Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 25:23

Common Language Bible

အ​ဘိ​ဂဲ​လ​သည်​ဒါ​ဝိဒ်​ကို​မြင်​လျှင်​ဆော​လျင် စွာ​မြည်း​ပေါ်​မှ​ဆင်း​၍ ဒါ​ဝိဒ်​၏​ခြေ​ရင်း​တွင် မြေ​ပေါ်​သို့​လှဲ​ချ​ကာ ဤ​သို့​လျှောက်​၏။ ``အ​ရှင်၊ ကျေး​ဇူး​ပြု​၍​ကျွန်​မ​၏​စ​ကား​ကို​နား​ထောင် တော်​မူ​ပါ။ ဖြစ်​ခဲ့​သ​မျှ​အ​မှု​အ​တွက်​ကျွန်​မ ကို​ပင်​အ​ပြစ်​တင်​တော်​မူ​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

နောက်​တစ်​နေ့​၌ ရှော​လု​၏​တပ်​စ​ခန်း​မှ​လူ​ငယ် တစ်​ယောက်​သည် ဝမ်း​နည်း​ကြေ​ကွဲ​သည့်​လက္ခ​ဏာ ဖြင့် မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​ကာ ဦး​ခေါင်း ကို​မြေ​မှုန့်​ကြဲ​ဖြန့်​လျက်​ရောက်​လာ​၏။ သူ​သည် ဒါ​ဝိဒ်​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင်​မြေ​ပေါ်​မှာ ပျပ်​ဝပ်​ရှိ​ခိုး​လေ​၏။-

ထို​အ​မျိုး​သ​မီး​သည်​ဘု​ရင့်​ထံ​သို့​သွား​၍ ပျပ်​ဝပ်​ရှိ​ခိုး​လျက်``အ​ရှင်​မင်း​ကြီး​ကျွန်​တော် မ​အား​ကယ်​တော်​မူ​ပါ'' ဟု​လျှောက်​၏။

အ​ဟိ​မတ်​သည်​မင်း​ကြီး​အား​နှုတ်​ခွန်း​ဆက် သ​ပြီး​လျှင် ရှေ့​တော်​၌​မြေ​ပေါ်​သို့​လှဲ​ချ ပျပ်​ဝပ်​ကာ``သူ​ပုန်​တို့​အ​ပေါ်​တွင်​အ​ရှင်​မင်း ကြီး​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သော​အ​ရှင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​မင်္ဂ လာ​ရှိ​တော်​မူ​စေ​သ​တည်း'' ဟု​လျှောက်​၏။

ရှော​လု​၏​မြေး​ယော​န​သန်​၏​သား​မေ​ဖိ​ဗော ရှက်​သည်​ရောက်​ရှိ​လာ​သော​အ​ခါ ဒါ​ဝိဒ်​၏ ရှေ့​တွင်​ရို​သေ​စွာ​ပျပ်​ဝပ်​လျက်​နေ​၏။ ဒါ​ဝိဒ် က``မေ​ဖိ​ဗော​ရှက်'' ဟု​ခေါ်​လျှင်​မေ​ဖိ​ဗော ရှက်​က``ကိုယ်​တော့်​ကျွန်​ရှိ​ပါ​သည်'' ဟု​ထူး လေ​၏။

အ​ရော​န​သည်​ချဉ်း​လာ​သော​ဒါ​ဝိဒ်​မင်း ကို​မြင်​လျှင် ကောက်​နယ်​ရာ​မှ​ထွက်​လာ​၍ မြေ​သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ်​လေ​၏။-

ထိမ်း​မြား​မင်္ဂ​လာ​နေ့​၌​သြ​သံ​ယေ​လ​သည် အာ​ခ​သ​အား​သူ​၏​ဖ​ခင်​ထံ​မှ​လယ်​တစ် ကွက်​တောင်း​ရန်​တိုက်​တွန်း​လေ​သည်။ အာ​ခ​သ သည်​မြည်း​ပေါ်​မှ​ဆင်း​လိုက်​၏။ ထို​အ​ခါ ကာ​လက်​က​သူ​၏​သ​မီး​အား``မည်​သည့် အ​ရာ​ကို​အ​လို​ရှိ​သ​နည်း'' ဟု​မေး​လျှင်-

မင်္ဂ​လာ​ဆောင်​သော​နေ့​၌​သြ​သံ​ယေ​လ​သည် အာ​ခ​သ​အား​သူ​၏​ဖ​ခင်​ထံ​တွင်​လယ်​မြေ တစ်​ကွက်​ကို​တောင်း​ခံ​စေ​၏။ အာ​ခ​သ​သည် မြည်း​အ​ပေါ်​မှ​ဆင်း​လိုက်​သော​အ​ခါ​ကာ​လက် က``အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​ပါ​သ​နည်း'' ဟု​မေး​လျှင်၊-

ရု​သ​သည်​မြေ​သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ် လျက် ဗော​ဇ​အား``အ​ရှင်​သည်​အ​ဘယ်​ကြောင့် ကျွန်​မ​ကဲ့​သို့​နိုင်​ငံ​ခြား​သူ​တစ်​ဦး​ကို ဤ​မျှ ဂ​ရု​တ​စိုက်​ပြု​၍​သ​နား​ကြင်​နာ​ပါ​သ​နည်း'' ဟု​ဆို​လျှင်၊

သူ​ငယ်​ထွက်​သွား​သော​အ​ခါ ဒါ​ဝိဒ်​သည် ကျောက်​ပုံ နောက်​မှ​ထွက်​လာ​ပြီး​လျှင်​ဒူး​ထောက်​၍ ယော န​သန်​အား​သုံး​ကြိမ်​တိုင်​တိုင်​ပျပ်​ဝပ်​ဦး ညွှတ်​၏။ ထို​နောက်​သူ​တို့​သည်​အ​ချင်း​ချင်း ဖက်​နမ်း​ငို​ကြွေး​ကြ​၏။ ဒါ​ဝိဒ်​၏​ကြေ​ကွဲ မှု​သည် ယော​န​သန်​၏​ကြေ​ကွဲ​မှု​ထက်​ပင် ပို​မို​ပြင်း​ထန်​လေ​သည်။-

ထို​အ​ခါ​ဒါ​ဝိဒ်​သည်​လိုက်​၍​ထွက်​ပြီး​လျှင်``အ ရှင်​မင်း​ကြီး'' ဟု​ဟစ်​ခေါ်​လိုက်​၏။ ရှော​လု​လှည့် ၍​ကြည့်​သော​အ​ခါ​ဒါ​ဝိဒ်​သည်​ရို​သေ​စွာ မြေ​ပေါ်​တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊-

အ​ဘိ​ဂဲ​လ​သည် မြေ​သို့​တိုင်​အောင်​ဦး​ညွှတ် ပြီး​လျှင်``ကျွန်​မ​သည်​ထို​သခင်​၏​အ​စေ​ခံ ဖြစ်​သ​ဖြင့် သူ့​အ​စေ​ခံ​များ​၏​ခြေ​ကို​ပင် ဆေး​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု​ဆို​ကာ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ