ဣသရေလလက်ရွေးစင်စစ်သည်တော်သုံး ထောင်ကိုခေါ်၍ ဆိတ်ရိုင်းများနေရာကျောက် ဆောင်များတွင် ဒါဝိဒ်နှင့်အပေါင်းပါတို့ အားရှာဖွေရန်ထွက်ခွာသွားတော်မူသည်။-
ထာဝရဘုရားသည်ငါ၏ကယ်တင်ရှင် ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။
သင်သည် တောဆိတ်မွေးရသောကာလကို သိသလော။ သမင်ဒရယ်မ သားဘွားခြင်းဝေဒနာခံရ သောအချိန်ကို မှတ်နိုင်သလော။
တောဆိတ်တို့သည်တောင်မြင့်များပေါ်တွင် နေကြပါ၏။ ခွေးတူဝက်တူတို့သည် ကျောက်တောင်စောင်းများတွင်ခိုအောင်း ကြပါ၏။
သူတို့ကိုအစိုးရသောမင်းတို့သည် ချောက်ကမ်းပါးပေါ်မှပစ်ချခြင်းကို ခံရကြသောအခါ လူတို့သည်ကျွန်တော်မျိုး၏စကားများ မှန်ကန်ကြောင်းကိုဝန်ခံကြပါလိမ့်မည်။
သူယုတ်မာသည်သူတော်ကောင်းအားချောင်းမြောင်း၍ သတ်ရန်ကြိုးစားတတ်၏။
ကျွန်တော်မျိုးအားသတ်ဖြတ်လိုသူတို့သည် ကျော့ကွင်းများကိုထောင်ကြပါ၏။ ကျွန်တော်မျိုးအားဥပဒ်ပြုလိုသူတို့သည် ခြိမ်းခြောက်ပြောဆိုကြပါ၏။ သူတို့သည်ကျွန်တော်မျိုးအားလုပ်ကြံရန် အစဉ်မပြတ်ကြံစည်လျက်နေကြပါ၏။
ရှောလုသည်ဒါဝိဒ်ကိုဆက်၍လိုက်လံဖမ်း ဆီးမှုမပြုတော့ဘဲ ဖိလိတ္တိအမျိုးသား တို့အားတိုက်ခိုက်ရန်ချီသွားတော်မူ၏။ ထို အရပ်တွင်သူတို့နှစ်စုအားခွဲခြားထား သည်ကိုအကြောင်းပြု၍ ထိုအရပ်ကို``ခွဲ ခြားထားသောတောင်'' ဟုခေါ်ဝေါ်သမုတ် ကြသတည်း။-
ရှောလုသည်ချက်ချင်းပင်မိမိ၏လက်ရွေး စင်စစ်သည်တော်သုံးထောင်နှင့်အတူ ဒါဝိဒ် ကိုရှာရန်ဇိဖတောကန္တာရသို့ချီတက်ပြီး လျှင်၊-