Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 24:16

Common Language Bible

ဤ​သို့​ဒါ​ဝိဒ်​လျှောက်​ထား​ပြီး​သော​အ​ခါ ရှော​လု​က``သင်​သည်​အ​ကယ်​ပင်​ငါ​၏​သား ဒါ​ဝိဒ်​ပေ​လော'' ဟု​ဆို​၍​ငို​ကြွေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​စာ​ရဲ​က​အာ​ဗြံ​အား``ကိုယ်​တော်​ကြောင့် ဟာ​ဂ​ရ​သည် ကျွန်​မ​အား​မ​ထီ​လေး​စား​ပြု​ပါ ပြီ။ ကျွန်​မ​က​သူ့​ကို​ကိုယ်​တော်​ထံ​အပ်​၍ သူ​၌ ပ​ဋိ​သန္ဓေ​စွဲ​ကြောင်း​သိ​သည်​နှင့် ကျွန်​မ​အား မ​ထီ​လေး​စား​ပြု​လာ​ပါ​သည်။ ကိုယ်​တော်​နှင့် ကျွန်​မ​တို့​နှစ်​ဦး​အ​တွက် တ​ရား​သ​ဖြင့်​ဖြစ် စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​ပါ​စေ'' ဟု​ဆို​၏။

ဆ​ဋ္ဌ​မ​နေ့​၌​ဘု​ရား​သ​ခင်​သည် မိ​မိ​ဖန်​ဆင်း ခြင်း​အ​မှု​အ​လုံး​စုံ​ပြီး​စီး​၍ သတ္တ​မ​နေ့​၌ ရပ်​နား​တော်​မူ​၏။-

ထို​အ​ခါ​ဧ​သော​သည်​ပြေး​၍​ယာ​ကုပ်​ကို​ဖက် ယမ်း​နမ်း​ရှုပ်​လေ​သည်။ သူ​တို့​နှစ်​ဦး​ငို​ကြွေး​ကြ ၏။-

ဘု​ရား​သ​ခင်​ထံ​တော်​မှ​ဝိ​ညာဉ်​တော်​သည် အာ​မ​သဲ​အ​ပေါ်​သို့​သက်​ရောက်​ကာ​နောင် အ​ခါ​၌ ရဲ​ဘော်​သုံး​ကျိပ်​တို့​၏​တပ်​မှူး ဖြစ်​လာ​သူ​အာ​မ​သဲ​က၊ ``ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​မင်း၊ကျွန်​တော်​တို့​သည် အ​ရှင်​၏​ဘက်​တော်​သား​များ​ဖြစ်​ကြ​ပါ​၏။ ဘု​ရား​သ​ခင်​သည်​အ​ရှင်​၏​ဘက်​၌​ရှိ​ပါ​၏။ အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​အား​ကူ​ညီ​ကြ​သူ​တို့ သည် အောင်​မြင်​ကြ​ပါ​စေ​သော'' ဟု​ဟစ်​အော် လျှောက်​ထား​၏။ ဒါ​ဝိဒ်​သည်​ထို​သူ​တို့​ကို​လက်​ခံ​လျက် မိ​မိ တပ်​တွင်​အ​ရာ​ရှိ​များ​အ​ဖြစ်​ခန့်​အပ်​လေ​၏။

မှန်သောစကားသည် တန်ခိုးကြီး၏။ သင်တို့ ကဲ့ရဲ့သောစကားသည် အဘယ်မှာနေရာကျသနည်း။

ကွန်​တော်​မျိုး​၏​အ​မှု​တွင်​ကွန်​တော်​မျိုး​၏​ဘက်​မှ ခေ​ပ​တော်​မူ​၍ ကွန်​တော်​မျိုး​အား​လွတ်​ငြိမ်း​ခမ်း​သာ​ခွင့် ရ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။

ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ် ၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော် တတ်၏။

အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ရန်​သူ​များ မ​ငြင်း​ခုံ​မ​ခု​ခံ​နိုင်​အောင်​သင်​တို့​အား​နှုတ် သတ္တိ၊ ဉာဏ်​သတ္တိ​ကို​ငါ​ပေး​မည်​ဖြစ်​သော​ကြောင့် တည်း။-

သို့​ရာ​တွင်​သ​တေ​ဖန်​သည်​ဝိ​ညာဉ်​တော်​ချ​ပေး သည့်​အ​သိ​ပ​ညာ​နှင့်​ပြော​ဆို​သ​ဖြင့် ထို​သူ တို့​သည်​သူ့​အား​ချေ​ပ​နိုင်​စွမ်း​မ​ရှိ​ကြ။-

ငါ​သည်​သင့်​အား​အ​ဘယ်​သို့​မျှ​မ​ပြစ်​မှား။ သင်​သာ​လျှင်​ငါ့​အား​စစ်​တိုက်​ခြင်း​ဖြင့် အ​မှား​ကို​ပြု​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား သူကြီး​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​နှင့်​အမ္မုန်​အ​မျိုး​သား တို့​စပ်​ကြား​၌ ယ​နေ့​တ​ရား​စီ​ရင်​ဆုံး ဖြတ်​တော်​မူ​ပါ​လိမ့်​မည်။-''

ရှော​လု​သည်​ဒါ​ဝိဒ်​၏​အ​သံ​ကို​မှတ်​မိ​သ​ဖြင့်``သင် သည်​ငါ့​သား​ဒါ​ဝိဒ်​ပေ​လော'' ဟု​မေး​တော်​မူ​၏။ ဒါ​ဝိဒ်​က``မှန်​လှ​ပါ​အ​ရှင်​မင်း​ကြီး၊-

ယ​နေ့​အ​ရှင်​၏​အ​သက်​ကို​အ​ကျွန်ုပ်​ချမ်း​သာ ပေး​ခဲ့​သည့်​နည်း​တူ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​၏​အသက်​ကို​ချမ်း​သာ​ပေး​၍ ဆင်း​ရဲ ဒုက္ခ​အ​ပေါင်း​မှ​ကယ်​ဆယ်​တော်​မူ​ပါ​စေ သော'' ဟူ​၍​ဖြစ်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ