Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 23:3

Common Language Bible

သို့​ရာ​တွင်​ဒါ​ဝိဒ်​၏​အ​ပေါင်း​ပါ​တို့​က``ဤ ယု​ဒ​ပြည်​တွင်​ပင်​လျှင်​အ​ကျွန်ုပ်​တို့​ကြောက် လန့်​လျက်​နေ​ရ​ကြ​ပါ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား တို့​ကို​သွား​ရောက်​တိုက်​ခိုက်​ပါ​မူ ပို​၍​ပင်​အ​ခြေ အ​နေ​ဆိုး​ရွား​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​တွင်​ခို​လှုံ ပါ​၏။ ``တိုင်း​ပြည်​ငြိမ်​ဝပ်​ပိ​ပြား​မှု​မ​ရှိ​သော​အ​ခါ သူ​တော်​ကောင်း​တို့​သည်​အ​ဘယ်​သို့​မျှ​မ​တတ် နိုင်။ သူ​ယုတ်​မာ​တို့​သည်​သူ​တော်​ကောင်း​တို့​ကို ချောင်း​မြောင်း​ပစ်​ခတ်​ရန်​လေး​ကို​တင်​၍​မြား​ကို ချိန်​ရွယ်​လျက်​နေ​လေ​ပြီ။ ထို​ကြောင့်``တောင်​ပေါ်​သို့​ငှက်​ကဲ့​သို့ ပျံ​တက်​လော့'' ဟု ငါ့​အား​သင်​တို့​ပြော​ဆို​ကြ​သည်​မှာ​လွန်​စွာ မိုက်​မဲ​လေ​စွ​တ​ကား။

ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရ​မိ၊အ​ကယ်​၍​သင်​သည် လူ​တို့​နှင့်​အ​ပြေး​ပြိုင်​ရာ​တွင်​မော​ပန်း​နေ​ပါ​မူ မြင်း​များ​နှင့်​အ​ဘယ်​သို့​အ​ပြေး​ပြိုင်​နိုင်​မည် နည်း။ သင်​သည်​လွင်​ပြင်​တွင်​လဲ​နေ​လျှင်​ယော်​ဒန်​မြစ် အ​နီး​ရှိ တော​အုပ်​များ​၌​အ​ဘယ်​သို့​ခံ​ရပ်​နိုင်​မည်​နည်း။

ဒါ​ဝိဒ်​သည်​မိ​မိ​၏​အ​သက်​အန္တရာယ်​ကို ရှော​လု​ရှာ​ကြံ​ကြောင်း​သိ​မြင်​၏။ ဒါ​ဝိဒ်​သည်​ဇိ​ဖ​တော​ကန္တာ​ရ​ရှိ​ဟော​ရေ​ရှ အ​ရပ်​သို့​ရောက်​ရှိ​နေ​စဉ်၊-

ထာ​ဝ​ရ​ဘု​ရား​အား``ကျွန်​တော်​မျိုး​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို​သွား​ရောက်​တိုက် ခိုက်​ရ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``သွား​လော့။ သူ​တို့​ကို တိုက်​ခိုက်​၍ ကိ​လ​မြို့​ကို​ကယ်​တင်​လော့'' ဟု​မိန့်​တော်​မူ​၏။

သူ​ပုန်း​အောင်း​နေ​သည့်​အ​ရပ်​များ​ကို​တိ​ကျ သေ​ချာ​စွာ​မှတ်​သား​ပြီး​မှ ငါ့​ထံ​သို့​ချက် ချင်း​သ​တင်း​ပေး​ပို့​လော့။ ထို​အ​ခါ​သင်​တို့ နှင့်​အ​တူ​ငါ​လိုက်​၍​ရှာ​ဖွေ​မည်။ ဒါ​ဝိဒ်​သည် ယု​ဒ​ပြည်​တွင်​ရှိ​နေ​သေး​လျှင် ငါ​သည်​ယု​ဒ ပြည်​တစ်​လျှောက်​လုံး​ကို​ပင်​လိုက်​လံ​ရှာ​ဖွေ ရ​စေ​ကာ​မူ​သူ့​ကို​မိ​အောင်​ဖမ်း​မည်'' ဟု မိန့်​တော်​မူ​၏။

ရှော​လု​နှင့်​တပ်​သား​များ​က​တောင်​တစ်​ဘက် တွင်​ရှိ​၍ ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​က​အ​ခြား တစ်​ဘက်​တွင်​ရှိ​ကြ​၏။ ရှော​လု​နှင့်​တပ်​သား တို့​သည်​ဒါ​ဝိဒ်​တို့​လူ​စု​အား​ဖမ်း​မိ​ခါ​နီး ပြီ​ဖြစ်​၍ ဒါ​ဝိဒ်​တို့​လူ​စု​သည်​လွတ်​မြောက် ရန်​ကြိုး​စား​နေ​စဉ်၊-

ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​တစ်​ဖန် လျှောက်​ထား​မေး​မြန်း​ပြန်​၏။ ထာ​ဝ​ရ​ဘု​ရား က``ကိ​လ​မြို့​သို့​သွား​ရောက်​တိုက်​ခိုက်​လော့။ ငါ သည်​သင့်​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အ​ပေါ် တွင်​အောင်​ပွဲ​ခံ​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ