Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 23:17

Common Language Bible

``မ​ကြောက်​ပါ​နှင့်။ ငါ​၏​ခ​မည်း​တော်​ရှော​လု သည်​သင့်​အား အ​ဘယ်​သို့​မျှ​ဘေး​အန္တ​ရာယ် ပြု​နိုင်​လိမ့်​မည်​မ​ဟုတ်​ပါ။ သင်​သည်​ဣ​သ ရေ​လ​ဘု​ရင်​ဖြစ်​မည်​ကို​လည်း​ကောင်း၊ ငါ သည်​သင်​၏​ညာ​လက်​ရုံး​ဖြစ်​မည်​ကို​လည်း ကောင်း​သူ​ကောင်း​စွာ​သိ​ပါ​၏'' ဟု​ပြော ကြား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဖြစ်​၍ ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။ လူ​သည် ငါ့​ကို​အ​ဘယ်​သို့​ပြု​နိုင်​ပါ​သနည်း။

ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီး သော ကိုးစားရာအခွင့်ကိုဖြစ်စေတတ်၏။ သားတော်တို့ သည်လည်း ၊ ခိုလှုံရာအရပ်ကို ရကြလိမ့်မည်။

လူသည်အထူးထူး အပြားပြား ကြံစည်တတ်၏။ သို့ရာတွင်၊ ထာဝရဘုရား၏အကြံတော်သည် တည်လိမ့် မည်။

နွမ်း​နယ်​လျက်​ရှိ​သည့်​လက်​တို့​ကို​လည်း​ကောင်း၊ အား​နည်း​တုန်​လှုပ်​လျက်​နေ​သည့် ဒူး​တို့​ကို​လည်း​ကောင်း​အား​ဖြည့်​၍​ပေး​ကြ​လော့။

စိတ်​ပျက်​အား​လျော့​၍​နေ​သူ​အ​ပေါင်း​တို့​အား ``ကြံ့​ခိုင်​မှု​ရှိ​ကြ​လော့။ မ​ကြောက်​ကြ​နှင့်​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​ကယ်​ဆယ်​ရန် ကြွ​လာ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏​ရန်​သူ​များ​အား​လည်း လက်​စား​ချေ​တော်​မူ​လိမ့်​မည်'' ဟု ပြော​ကြား​ကြ​လော့။

မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ အ​ဘယ်​အ​မှု​အ​ရာ​ကို​မျှ​ငါ​တို့​အား​တုန်​လှုပ် ချောက်​ချား​မှု​မ​ဖြစ်​စေ​နှင့်။ ငါ​သည်​သင်​တို့​အား​ကြံ့​ခိုင်​စေ​၍​ကူ​မ​မည်။ သင်​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ကယ်​တင်​မည်။

ထာ​ဝ​ရ​ဘု​ရား​က ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊သင်​တို့​၏​အ​မျိုး​သည် သေး​ငယ်​၍ ချည့်​နဲ့​သော်​လည်း၊ မ​ကြောက်​ကြ​နှင့်၊သင်​တို့​ကို​ငါ​ကူ​မ​တော်​မူ မည်။ သင်​တို့​ကို​ကယ်​တင်​တော်​မူ​သော​အ​ရှင်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင် ငါ​ပင်​ဖြစ်​ပေ​သည်။

သို့​ရာ​တွင်​အ​ဘယ်​လက်​နက်​မျှ​သင့်​အား​အ​နာ​တ​ရ ဖြစ်​စေ​နိုင်​လိမ့်​မည်​မဟုတ်။ သင်​သည်​မိ​မိ​အား​ပြစ်​တင်​စွပ်​စွဲ​သူ​မှန်​သ​မျှ​ကို ပြန်​လည်​ချေ​ပ​နိုင်​လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​များ​ကာ​ကွယ်​စောင့်​ရှောက်​ရန် အောင်​ပွဲ​ကို​ပေး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ​သော စ​ကား​ပင်​ဖြစ်​သ​တည်း။

``သိုး​စု​ငယ်၊ မ​ကြောက်​နှင့်။ သင်​တို့​၏​အ​ဖ သည်​သင်​တို့​အား​နိုင်​ငံ​တော်​ကို​ပေး​ရန် အ​လို​ရှိ​တော်​မူ​၏။-

ရော​မ​မြို့​သို့​ရောက်​ကြ​သော​အ​ခါ​ပေါ​လု သည် တစ်​ကိုယ်​တည်း​အ​စောင့်​စစ်​သား​တစ်​ယောက် နှင့်​အ​တူ​နေ​ခွင့်​ရ​ရှိ​၏။

သူ​တို့​ကြံ​စည်​ပြု​လုပ်​သော​အ​မှု​ကိစ္စ​သည် လူ​မှ​ဖြစ်​ခဲ့​သော်​ထို​အ​ကြံ​အ​စည်​အ​မှု ကိစ္စ​သည်​ပျက်​ရ​မည်။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​မှ​ဖြစ်​ပါ​မူ ထို​သူ​တို့​ကို​မ​ဖျက် နိုင်​သည့်​ပြင်​ဘု​ရား​သ​ခင်​အား​သင်​တို့ ဆန့်​ကျင်​ရာ​ရောက်​အံ့'' ဟု​ဆို​၏။ ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် ဂါ​မ​လျေ​လ​၏​အ​ကြံ​ပေး​ချက်​ကို​လက်​ခံ ပြီး​လျှင်၊-

ယ​ခု​သင်​တို့​ထံ​သို့​လာ​ရောက်​နိုင်​မည်​ဟု​မျှော်​လင့် ပါ​၏။ ငါ​သည်​စ​ပိန်​ပြည်​သို့​ခ​ရီး​သွား​စဉ်​သင်​တို့ ထံ​သို့​ဝင်​ရောက်​လည်​ပတ်​ရန်​အ​ကြံ​ရှိ​ပါ​၏။ သင် တို့​ထံ​တွင်​ခေတ္တ​မျှ​တည်း​ခို​လည်​ပတ်​ပြီး​နောက် စ​ပိန်​ပြည်​သို့​ဆက်​လက်​ခ​ရီး​ပြု​နိုင်​ရန်​ငါ့​အား ကူ​ညီ​မ​စ​ကြ​စေ​လို​ပါ​သည်။-

ထို့​ကြောင့်၊ ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​မ​စ​တော်​မူ သော​အ​ရှင် ဖြစ်​တော်​မူ​သ​ဖြင့် ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။ လူ​သည်​ငါ့​ကို​အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း'' ဟု ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​နှင့်​ပြော​ဆို​ကြ စို့။

ဒါ​ဝိဒ်​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး သင်​သည်​ဤ​တိုင်း​ပြည်​တွင်​အ​ဘယ်​အ​ခါ​၌ မျှ​ဘု​ရင်​မ​ဖြစ်​နိုင်​သည်​ကို​မ​သိ​ပါ​သ​လော။ ယ​ခု​ပင်​သွား​၍​သူ့​ကို​ခေါ်​ခဲ့​လော့။ သူ​သည် မု​ချ​သေ​ဒဏ်​ခံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

သင်​၏​အ​သက်​အန္တ​ရာယ်​ကို​ရှာ​ကြံ​သော​သူ သည် ငါ​၏​အ​သက်​အန္တ​ရာယ်​ကို​လည်း​ရှာ​ကြံ ၏။ သို့​ရာ​တွင်​သင်​သည်​ငါ​နှင့်​အ​တူ​နေ​လျှင် လုံ​ခြုံ​လိမ့်​မည်'' ဟု​ဆို​၏။

လူ​သည်​မိ​မိ​ရန်​သူ​ကို​ဖမ်း​ဆီး​ရ​မိ​ပြီး နောက် ဘယ်​အ​ခါ​၌​ချမ်း​သာ​ပေး​ဖူး​ပါ သ​နည်း။ ယ​နေ့​ငါ့​အား​သင်​ပြု​သော​အ​မှု အ​တွက် ဘု​ရား​သ​ခင်​သင့်​ကို​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။-

သင်​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ​မည်​ကို လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သည်​သင်​၏ လက်​ဝယ်​ဆက်​လက်​တည်​မြဲ​နေ​မည်​ကို​လည်း ကောင်း​ယ​ခု​ငါ​အ​သေ​အ​ချာ​သိ​ပါ​၏။-

သို့​ရာ​တွင်​ငါ​၏​နာမည်​နှင့်​ငါ့​အိမ်​ထောင်​စု​နာ မည်​သည်​လုံး​ဝ​ပျောက်​ကွယ်​၍​မ​သွား​စေ​ရန် သင်​သည်​ငါ့​သား​မြေး​တို့​အား​အ​သက်​ချမ်း သာ​ပေး​ပါ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​တိုင်​တည်​၍​ငါ့​အား​က​တိ​ပြု​ပါ လော့'' ဟု​ဆို​လျှင်၊-

ဒါ​ဝိဒ်​၏​လူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​ရန် သူ​အား အ​ရှင်​၏​လက်​သို့​ပေး​အပ်​တော်​မူ​မည် ဟူ​၍​လည်း​ကောင်း၊ သူ့​အား​အ​ရှင်​အ​လို​ရှိ သ​လို​ပြု​နိုင်​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း မိန့် တော်​မူ​ခဲ့​သည့်​အ​တိုင်း​ယ​ခု​အ​ရှင်​အ​ခွင့် ကောင်း​ကြုံ​ပါ​ပြီ'' ဟု​ဆို​ကြ​၏။ ဒါ​ဝိဒ်​သည် ရှော​လု​ရှိ​ရာ​သို့​သွား​ကာ ရှော​လု​၏​ဝတ်​လုံ ကို​တိတ်​တ​ဆိတ်​လှီး​ဖြတ်​လိုက်​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​မိမိ​က​တိ​ထား​တော်​မူ သ​မျှ​သော​ကောင်း​ကျိုး​ချမ်း​သာ​များ​ကို အ​ရှင် အား​မု​ချ​ပေး​တော်​မူ​၍​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဖြင့်​ဘိ​သိက်​သွန်း​တော်​မူ​သော​အ​ခါ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ