၁ ရာ 24:10Common Language Bibleယခုပင်လျှင်ထာဝရဘုရားသည်အရှင့် အား အကျွန်ုပ်၏လက်သို့အပ်တော်မူခဲ့ကြောင်း အရှင်ကိုယ်တိုင်သိမြင်နိုင်ပါ၏။ အကျွန်ုပ်၏ လူအချို့တို့ကအရှင့်အားအသတ်ခိုင်း ကြပါ၏။ သို့ရာတွင်အကျွန်ုပ်သည်အရှင် ၏အတွက်စိတ်မကောင်းဖြစ်သဖြင့် အရှင့် ကိုစိုးစဉ်းမျှဘေးအန္တရာယ်မပြုလိုပါ။ အဘယ်ကြောင့်ဆိုသော် အရှင်သည်ထာဝရ ဘုရားဘိသိက်ပေးတော်မူသောဘုရင် ဖြစ်သောကြောင့်ဖြစ်ပါ၏။- အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်၏လူတို့က``ထာဝရဘုရားသည်ရန် သူအား အရှင်၏လက်သို့ပေးအပ်တော်မူမည် ဟူ၍လည်းကောင်း၊ သူ့အားအရှင်အလိုရှိ သလိုပြုနိုင်လိမ့်မည်ဟူ၍လည်းကောင်း မိန့် တော်မူခဲ့သည့်အတိုင်းယခုအရှင်အခွင့် ကောင်းကြုံပါပြီ'' ဟုဆိုကြ၏။ ဒါဝိဒ်သည် ရှောလုရှိရာသို့သွားကာ ရှောလု၏ဝတ်လုံ ကိုတိတ်တဆိတ်လှီးဖြတ်လိုက်၏။-