၁ ရာ 24:14Common Language Bibleဣသရေလဘုရင်သည်မည်သူ့ကိုသတ်ဖြတ် ရန် လိုက်လံဖမ်းဆီးနေပါသနည်း။ ခွေးသေ ကောင်ခွေးလှေးတို့ကိုလော။- အခန်းကိုကြည့်ပါ။ |
ယင်းသို့ပြစ်တင်စွပ်စွဲသည်ကိုအာဗနာသည် လွန်စွာစိတ်ဆိုးသဖြင့်``ငါသည်ရှောလုအား သစ္စာဖောက်မည်ဟုထင်မှတ်ပါသလော။ ငါသည် ယုဒပြည်၏အကျိုးအတွက်ဆောင်ရွက်နေသူ ဟုမှတ်ယူပါသလော။ အစမူလကပင်ငါ သည်သင်၏ခမည်းတော်ရှောလု၏အပေါ်၌ လည်းကောင်း၊ သူ၏ညီအစ်ကိုများ၊ မိတ်ဆွေ များအပေါ်၌လည်းကောင်းသစ္စာစောင့်ခဲ့၏။ သင့်အားလည်းဒါဝိဒ်လက်တွင်းသို့မကျ ရောက်စေရန်ဆီးတားခဲ့၏။ သို့ပါလျက် ယနေ့သင်သည်ငါ့အားမိန်းမမှုနှင့်ပြစ် တင်စွပ်စွဲပါသည်တကား။-
ဒါဝိဒ်သည်မိမိ၏အိမ်ထောင်စုသားတို့အား နှုတ်ဆက်ရန်နန်းတော်သို့ပြန်သောအခါ ရှောလု ၏သမီးတော်မိခါလသည်သူ့အားကြိုဆို ရန်ထွက်လာ၏။ မိခါလက``ပေါ့ပျက်သူအ ရှက်မဲ့အဝတ်လှစ်သည့်နည်းတူအရာရှိတို့ ၏ကျွန်မိန်းမတို့ရှေ့တွင်မိမိကိုယ်ကိုအဝတ် လှစ်သောဣသရေလဘုရင်သည်ယနေ့ အလွန်ဘုန်းကြီးပါသည်တကား'' ဟု ဆို၏။