့်​မည်​မ​ဟုတ်​ပါ။ နောင်​တ​ရ​ရန်​အ​ကြောင်း လည်း​ရှိ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ရှင်​ပြု​သည့်​အ​မှု မှန်​သ​မျှ​ကို​ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး တော်​မူ​သော​အ​ခါ ကျွန်​တော်​မ​အား​သ​တိ​ရ တော်​မူ​ပါ။''

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သင်​ပြန်​၍​ကောင်း​စား​လာ​သော​အ​ခါ​ကျွန်​တော် ကို​မ​မေ့​ပါ​နှင့်။ ဘု​ရင့်​ထံ​ကျွန်​တော်​အ​တွက် သံ​တော်​ဦး​တင်​၍​ဤ​ထောင်​ထဲ​မှ​လွတ်​မြောက် ရန်​ကူ​ညီ​ပေး​ပါ။-

ကိုယ်​တော်​သည်​ငါ့​အား​ရန်​သူ​များ​ကို​အောင် မြင်​ခွင့် ပေး​တော်​မူ​၏။ လူ​မျိုး​တ​ကာ​တို့​ကို​ငါ​၏​လက်​အောက်​သို့ ရောက်​စေ​တော်​မူ​လျက်၊

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ပြစ်​ပေး​ပိုင်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​ကို​ပေါ်​လွင်​ထင်​ရှား စေ​တော်​မူ​ပါ။

ထို​နောက်​သ​ခင်​ယေ​ရှု​အား ``အ​ရှင်​အုပ်​စိုး​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​ကို​သ​တိ ရ​တော်​မူ​ပါ'' ဟု​လျှောက်​၏။-

မိတ်​ဆွေ​တို့​ဘယ်​သော​အ​ခါ​မျှ​လက်​စား မ​ချေ​ကြ​နှင့်။ ဘု​ရား​သ​ခင်​က​သာ​အ​ပြစ် ဒဏ်​စီ​ရင်​တော်​မူ​ပါ​စေ။ ကျမ်း​စာ​တော်​တွင် ``ထာ​ဝ​ရ​ဘု​ရား​က `ငါ​သည်​လက်​စား​ချေ မည်။ အ​ပြစ်​နှင့်​အ​လျောက်​ငါ​ဆပ်​ပေး​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဖော်​ပြ​သည်။-

အ​သား​စား​ခြင်း၊ စ​ပျစ်​ရည်​သောက်​ခြင်း​စ သော​သင့်​ညီ​အစ်​ကို​အား​တိုက်​လဲ​စေ​ရန် မည်​သည်​ကို​မျှ​မ​ပြု​သင့်။-

ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထောက်​ခံ​၍​ဂုဏ်​ယူ​ဝါ ကြွား​စ​ရာ​တစ်​ခု​ကား ဤ​လော​က​၌​အ​သက် ရှင်​စဉ်​ကာ​လ​အ​ထူး​သ​ဖြင့် သင်​တို့​နှင့် ဆက်​ဆံ​ရာ​တွင်​လူ​၏​အ​သိ​ဉာဏ်​ကို​အ​မှီ မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် တန်​ခိုး​ကို​သာ​လျှင်​အ​မှီ​ပြု​၍ ငါ​တို့​သည် ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့် ပွင့်​လင်း​စွာ​ပြု​မူ ကျင့်​ကြံ​ခြင်း​ပင်​ဖြစ်​၏။-

အ​ကျွန်ုပ်​တို့​နှစ်​ဦး​အ​နက်​အ​ဘယ်​သူ​မှား သည်​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ဆုံး​ဖြတ်​တော် မူ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည်​ဤ​အ​မှု​ကို ကြည့်​ရှု​စစ်​ဆေး​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ် ၏​ဘက်​မှ​ချေ​ပ​တော်​မူ​၍​အ​ကျွန်ုပ်​အား အ​ရှင်​၏​လက်​မှ​ကယ်​တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​လေ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​မိမိ​က​တိ​ထား​တော်​မူ သ​မျှ​သော​ကောင်း​ကျိုး​ချမ်း​သာ​များ​ကို အ​ရှင် အား​မု​ချ​ပေး​တော်​မူ​၍​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဖြင့်​ဘိ​သိက်​သွန်း​တော်​မူ​သော​အ​ခါ၊-

လူ​သတ်​မှု​နှင့်​လက်​စား​ချေ​မှု​တို့​ကို​မ​ပြု​မိ စေ​ရန် သင်​သည်​ယ​နေ့​အ​မြော်​အ​မြင်​ကြီး​စွာ ဖြင့် ငါ့​အား​ဆီး​တား​ခဲ့​သည့်​အ​တွက်​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ပါ​၏။-

သူ​၏​အ​စေ​ခံ​တို့​သည်​က​ရ​မေ​လ​မြို့​သို့ သွား​ပြီး​လျှင် အ​ဘိ​ဂဲ​လ​အား``ဒါ​ဝိဒ်​သည် သ​ခင်​မ​နှင့်​ထိမ်း​မြား​လက်​ထပ်​လို​သ​ဖြင့် သ​ခင်​မ​အား​ခေါ်​ဆောင်​ခဲ့​ရန်​ကျွန်​တော်​တို့ အား​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု​ပြော​ကြား ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​သစ္စာ​စောင့်​သူ၊ ဖြောင့်​မှန် သူ​တို့​ကို​ဆု​တော်​လာဘ်​တော်​များ​ပေး​သ​နား တော်​မူ​ပါ​၏။ ယ​နေ့​ကိုယ်​တော်​သည်​အ​ရှင့်​အား အ​ကျွန်ုပ်​လက်​သို့​ပေး​အပ်​တော်​မူ​ခဲ့​သော်​လည်း အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက်​ပေး တော်​မူ​သော​ဘု​ရင်​အား​ဘေး​အန္တ​ရာယ်​မ​ပြု ခဲ့​ပါ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ