ထိုအခါဒါဝိဒ်သည်လိုက်၍ထွက်ပြီးလျှင်``အ ရှင်မင်းကြီး'' ဟုဟစ်ခေါ်လိုက်၏။ ရှောလုလှည့် ၍ကြည့်သောအခါဒါဝိဒ်သည်ရိုသေစွာ မြေပေါ်တွင်ဦးညွှတ်ပျပ်ဝပ်လျက်၊-
အာဗြံသည်မျက်နှာကိုမြေကြီးနှင့်ထိအောင် ပျပ်ဝပ်၍ နေစဉ်ဘုရားသခင်က၊-
ဗာသရှေဘသည်ဦးညွတ်ပျပ်ဝပ်လျက်``ကျွန်မ ၏သခင် အရှင်မင်းကြီးသည်သက်တော်ရှည် ပါစေသော'' ဟုမြွက်ဆိုလေ၏။
``သင်၏ဘုရားသခင်ထာဝရဘုရားပေး တော်မူမည့်ပြည်တွင် အသက်ရှည်စွာနေထိုင် နိုင်ရန်သင်၏မိဘကိုရိုသေလော့။
သို့ဖြစ်၍အစိုးရမင်းအားသင်တို့ပေးဆောင် ထိုက်သည်ကိုပေးဆောင်ကြလော့။ ပေးဆောင်စရာ ရှိသမျှသောအခွန်များကိုပေးဆောင်ကြလော့။ အာဏာပိုင်ရှိသမျှတို့အားရိုသေလေးစား ကြလော့။
ခပ်သိမ်းသောသူတို့ကိုလေးစားကြလော့။ ယုံကြည် သူတို့ကိုချစ်ကြလော့။ ဘုရားသခင်ကိုကြောက်ရွံ့ ကြလော့။ ဘုရင်ဧကရာဇ်မင်းအားရိုသေကြလော့။
သူငယ်ထွက်သွားသောအခါ ဒါဝိဒ်သည် ကျောက်ပုံ နောက်မှထွက်လာပြီးလျှင်ဒူးထောက်၍ ယော နသန်အားသုံးကြိမ်တိုင်တိုင်ပျပ်ဝပ်ဦး ညွှတ်၏။ ထိုနောက်သူတို့သည်အချင်းချင်း ဖက်နမ်းငိုကြွေးကြ၏။ ဒါဝိဒ်၏ကြေကွဲ မှုသည် ယောနသန်၏ကြေကွဲမှုထက်ပင် ပိုမိုပြင်းထန်လေသည်။-
သို့ဖြစ်၍ရှောလုအားတိုက်ခိုက်ရန်မသင့် ကြောင်း မိမိ၏လူတို့ကိုဒါဝိဒ်ကကောင်း စွာနားလည်သဘောပေါက်စေလေသည်။ ရှောလုသည်ထ၍ဂူမှထွက်သွားလေ၏။-
ဤသို့လျှောက်တင်၏။ ``အကျွန်ုပ်သည်အရှင့် အားဘေးအန္တရာယ်ပြုရန်ကြိုးစားနေသည် ဟု လူတို့ပြောဆိုကြသောစကားကိုအရှင် အဘယ်ကြောင့်ယုံတော်မူပါသနည်း။-
ရှောလုသည်ဒါဝိဒ်၏အသံကိုမှတ်မိသဖြင့်``သင် သည်ငါ့သားဒါဝိဒ်ပေလော'' ဟုမေးတော်မူ၏။ ဒါဝိဒ်က``မှန်လှပါအရှင်မင်းကြီး၊-
ရှောလုက``ထိုသူသည်အဘယ်သို့အဆင်း သဏ္ဌာန်ရှိပါသနည်း'' ဟုမေးတော်မူ၏။ အမျိုးသမီးက``ထိုသူသည်အိုမင်းသူတစ် ဦးဖြစ်၍ဝတ်လုံကိုခြုံထားပါ၏'' ဟုဖြေ ကြား၏။ ထိုအခါရှောလုသည်ရှမွေလ ဖြစ်ကြောင်းကိုသိသဖြင့် ရိုသေစွာမြေသို့ ဦးညွှတ်လျက်နေ၏။