Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 22:8

Common Language Bible

ယင်း​သို့​ထင်​မှတ်​သ​ဖြင့်​သင်​တို့​သည် ငါ့ အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​လျက် နေ​ကြ​သ​လော။ ငါ​၏​သား​တော်​ကိုယ်​တိုင် ပင်​လျှင် ဒါ​ဝိဒ်​နှင့်​မ​ဟာ​မိတ်​ဖွဲ့​ထား​သည့် အ​ကြောင်း​ကို သင်​တို့​တစ်​စုံ​တစ်​ယောက်​မျှ ငါ့​အား​မ​ပြော​ကြ။ ငါ့​အား​ကြင်​နာ​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ ငါ​၏​ငယ်​သား တစ်​ဦး​ဖြစ်​သူ​ဒါ​ဝိဒ်​သည်​ငါ့​အား​လုပ် ကြံ​ရန်​အ​ခွင့်​ကောင်း​ကို ယ​ခု​ပင်​ရှာ​လျက် နေ​ကြောင်း​ကို​သော်​လည်း​ကောင်း၊ သူ့​အား ငါ​၏​သား​တော်​က​အား​ပေး​အား​မြှောက် ပြု​ခဲ့​ကြောင်း​ကို​သော်​လည်း​ကောင်း အ​ဘယ် သူ​မျှ​ငါ့​အား​မ​ပြော​ကြ'' ဟု​မိန့်​တော် မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ရှု​ရိ​ဘု​ရင်​သည်​လွန်​စွာ​စိတ်​ပူ​ပန်​သ​ဖြင့် မိ​မိ​၏ တပ်​မှူး​များ​ကို​ခေါ်​၍``သင်​တို့​အ​နက်​အ​ဘယ် သူ​သည် ဣ​သ​ရေ​လ​ဘု​ရင်​ဘက်​သို့​ပါ​နေ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

ဘုရားသခင်သည် လူ၏နားကို ဖွင့်၍ ဆုံးမပေး တော်မူတတ်၏။

ရှော​လု​နှင့်​ဒါ​ဝိဒ်​တို့​စ​ကား​ပြော​ပြီး​သည့် နောက်​ရှော​လု​၏​သား​ယော​န​သန်​သည် ဒါ​ဝိဒ် အ​ပေါ်​တွင်​လွန်​စွာ​ချစ်​ခင်​စွဲ​လန်း​လျက် သူ့​အား​မိ​မိ​ကိုယ်​နှင့်​အ​မျှ​ချစ်​လာ​၏။-

ယော​န​သန်​သည်​ဒါ​ဝိဒ်​ကို​လွန်​စွာ​ချစ်​သ​ဖြင့် သူ​နှင့်​ရာ​သက်​ပန်​မိတ်​ဆွေ​ဖွဲ့​ရန်​ကျိန်​ဆို က​တိ​ပြု​လေ​သည်။-

ယော​န​သန်​က``ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်။ သင် သည်​မ​သေ​ရ​ပါ။ ကျွန်ုပ်​၏​ခ​မည်း​တော်​သည် အ​မှု​ကြီး​ငယ်​မှန်​သ​မျှ​ကို​မ​ပြု​မီ​ကျွန်ုပ် အား​ပြော​ပြ​တတ်​ပါ​၏။ ကျွန်ုပ်​ထံ​မှ​အ​ဘယ် အ​ရာ​ကို​မျှ​ဖုံး​ကွယ်​ထား​လေ့​မ​ရှိ​ပါ။ သင့် ကို​သတ်​မည်​ဆို​သည်​မှာ​မ​ဖြစ်​နိုင်​ပါ'' ဟု ဆို​၏။

ထို​အ​ခါ​ယော​န​သန်​က``ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​စေ​သော။ ငါ​တို့ နှစ်​ယောက်​သည်​လည်း​ကောင်း၊ ငါ​တို့​သား​မြေး များ​သည်​လည်း​ကောင်း​ငါ​တို့​တစ်​ယောက်​ကို တစ်​ယောက်​ပြု​ခဲ့​သည့်​က​တိ​သစ္စာ​ကို ထာ​ဝ​စဉ် မ​ပျက်​မ​ကွက်​စောင့်​ထိန်း​နိုင်​ကြ​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​မု​ချ​ကူ​မ​တော်​မူ​ပါ လိမ့်​မည်'' ဟု​ဆို​၏။ ထို​နောက်​ဒါ​ဝိဒ်​ထွက်​ခွာ သွား​၏။ ယော​န​သန်​သည်​လည်း​မြို့​ထဲ​သို့ ပြန်​လေ​၏။

ကျွန်ုပ်​အား​ကျေး​ဇူး​ပြု​ပါ။ သင်​နှင့်​ကျွန်ုပ်​ပြု ထား​ကြ​သည့်​သစ္စာ​က​တိ​ကို​လည်း​တည်​မြဲ စေ​ပါ။ သို့​ရာ​တွင်​အ​ကယ်​၍​ကျွန်ုပ်​မှာ​အပြစ် ရှိ​ခဲ့​သော် သင်​ကိုယ်​တိုင်​ပင်​ကျွန်ုပ်​အား​သတ် ပါ​လော့။ အ​ဘယ်​ကြောင့်​သင့်​ခ​မည်း​တော် လက်​သို့​အပ်​ပါ​တော့​မည်​နည်း'' ဟု​ဆို​၏။

ရှော​လု​က``သင်​နှင့်​ဒါ​ဝိဒ်​သည်​အ​ဘယ်​ကြောင့် ငါ့​အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​ကြ​သ​နည်း။ သင်​သည်​အ​ဘယ်​ကြောင့်​သူ့​အား​ရိက္ခာ​နှင့်​ဋ္ဌား ကို​ပေး​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ​၏​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​လျှောက်​ထား​ပေး​ပါ သနည်း။ ယ​ခု​သူ​သည်​ငါ့​ကို​တော်​လှန်​လျက် နေ​လေ​ပြီ။ ငါ့​အား​သတ်​ရန်​အ​ခွင့်​ကောင်း ကို​စောင့်​ဆိုင်း​လျက်​နေ​ပါ​သည်​တ​ကား'' ဟု မိန့်​တော်​မူ​၏။

ရှော​လု​က``ဤ​သို့​ငါ့​အ​ပေါ်​တွင်​က​ရု​ဏာ ထား​ကြ​သည့်​အ​တွက် သင်​တို့​အား​ထာ​ဝ​ရ ဘုရား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ