တစ်နေ့သ၌ရှောလုသည်ဂိဗာမြို့သို့ရောက် ရှိလာ၏။ မင်းကြီးသည်လှံကိုကိုင်လျက်တောင် ကုန်းပေါ်ရှိအင်ကြင်းပင်အောက်တွင် အရာရှိ များခြံရံကာထိုင်လျက်နေတော်မူ၏။-
အာဗြဟံသည်ဗေရရှေဘအရပ်တွင်မန် ကျည်းတစ်ပင်ကိုစိုက်၍အစဉ်အမြဲတည် တော်မူသော ဘုရားသခင်တည်းဟူသော ထာဝရဘုရားကိုတိုင်တည်၍ဝတ်ပြု ကိုးကွယ်လေ၏။-
သူသည်ဧဖရိမ်တောင်ကုန်းဒေသတွင်ရာမ မြို့နှင့် ဗေသလမြို့စပ်ကြားရှိစွန်ပလွံပင် အောက်၌ထိုင်၍နေလေ့ရှိ၏။ ဣသရေလ အမျိုးသားတို့သည်လည်းအဆုံးအဖြတ် ကိုခံယူရန် ထိုအရပ်သို့သွားရောက်လေ့ ရှိကြ၏။-
နောက်တစ်နေ့၌ဘုရားသခင်၏ထံတော်မှ နတ်မိစ္ဆာသည်ရှောလုကိုပူးဝင်သဖြင့် သူသည် သူရူးသဖွယ်နန်းတော်တွင်းဝယ်ဟစ်အော် လျက်နေ၏။ ရှောလုသည်လှံတန်ကိုကိုင် ထားပြီးလျှင်၊-
တစ်နေ့သ၌ထာဝရဘုရားထံတော်မှ နတ် မိစ္ဆာသည်ရှောလုအားပူးဝင်လာ၏။ ရှောလု သည်လှံတံတော်ကိုကိုင်၍နန်းတော်တွင် ထိုင်လျက်နေတော်မူ၏။ ဒါဝိဒ်ကားစောင်း တီးလျက်နေ၏။-
ရှောလုသည်ယောနသန်အားထိမှန်စေရန် လှံတံတော်နှင့်ပစ်လိုက်လေသည်။ ထိုအခါ ယောနသန်သည် မင်းကြီးအကယ်ပင်ဒါဝိဒ် အားသတ်ရန်စိတ်ပိုင်းဖြတ်ထားတော်မူ ကြောင်းကိုသိလေ၏။-
ထိုနောက်အရိုးတို့ကိုကောက်ယူ၍မြို့ရှိ မန်ကျည်းပင်အောက်တွင်မြှုပ်နှံပြီးနောက် ခုနစ်ရက်တိုင်တိုင်အစာရှောင်ကြ၏။ ဋ္ဌမ္မရာဇဝင်ပထမစောင်ပြီး၏။